ကချင်ပြည်နယ် မလိ-အင်မိုင်ဇွပ် (မြစ်ဆုံ) စီမံကိန်း တွင်
ဧရာမမြွေကြီးတစ်ကောင်အား တရုတ်အလုပ် သမားများ သတ်ဖြတ်ခဲ့ပြီးနောက်
မြန်မာအစိုးရ သမ္မတ ဦးသိန်းစိန်၏ မြစ်ဆုံရေကာတာစီမံကိန်း ရပ်ဆိုင်းရန်
သတင်း ထွက်ပေါ်လာသည်။
၄၈ ပေခွဲ ရှည်ပြီး ၅ ပေ လုံးပတ်ရှိသည့် မြွေကြီးအား စီမံကိန်း ဧရိယာထဲ ဂျွမ်ဘွမ်တောင် (Jum Bum)တွင် လမ်းဖောက်လုပ်နေသော တရုတ်အလုပ်သမားများ မြေအောက်တွင်းတစ်ခုမှာတွေ့ရှိပြီး စက်တင်ဘာ ၂၂ ရက်နေ့က သတ်ဖြတ်ခဲ့သည်ဟု မျက်မြင်များပြောသည်။
တရုတ်အစိုးရပိုင် China Power Investment Corporation (CPI) ကုမ္ပဏီ အလုပ်သမားများက ၎င်းမြွေကြီး၏ ဦးခေါင်းကို မြေတူးစက်(backhoe) ကော်ဖြင့် ထိုးသတ်လိုက်ခြင်းဖြစ်သည်ဟုမျက်မြင် များပြောပါသည်။
CPI အလုပ်သမားများက ၎င်းမြွေကြီး အသေကောင်ကိုလည်း တရုတ်နိုင်ငံသို့ ယူဆောင်သွားကြောင်း ဒေသခံများပြောသည်။
ဧရာဝတီမြစ် မလိ-အင်မိုင်ဇွပ် (မြစ်ဆုံ) စီမံကိန်းမှာ ယခုကဲ့သို့ ဧရာမ မြွေကြီးသတ်ဖြတ်ခြင်း ဖြစ်ရပ်သည် “ရေကာတာစီမံကိန်း၏ မကောင်းသော နိမိတ်လက္ခဏာ တစ်ခုအဖြစ်” ဒေသခံကချင်များ ရှုမြင်ကြသည်ဟု သိရသည်။
မြွေကြီးသတ်ဖြတ်ခံရပြီး (၈) ရက်အကြာ စက်တင်ဘာ (၃၀) တွင် “ပြည်သူအများစု အပြင်းအထန် ကန့်ကွက်နေသည့် ဧရာဝတီ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းအား ၎င်းတို့အစိုးရလက်ထက်တွင်ရပ်ဆိုင်း ထားရန်” လွှတ်တော်သို့ သမ္မတ ဦးသိန်းစိန်ပြောဆိုလာသည်။

ဧရာမမြွေကြီးတစ်ကောင် သတ်ဖြတ်ပြီးနောက် မြစ်ဆုံစီမံကိန်း ရပ်ဆိုင်း
Reviewed by သစ်ထူးလွင်
on
00:19
Rating:
3 comments:
ဒီလောက်ကြီးတဲ့မြွေကြီးကို သတ်လိုက်တာ နှမျောစရာကြီးနော်..၊ ပြီးတော့ အဲဒီလောက်ရှိတဲ့မြွေကို မသတ်သင့်ဘူး။ စိတ်ထဲတမျိုးပဲ... မြွေကို သတ်တာ မကြိုက်ဘူး..:(
ပြည်ကြီးတရုတ်တွေကို ပြင်းပြင်းထန်ထန်ဆန့်ကျင်ရမယ်.အကုန်
ဖျက်စီးပစ်မှာ ၊ သူတို့အကျိုးစီးပွားကလွဲပြီး ဘယ်သူ့မျက်နှာမှကြည့်
မှာမဟုတ်ဘူး ၊ စီမံကိန်းတွေလာလုပ်တဲ့တရုတ်တွေကိုချောင်း
မြောင်းသတ်ဖြတ်တာတွေကိုလုပ်ရမယ်၊ ဖျက်ဆီးတာတွေလုပ်ရ
မယ်၊ ဒီလို နှစ်ချို့တိရဆ္တန်တွေကိုလည်းသေချာထိမ်းသိမ်းထားပေး
ရမယ်..ကမ္ဘာမှာတောင် အဲလောက်ကြီးတဲ့မြွေ ရှိလို့လား၊ တရုတ်
က " တယုတ် " ဖြစ်နေတာ ဗမာပြည်အပေါ်မှာ လူဝါးဝနေတာ
ကြာပြီ၊ တယုတ်စီမံကိန်းအားလုံးကို လုံးဝ ရပ်သင့်တယ်၊ အကုန်
လုံးကို ရပ်စဲရမယ်..ဒီလိုပဲနားလည်တယ်..ဗမာပြည်ထဲကိုတရား
မ၀င်ဝင်ရောက်ပြီး မူးယစ်ဆေးဝါးလုပ်နေတဲ့..မှောင်ခိုလုပ်ပြီး
စီးပွားဖြစ်နေတဲ့ ပြည်ကြီး တယုတ် များကို ပြတ်ပြတ်သားသား
ဆန့်ကျင်သင့်တယ်၊ ပြည်ကြီး တယုတ်ကို လင်တော်ချင်တဲ့
တိုင်းရင်းသားအမျိုးသမီးတွေကလည်း စည်းကမ်းရှိသင့်ပြီ၊
ကျွန်တော် မြွေကြီးကို ကြည့်ချင်ပါတယ် ပုံက ဘယ်လိုမှ မထင်ဘူး
လိုင်းမကောင်းလို့လား အတက်ခ်ျ ပြန်လုပ်စရာလိုလို့လား ဖြစ်နိုင်ရင် ပြန်တင် ပေးပါလို့ တောင်းဆိုပါတယ်။ ကျေးဇူး အများကြီး တင်ပါတယ်။
Post a Comment