သောတရှင်နှင့် ပရိသတ်ကို ဂရုမစိုက်ပဲ လျစ်လျူရှုရင်တော့ သတင်းဌာနနဲ.သတင်းထောက်တွေကို ဆုံးမဖိုက လွယ်ပါသည်
သောတရှင်တွေ ပရိသတ်အသံ Audience/Reader ကို ဂရုမစိုက်ပဲ ထင်ရာဆိုင်းချင်တဲ့ သတင်းသမား အထူးသဖြင့် ပြည်ပ သတင်းဌာနတွေကို ဆုံးမနိုင်သည့် နည်းလမ်းတွေ အများအပြားရှိပါသည်။ အထူးသဖြင့် ကိုယ့်ခြေထောက်ပေါ်ကိုယ် မရပ်တည်နိုင်သေးတဲ့ ပြည်ပ သတင်းဌာနတွေအနေဖြင့် နောက်ကနေ ငွေပေးပြီး အားပေးထောက်ခံနေသည့် အရှင်တွေ Master တွေ သိအောင် တရားဝင် စာရေးပြီး ဆုံးမလို.ရပါသည်။ အချက်အလက်တွေ မမှန်မကန်ရေးသားပြီး Factually wrong, Misleading and Misinformation တွေ ဖြန်.ချီရင် ဆုံးမရမည် ဖြစ်ပါသည်။
သတင်းအချက်အလက်တွေ မမှန်ဘူးဆိုရင် လွဲမှားစွာ ရေးသား ဖြန်ချီနေရင် သက်ဆိုင်ရာ သတင်းဌာနတွေကို တရားဝင် စာရေး ဖုန်းဆက်ပြီး ကန်.ကွက်နိုင်ပါသည်။ သောတရှင်တွေ ပရိသတ်တွေ၏ ရေးသားချက်တွေဟာ ထိရောက်ပါသည်။ ရေးသားတဲ့စာကိုလဲ သက်ဆိုင်ရာ သတင်းထောက် သို.မဟုတ် အစီအစဉ်မှူးကိုလဲ ကော်ပီ မိတ္တူပေးသင့်ပါသည်။ အဲဒီလို တရားဝင် ရေးသား တင်ပြချက်ကိုမှ လျစ်လျူရှုနေသေးရင် သက်ဆိုင်ရာ သတင်းဌာန၏ အကြီးအကဲတွေ ဖြစ်တဲ့ ဥက္ကဌတွေ ဘွတ်အဖွဲ.အ၀င် ဒါရိုက်တာတွေ အယ်ဒီတာချုပ်တွေ ကိုပါ အသိပေးပြီး ထောက်ပြနိုင်ပါသည်။
ပြည်ပ သတင်းဌာနတွေအနေဖြင့် နိုင်ငံခြား အစိုးရတွေ အဖွဲ.အစည်းတွေ NGOs တွေဆီက ရတဲ့ ငွေဖြင့် ရပ်တည် လည်ပတ်နေရတာ ဖြစ်တာကြောင့် အသီးတရာ အညှာ တခုဆိုသည့်အတိုင်း ငွေကြေးထောက်ပံ့နေသည့် အဖွဲ.အစည်းတွေ အစိုးရတွေဆီကိုလဲ အသိပေး တိုင်ကြားနိုင်ပါသည်။
ဥပမာ BBC မြန်မာပိုင်းဌာနဲ. ပတ်သက်လို. တိုင်ကြားမယ်ဆိုရင် သက်ဆိုင်ရာ သတင်းဌာန၏ ၀က်ဆိုဒ်တွေ အီးမေးလ်တွေကနေပြီး တရားဝင်ရေးသား တင်ပြနိုင်ပါသည်။ မိတ္တူကို မြန်မာပိုင်းဌာနမှူးကိုလဲ ပေးပြီး ဖြစ်နိုင်ရင် အာရှ ဖိစိဖိတ်ဒေသဆိုင်ရာ သတင်းအယ်ဒီတာချုပ်အထိ စာရေးအသိပေး တိုင်ကြားလို.ရပါသည်။ တချိန်တည်းမှာ ဘီဘီစီ မြန်မာဌာနသည် World Service ၏ အစိတ်အပိုင်းဖြစ်သော်လဲ ကုန်ကျစရီတ်တွေဟာ နိုင်ငံခြားရေး ၀န်ကြီးဌာန၏ အသုံးစရိတ်ကနေလာတာ ဖြစ်တာကြောင့် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Foreign Secretary William Haugue ဆီကိုလဲ တိုက်ရိုက် ရေးသား ကန်.ကွက်နိုင်ပါသည်။ အဲဒီ မိတ္တူ စာကို အတိုက်အခံ ပါတီဖြစ်တဲ့ Labour Party ၏ နိုင်ငံရေးခြား တာဝန်ခံ Shadow Cabinet အဖွဲ.၀င် Shadow Foreign Secretary Douglas Alexander ဆီကိုပါ တပါတည်း ပို.ပေးရင် အကောင်းဆုံးပါ။ မဟုတ်ရင်လဲ အတိုက်အခံ ပါတီ ခေါင်းဆောင် Mr Ed Miliband ဆီကိုလဲ မိတ္တူ ပို.ရင်ကောင်းပါသည်။
အဲဒီလူတွေရဲ့ အီးမေးလ်တွေ ဖုန်းနံပတ်တွေဆိုရာ အခု ခေတ်မှာ ရှာလို. လွယ်ပါသည်။ ၀က်ဆိုဒ်တွေ Social Media တွေ ဖြစ်တဲ့ Facebook, Youtube, Twitter တွေမှာ အလွယ် တကူရှာလို.ရပါသည်။ သက်ဆိုင်ရာအစိုးရ၏ ၀က်ဆိုဒ်တွေက တဆင့်လဲ သက်ဆိုင်ရာ ၀န်ကြီးတွေ အတိုက်အခံ အမတ်တွေဆီကို ဆက်သွယ်လို.ရမည့် လိပ်စာတွေ လမ်းကြောင်းတွေ ရှိပါသည်။ နောက်ဆုံး မြန်မာပြည်မှာ ရှိတဲ့ ဗြိတိန်သံရုံးကနေ တဆင့် ကျေးတမာကို ရေးတဲ့ လိပ်စာတွေ မဟုတ်ရင် သံရုံးလိပ်စာက တဆင့် ဗြိတိန်အစိုးရ အဖွဲ.၀င်တွေ ၀န်ကြီးတွေ အမတ်တွေဆီလဲ စာရေး ပို.လိုရပါသည်။ အနောက်နိုင်ငံသံရုံးတွေ အစိုးရအဖွဲ.တွေမှာ Resources အလုံအလောက်ရှိတာမို. ၀န်ထမ်းအပြည့်အစုံရှိတာမို. သူတို. အစိုးရ၀န်ကြီးတွေ အမတ်တွေဆီကို ရေးတဲ့ စာတိုင်းကို ဖတ်ပါသည်။ မှတ်တမ်းတင်တတ်ပါသည်။ သက်ဆိုင်ရာအရာရှိတွေဆီကို ရောက်အောင် ပို.ပေးသည့် လမ်းကြောင်း Channel & Procedure တွေ ရှိပါသည်။ ဒါကြောင့် ရေးသားချက်တွေဟာ အလား မဖြစ်ပဲ ချောင်ထိုး မခံရပဲ အကျိုးရှိပါသည်။ ကျူးဘားခေါင်းဆောင် ဖီဒယ် ကက်စထို ငယ်ငယ်က အမေရိကန် သမ္မတတီ ရေးတဲ့စာဟာ အခု အချိန်အထိ အမေရိကန်သမ္မတ စာကြည့်တိုက်မှာ မှတ်တမ်းတခု Record အဖြစ် ရှိနေပါသည်။ ဒါကြောင့် အနောက်နိုင်ငံ အစိုးရတွေ သံရုံးတွေဆီ ရေးတဲ့ စာတွေကို အဲဒီက ၀န်ထမ်းတွေ ဖျောက်ဖျက်ပစ်တာမျိုး မလုပ်ရဲပါ။ စနစ်တကျဖြင့် မှတ်တမ်းတင်ရတဲ့ ထိမ်းသိမ်းရတဲ့ စနစ်က သူတို.ဆီမှာ ရှိပြီးသားပါ။
တကယ်လို. သက်ဆိုင်ရာ သတင်းဌာန -BBC က ဂရုမစိုက်သေးရင် သူတို.နှင့် ပြိုင်ဖက် ဖြစ်တဲ့ တခြား သတင်းဌာနတွေ ဖြစ်တဲ့ SKY NEWs, နဲ. အခြား သိက္ခာရှိတဲ့ သတင်းစာတိုက်တွေကိုပါ ကန်.ကွက်စွာ မိတ္တူကို ပေးပိုပြီး လူသိအောင် လုပ်လို.ရပါသည်။ ဒါအပြင် အဲဒိနိုင်ငံတွေမှာ အစိုးရတွေ Public Corporations တွေ၏ လုပ်ရပ်တွေကို စောင့်ကြည်နေသည့် Citizen Groups တွေ၊ Public Transparency Committee တွေလဲ ရှိသေးတာမို. အဲဒီ အဖွဲ.အစည်းတွေကိုပါ အသိပေး တိုင်ကြားမယ် မိတ္တူတွေ ပေးပို.မယ်ဆိုရင် ဘယ်လိုမှ လျစ်လျူ မရှုနိုင်ပါ။
ဒီလို ပို.ခြင်းအားဖြင့် အဆင်ဆင့် တာဝန်ယူ တာဝန်ခံရသည့် အနောက်နိုင်ငံ အုပ်ချုပ်ရေး ဗျူရိုကရေစီ ယန္တယားအရ တစုံတဦးအနေဖြင့် Chain of Command အရ ငြိမ်နေလို. ဥပက္ခာပြုလို. လျစ်လျူ ရှုလို.မဖြစ်တော့ပါသည်။ သက်ဆိုင်ရာ သတင်းထောက်က တာဝန်ယူ မဖြေရှင်းဖူး မတုံ.ပြန်ဖူးဆိုရင် သူအထက် အရာရှိဖြစ်တဲ့ အယ်ဒီတာတွေ ဌာနမှူးတွေ ဒေသဆိုင်ရာ သတင်း အယ်ဒီတာချုပ်တွေ လဲ သိနေပြီ ဖြစ်တာမို. ကိုယ့် ဌာန ကိုယ့်အဖွဲ.အတွင်းက ပြသာနာတွေကို လူသိရှင်ကြား မဖြစ်စေချင်တဲ့အတွက် အမြန်ဆုံး အရေးယူ ဖြေရှင်းရမည့် အနေအထားကို ရောက်စေပါသည်။ မဟုတ်ရင် ဒီကိစ္စတွေဟာ အစိုးရ၀န်ကြီးတွေ အတိုက်အခံ အမတ်တွေအပြင် ဈေးကွက်ပြိုင်ဖက် တခြား သတင်းဌာနတွေနဲ. နိုင်ငံသားအဖွဲ.အစည်းတွေဆီမှာ ပေါက်ကြား ကုန်ရင် ထိမ်းမနိုင် သိမ်းမနိုင်ဖြစ်ကာ သိက္ခာလဲ ကျမည်။ မျက်နှာလဲ ပျက်ရမည်။ မဟုတ်ရင် အဆင့်ဆင့် တာဝန်ခံ တာဝန်ယူရသည့် စနစ်အရ အောက်လက် ငယ်သားတွေ ဘာလုပ်နေတယ် ဘာတွေ ဖြစ်နေတယ် ဘာပြသာနာတွေ တက်နေတယ်ဆိုတာကို သိလျက်နှင့် အချိန်မှီ သင့်တော်သည့် Appropriate Action and Necessary Steps တွေ မလုပ်ခဲ့ရင် အထက်က လူကြီးတွေပါ တာဝန်ရှိသလို အပစ် ဖြစ်သလို ရောက်သွားပါသည်။ ဒီလို မဖြစ်လာအောင် ဌာနတခုလုံးကို မထိခိုက်အောင် တာဝန်ရှိသူကို ဖော်ထုတ်ပြီး အရေးယူရမည့်အခြေအနေကို ဆိုက်စေပါသည်။ မဟုတ်ရင် ပန်းသီးတခြင်းလုံး ထိခိုက်သွားမည့်အစား ပုတ်နေတဲ့ ပန်းသီးကိုပဲ ရွေးပြီး ဖယ်ထုတ် အရေးယူတာမျိုး လုပ်လေ့ ရှိပါသည်။ ဒါကြောင့် သေတရှင်တွေ ပရီသတ်တွေ၏ ရေးသားချက်တွေ ကန်.ကွက်ချက်တွေဟာ ထိရောက်သလို အာဏာလဲ သက်ရောက်စေပါသည်။
နောက်တခုက အနောက်နိုင်ငံက အဖွဲ.အစည်းတွေ အစိုးရတွေ Institutions တွေဟာ ပြည်သူ.ဆက်ဆံရေးကို ဂရုစိုက်တဲ့ သတိထားတဲ့သူတွေ ဖြစ်တာကြောင့် ပြည်သူလူထုအကြားမှာ နာမည်ပျက်မှာ နာမည်ဆိုးထွက်မှာ မကောင်းမြင်မှာ မကောင်းအပြောခံရမှာကို သတိထား ရှောင်ကြဉ်တတ်ပါသည်။ ဒါကြောင့် အဓိက သတင်းစာတွေ ဂျာနယ်တွေ တင်မဟုတ်ပဲ Aside from Mainstream Media, they also care on Social Media such as facebook, twitter, youtube and etc… လူမှုရေး သတင်းဌာနတွေမှာ ရေးသားချက်တွေကို ဂရုစိုက် လေ့လာတတ်သူ စောင့်ကြည့်သူတွေဖြစ်ပါသည်။ ဒါကြောင့်လဲ အနောက်နိုင်ငံတွေမှာ အစိုးရ ၀န်ကြီးတွေ အဆင့်သာ မဟုတ်ပဲ သာမန် မြိုနယ်အဆင့် ရဲစခန်းတွေ။ ကျောင်းတွေ၊ ဆေးရုံတွေ။ မြို.နယ်ဆင့် မြို.တော်ဝင်တွေ Public Office မှာ တာဝန်ယူထားသူတွေ အားလုံးမှာ သတင်းဌာနတွေ မီဒီယာတွေ ပြည်သူတွေ-Public/Citizen တွေနဲ. ဆက်ဆံတဲ့အခါ စနစ်တကျဖြစ်ဖို. Public Retion-PR and Media Relation Officer သတင်းနှင့် ပြည်သူ. ဆက်ဆံရေးအရာရှိတွေ communication directors ရာထူးတွေ အရာရှိတွေ ခန်.ပြီး ကိုင်တွယ် ဖြေရှင်းလေ့ ရှိပါသည်။ ဒါဟာ သတင်းဌာန၊ မီဒီယာနှင့် ပြည်သူတွေနှင့် ဆက်ဆံတဲ့အခါ ဆက်သွယ် ပတ်သက်တဲ့အခါ အမှား မခံနိုင်ပဲ စနစ်တကျဖြင့် လေ့လာသင်ကြားထားတဲ့ Professional တွေငှားပြီး ပြည်သူ.အသံ လူထုအသံတွေကို နားထောင်ဖို. ပြည်သူ.အမြင် လူုထုအမြင်တွေမှာ In pubic eye, they want to be seen Good, Look Nice, ဖြစ်စေချင်တာ ဖြစ်ပါသည်။ အများအမြင်မှာ ပုံရိပ်ကောင်းတာကို ပြချင်သူတွေပါ။ Good Image ဖြစ်အောင် ထိမ်းသိမ်း ချင်တာ ဖြစ်ပါသည်။
ဒါကြောင့် သူတို.ကို မကောင်းပြောတာတွေ ဝေဖန် ပုတ်ခုတ်မှုတွေကို ဖြစ်နိုင်သမျှ နည်းလိုပါသည်။ ဒီတော့ သူတို.ဆီမှာ ၀န်ထမ်း တဦးဦးကို ခန်.မယ်ဆိုရင်တောင် မဟုတ်ရင်လဲ ပါတီတခုခုကနေ ကိုယ်စားလှယ်လောင်းပဲ ဖြစ်ဖြစ် ပါတီခေါင်းဆောင်နေရာကို ၀င်ရောက် အရွေးခံဖို. ကိုယ်စားလှယ်လောင်း လျောက်ထားတာပဲ ဖြစ်ဖြစ် Social Media တွေမှာ ဒီလူတွေဟာ အရင်က ဘာတွေ လုပ်ခဲ့သလဲ ဘာတွေ ပြောခဲ့သလဲ။ အရင်က ရေးထား ပြောထားတဲ့ အချက်တွေက သူတို.ကို ထိခိုက်လာနိုင်သလား ပြသာနာတွေ တက်လာနိုင်သလား ဆိုတာတွေကို သိအောင် အင်တာနက်တွေ အွန်လိုင်းတွေမှာ အဲဒီလူတွေ၏ နာမည်ကို ရိုက်ပြီး ရှာကြည့်တတ်ပါသည်။ လေ့လာ တတ်ပါသည်။ ဒီတော့ သတင်းစာတွေ ဂျာနယ်တွေ MainStream Media တွေမှာ ရေးတာ သားတာ ပြောတာ မဆိုထားနဲ. အပျော်တမ်းနဲ. ဆိုရှယ်မီဒီယာတွေမှာ ရေးသားချက်တွေကြောင့်တောင် နာမည်ပျက်မှာ ထိခိုက်လာမှာကို အဖြစ် မခံနိုင်ပါဘူး။ ဒီအချက်တွေဟာ လူတဦးကို အလုပ် ခန်.တာ တာဝန်ပေးတဲ့အပိုင်းတွေမှာ အခုဆိုရင် အနောက်နိုင်ငံက အလုပ်ရှင်တွေ အထက် အရာရှိတွေက လေ့လာတတ်ပါသည်။ ဒါကြောင့် ဥပမာ BBC သတင်းထောက် Anna Jones အကြောင်း သိအောင် အင်တာနက်တွေ အွန်လိုင်းတွေမှာ နာမည်ရိုက်ပြီး ရှာလိုက် Search လုပ်လိုက်တဲ့အခါ အဲဒီ သူနဲ. ပတ်သက်ပြီး ရေးသားချက်တွေ ပြောဆိုချက်တွေ ဝေဖန်ချက်တွေ ကန်.ကွက်ချက်တွေ ထွက်လာမည် ဖြစ်ပါသည်။ တကယ်လို. ဒီလူဟာ ပြသာနတွေ ရှိတယ် ပြသာနာတွေ တက်နိုင်တယ် ကိုယ်ဌာနနဲ. သတင်းဌာနကို ထိခိုက်မယ် ဆိုရင် Controvercial တွေ ဖြစ်တတ်ပြီး သတင်းအချက်အလက်တွေကလဲ မမှန်၊ ရေးသားချက်တွေကလဲ မရိုသားပဲ wrong facts, misleading, misinformation တွေ ရေးသားတတ်တယ်ဆိုတာသိရင် အဲဒီလို လူမျိုးတွေကို အလုပ် ခန်.တာ တာဝန်ပေးဖို. ရှောင်တတ်ပါသည်။ ဒါကြောင့် သတင်းထောက်တွေဟာ အချက်အလက်တွေကို မှန်မှန်ကန်ကန် မဟုတ်ပဲ ဘက်လိုက်ရေးမယ်။ မရိုးမသားနဲ. လုပ်မယ်ဆိုရင် သောတရှင်တွေ ပရိတ်သတ်တွေအနေဖြင့် တရားဝင်ပြီး အဆင့်ဆင့်ကို စာရေး တိုင်ကြားဖို. လိုသလို ဖြစ်နိုင်တဲ့ ရနိုင်တဲ့ Medium ကို သုံးပြီး ဝေဖန် သုံးသပ်ချက်တွေ ကန်.ကွက်မှုတွေကို ရေးပြီး တင်ပို.လိုပါသည်။ အဲဒီလို ရေးသားပြီး တင်လိုက်ရင် ဒီအချက်အလက်တွေ ရေးသားမှုတွေဟာ အင်တာနက်နဲ. အွန်လိုင်းပေါ်မှာ အမြဲကျန်နေမည် ဖြစ်ပါသည်။ ဒါဟာ သိပ်ပြီး ထိရောက်ပါသည်။
နောက်တခုကတော့ လူသဘာဝအရ သက်ဆိုင်ရာ သတင်းဌာနတွေမှာလဲ အတွင်းမှာ အချင်းချင်း အာဏာပြိုင်မှုဆိုတာ ရှိပါသည်။ Every institution and Group have internal fight or we can call it as “ power struggle.” သူလူကိုယ်လူ အုပ်စု ဖွဲ.တဲ့အနေအထားပါ။ ဒါကြောင့် အခု BBC Reporter ANNA JONES နဲ. ပတ်သက်လို. တုံ.ပြန်ချက်တွေကို ရေးတဲ့အခါ သူတို. ဌာန အသံလွင့်ဌာနမှာတင် သူကို မကြိုက်တဲ့သူတွေ သူနဲ. ပြိုင်ဖက် ဖြစ်နေသူတွေလဲ ရှိနေမှာပဲ။ ဒီတော့ သေတရှင်တွေ ပရိသတ်တွေကို တရားဝင် ရေးသား ကန်.ကွက်လာတဲ့စာတွေ ထောက်ပြချက်တွေ ရေးသားမှုတွေဟာ သူ. ပြိုင်ဖက်အတွက် လက်နက်အဖြစ် အသုံးပြုနိုင်သလို ဖြစ်သွာပြီး အဲဒီအတွက် ပြိုင်ဖက်တွေက ဒီအချက်အလက်တွေ ရေးသားချက်တွေကို ကိုင်ပြီး အတွင်းမှာတင်လဲ ပြန် ဖိလာမည် ဖြစ်ပါသည်။ ဒီတော့ သူ.စရိတ်နှင့်သူကို ထိရောက်တဲ့ အရေးကြီးတဲ့သူတွေဆီ ရောက်အောင် အထူးသဖြင့် အတွင်းစည်းက လူဆိုတော့ အပြင်လူထက် ပိုပြီး သိတာပေါ့။ ဘယ်သူကို ဘယ်အချိန်မှာ ဒီအချက်အလက်တွေ ဒီစာတွေဖြန်ရင် သိအောင် လုပ်ရင် ထိရောက်မယ်ဆိုတာ။ နောက် ပြိုင်ဖက်အနေနဲ.ကလဲ သူပြောတာမဟုတ်ပဲ သောတရှင်တွေ ပရိတ်သတ်တွေက ရေးတဲ့စာဖြစ်တော့ Third party ၏ ရေးသားချက်တွေဖြစ်တော့ ပိုပြီး ခိုင်မာစေပါတယ်။ ဒါဟာလဲ ပရိတ်သတ်တွေ သောတရှင်တွေ ရေးတဲ့စာတွေ ကန်.ကွက်မှုတွေ ကို အတွင်းစည်းမှာ ထိရောက်အောင် လုပ်ရာမှာ အထူး အရေးပါ လှပါသည်။ ထိရောက်ပါသည်။
နောက်တခုကလဲ အဲဒီလို အားနည်းချက်တွေကို စနစ်တကျ လေ့လာပြီး အချင်းချင်း ပြန်ကိုင်တာ အုပ်ချုပ်ရေးအတွက် အဲဒီ အားနည်းချက်တွေကို ထောက်ပြပြီး အပြန်ထိမ်းဖို.အတွက်လဲ အထက်အရာရှိတွေအတွက် အသုံးဝင်တယ်လေ။
ဒီတော့ သတင်းထောက်တွေဟာ ပရိသတ်တွေ သောတရှင်တွေ၏ အသံတွေကို ဂရုမစိုက်ပဲ ထင်ရာ ဆိုင်းမယ်ဆိုရင်တော့ သူ.ဆီကို စာရေးပြီး တရားဝင် ကန်.ကွက်ပါ။ ထောက်ပြပါ။ မိတ္တူကို သူ.အထက်က အဆင့်ဆင့်အရာရှိတွေ အယ်ဒီတာတွေ အယ်ဒီတာချုပ်တွေ ဌာနမှူးတွေ ဒေသဆိုင်ရာ တာဝန်ခံတွေ ဘွတ်အဖွဲ.တွေ ဒါရိုက်တာတွေ ဥက္ကဌတွေ President တွေအထိ ဆင့်ကဲ တာဝန်ရှိသူတွေအထိ သိအောင် မိတ္တူတွေ ပို.ပါ။ တချိန်တည်းမှာ သက်ဆိုင်ရာ အစိုးရ ၀န်ကြီးတွေ တာဝန်ရှိတဲ့ ၀န်ကြီးဌာနကိုလဲ အသိပေးပြီး မိတ္တူကို အတိုက်အခံ ပါတီတွေ အမတ်တွေထဲ ဒီအချက်အလက်တွေကို ထောက်ပြီး ပြောမည့် သူလက်ထဲ ရောက်အောင် ထည့်ပါ။ ဒါအပြင် လုံဝ ငြိမ်နေလို.မရအောင် ဈေးကွက်ပြိုင်ဖက် Competitive Media တွေ လူထုလူတန်းစားနဲ. နိုင်ငံသားအခွင့်အရေးအဖွဲ.တွေ အစိုးရနှင့် အစိုးရပိုင် ပြည်သူပိုင်ဌာနတွေ ကော်ပရေးရှင်းတွေ ကော်မတီတွေ၏ လုပ်ရပ်တွေကို စောင့်ကြည့်နေသည့် အဖွဲ.တွေကိုလဲ ထောက်ပြနိုင်အောင် လုပ်ပါ။ ဒီလို လုပ်ခြင်းအားဖြင့် ကိုယ့်ကိစ္စ ကိုယ့်ပြသာနာတွေဟာ ကိုယ်ကိစ္စ သက်သက်တင် မဟုတ်တော့ပဲ သက်ဆိုင်ရာ ဌာနတွေ အဖွဲ.အစည်းတွေ အရာရှိတွေ၏ ကိစ္စ သူတို. အလုပ်တွေလို ဖြစ်သွားတဲ့အခါ ပိုပြီး ထိရောက်မယ် မြန်ဆန်မယ်။ သူတို.အချင်းချင်းဆိုတော့ ပိုပြီး ဘယ်လို လုပ်ရင် ရတယ်ဆိုတာ သိတယ်။ ဒီတော့ ကိုယ့်ဖက်က အချက်အလက်နဲ. အဖြစ်အပျက် အမှန်ကိုသာ ထည့်ပေးလိုက်ယုံပဲ။ ဒါမျိုးဆိုရင် အနောက်နိုင်ငံက အမတ်တွေ သတင်းဌာနတွေက ကိုင်ပြီး အစိုးရတွေကို ဖွခြင်တာ ဖွခြင်တာ ကိုင်ခြင်တာ နိုင်ငံရေးတိုက်ကွက်အတွက် ထောက်ပြစရာတွေအဖြစ် သုံးချင်တာမို. အဲဒီလို ဖြစ်အောင်သာ လုပ်ပါ။ ထိရောက်တာ သေခြာပါသည်။
ဒါကြောင့်လဲ အနောက်နိုင်ငံက Lobby & Campaign အဖွဲ.တွေဟာ ဒီအချက်တွေကို အသုံးချပြီး လုပ်နေတာ ဖြစ်ပါသည်။ လူလေး နည်းနည်းဖြင့် လုပ်အားပေး ၄-၅ယောက်လောက် ကွန်ပြူတာ ၄-၅ လုံးနဲ. Campaign တွေ လှုပ်ရှားမှုတွေ ဖော်နေတာ ဖြစ်ပါသည်။ Signature Campaign and Letter Writing Campaign ဆိုတာတွေဟာ ဒီသဘောတွေပါ။ သေခြာ ပုံစံချ ရေးသားထားတဲ့ Format တခုခု လုပ်ထားတဲ့ ရေးသားချက်တွေကို အမတ်တွေ သတင်းဌာနတွေ အစိုးရ ၀န်ကြီးတွေ NGOs အဖွဲ.တွေဆီ ရနိုင်သမျှ များများ ကျယ်ကျယ်ပြန်.ပြန်. ဖြန်.ဝေကာ စည်းရုံးလှုံ.ဆော်တာ ဖြစ်ပါသည်။ လုပ်အားပေး ၄-၅ဦးကို ခေါ်ပြီး အီးမေးလ်တွေဖြင့် စာပို.တာ။ အကောင့်အမျိုးမျိုး ဖွင့်ပြီး နာမည် အမျိုးမျိုးဖြင့် စာရေးတာ။ အမတ်တွေ ၀န်ကြီးတွေ ဆီကို ဖုန်းဆက်ပြီး တောင်းဆိုတာ။ ဒီလို အလုပ်တွေကို သိန်း သောင်းချီတဲ့ လူတွေက လုပ်တာ မဟုတ်ပဲ လူနည်းနည်းလေးနဲ. ဘယ်သူက ဘယ်အမတ်ကို ခေါ်။ ဘယ်သူက ဘယ်အဖွဲ.ကို ဆက်သွယ်။ ဘယ်ဝါက ဘယ်ကိုယ်စားလှယ် ဘယ်ဝန်ကြီး ဘယ်သံရုံး ဘယ် သံအမတ်ကို ဆက်သွယ်ပါ ဖုန်းခေါ်ပါ။ စာရေးပါ။ အီးမေးလ်ပို. ပါ စတဲ့ တာဝန်တွေ ခွဲပြီး Campaign တွေ လုပ်ကြတာ များပါသည်။ အစိုးရ အတိုက်အခံ သတင်းဌာနနှင့် လူထုကို စနစ်တကျဖြင့် သိအောင် လုပ်ပြီး အဲဒီအတွက် ထိရောက်အောင် မြန်ဆန်အောင် ကွန်ပြူတာနဲ. အင်တာနက် IT နည်းပညာကို သုံးပြီး လုပ်အားပေး ၄-၅ ယောက်ဖြင့်ပဲ Campaign တွေ လုပ်လေ့ရှိပါသည်။
Signature Campaigns and Letter Campaigns တွေဟာ မြန်မာပြည်က အစိုးရလိုဟာမျိုး ၀န်ကြီးလို ဟာမျိုးတွေမှာ ထိရောက်မှု မရှိပေမည့် အနောက်နိုင်ငံအစိုးရတွေ အဖွဲ.အစည်းတွေ အတိုက်အခံ အမတ်တွေအတွက်တော့ ထိရောက်သည်။ အကျိုးရှိသည်။ သူတို.နိုင်ငံတွေဟာ PR နိုင်ငံရေးဖြစ်တာမို. နိုင်ငံရေး စင်တွေ Political Stage and Prep တွေကို တစနစ်တကျဖြင့် ပြင်ဆင်ကာ ဘယ်အရောင် သုံးမယ် ဘယ်လို ပြောမယ်။ ဘယ်စကားလုံးကို အထိက ထားပြောမယ် ဘယ်သူတွေက ဘယ်နေရာမှာ ရပ်မည်။ စင်ပေါ်မှာ ဘယ်သူတွေက ဘယ်လိုပုံစံဖြင့် ဘယ်အစီအစဉ်အတိုင်း ရပ်မည်။ မီးရောင်တွေ အခမ်းအနားတွေကို ဘယ်လို အရောင် ဘယ်လို Colour တွေဖြင့် ကိုယ်ပြောချင် ပေးချင်တဲ့ စကားတွေ Message တွေကို ထိရောက်အောင် လုပ်မယ် စသည် စသည့် ပြင်ဆင်မှု Political Prep တွေဟာ လူထုအမြင် ကောင်းအောင် ယုံကြည်အောင် ထောက်ခံအောင် စည်းရုံးမှုတွေဖြစ်လို. အနောက်နိုင်ငံက နိုင်ငံရေးသမားတွေ အစိုးရတွေ ဌာနဆိုင်ရာတွေအတွက် Public Image ကောင်းဖို. အထူးရေးကြီးပါသည်။ ဒါကြောင့် ဒီအခြေအနေကိုပဲ ပြန်အသုံးချပြီး ပရိသတ်နင့် သောတရှင်တွေကို ဂရုမစိုက်ပဲ မဟုတ် မမှန် သတင်းတွေ ရေးသား ဖြန်.ချီ လှုံ.ဆော်လာရင်တော့ ၀ိုင်းဝန်ပြီး ဆုံးမဖို. လိုပါသည်။
နောက်တခုကတော့ ဘီဘီစီ မြန်မာပိုင်းကနေ ပြောလေ့ရှိတဲ့ သတင်းတချို.ပါ။ ကချင်ပြည်နယ်က တိုက်ပွဲတွေအတွင်း အစိုးရ စစ်သားတွေ ဘယ်နှစ်ဦး ကျဆုံးတယ် ထိခိုက်ဒဏ်ရာ ရတယ်ဆိုတာကို ထုတ်လွင့်နေတဲ့ကိစ္စပါ။ ဘယ်သူ ပြောလဲဆိုရင် KIA အရာရှိတွေ၏ ပြောဆိုချက်တွေကို ကိုးကားပြီး ပြောလေ့ရှိပါသည်။ ပြီးတော့မှာ ဒီသတင်းအချက်အလက်တွေကိုတော့ ဘီဘီစီအနေဖြင့် သီးခြား အတည်ပြုလို. မရနိုင်ဘူး ဆိုပါသည်။ သီးခြား အတည်ပြုချက်မရနိုင်မှန်း သီးခြား အတည်ပြုချက် လုပ်လို.မရတဲ့ အချက်အလက်တွေကို ဘာကြောင့် သိလျက်နှင့် သတင်းအဖြစ် ထုတ်နေရပါလဲ။ နောက်ပြီး အဲဒီလို ထုတ်လွင့်သွားတဲ့ သတင်းတွေကိုလဲ ဘယ်တော့မှ Follow up အနေဖြင့် နောက်ဆက်တွဲအနေဖြင့် အတည်ပြုချက် လုပ်ပေးခဲ့တာလဲ မရှိပါ။ ဒါဟာ တာဝန်မဲ့ပါသည်။
သတင်းဌာန တခုအနေဖြင့် မှန်လား မမှန်လား မသိတဲ့ သတင်းတခုကို ပြိုင်ဖက် အထူးသဖြင့် အခု ကိစ္စဆိုရင် တဖက်နဲ. တဖက် ရန်သူလို တိုက်ခိုက် သတ်ဖြတ်နေတဲ့ ရန်ဖက်ကနေ ပြောတဲ့အချက်ကို ကိုးကားပြီး အခုလို တိုက်ပွဲ ကျဆုံး စာရင်းတွေကို ထုတ်ပြန်နေခြင်းဟာ လုံးဝ မလုပ်သင့် မလုပ်ထိုက်ပါ။ ကောလဟာလ သတင်းတခုလို. သိနေပါလျက် အတည်ပြုချက် လုပ်လို.မရတဲ့ သတင်းတွေကို ထပ်ထပ်ပြီး ထုတ်လွင့်နေခြင်း၊ အတည်ပြုချက် မရသေးတဲ့ သတင်းတွေကို ထုတ်လွင့်ပြီးတဲ့နောက် အဲဒီ သတင်းအချက်အလက်နဲ. ပတ်သပ်ပြီး နောက်ဆက်တွဲအနေဖြင့် ပြန်ပြီး အတည်ပြုချက် မပေးခြင်းဟာ တာဝန်မဲ့သည့် လုပ်ရပ်ဖြစ်ပါသည်။ မမှန် သတင်းတွေကို ဖြန်.ချီသလို ဖြစ်ပြီး အဲဒီ သတင်းအချက်အလက်အတွက်လဲ တာဝန် မယူရာ ရောက်ပါသည်။ သတင်းတခုဟာ မှန် မှန် မမှန်မှန် ဟုတ် ဟုတ် မဟုတ်ဟုတ် ကိုယ့် သတင်းဌာနကနေ ထုတ်လွင့်လိုက်ပြီ ဆိုတာနဲ. တာဝန်ရှိသွားပါသည်။ ဒီသတင်းနဲ. ပတ်သက်ပြီး တာဝန်ခံရမည် ဖြစ်ပါသည်။ ဘာကြောင့်လဲဆိုတာတေ့ ကောလဟာလ သတင်းတပုဒ်ဟာ သူ.အလိုလိုနဲ. လူအများကြီးဆီကို ခဏလေးနဲ. တပြိုင်နက် ရောက်မသွားနိုင်ပါဘူး။ အဲဒီ မမှန်သတင်းတခု လူအများကြီးဆီကို ပြန်.နှံ.ဖို.ဆိုရင် ဘီဘီစီလို အသံလွင့်ဌာန Mass Medium တွေက ကူညီမှ ဖြစ်ပါသည်။ အခုလို အတည် ပြုလို.မရတဲ့သတင်းတပုဒ် မှန်သလား မှားသလား အတတ်မပြောနိုင်တဲ့ သတင်းတပုဒ် ဟောလကာလ သတင်း တပုဒ် ၀ါဒဖြန်.ချီတဲ့ သတင်းတပုဒ်ကို လူတွေ အများကြီးဆီ ရောက်အောင် ကိုယ်က သိလျက်နဲ. ဖြန်.ပေးလိုက်ရင် သင့်မှာလဲ တာဝန်ရှိသွားပါသည်။ တာဝန်လဲ ယူရမည် ဖြစ်ပါသည်။
တကယ်မှန်တဲ့သတင်းဆိုရင်တော့ တပ်ရင်း တခုလုံး ဗြူဟာတခုလုံး ကျရင်တောင် သတင်းလွင့်ပါ။ ပြသနာမရှိပါဘူး။ အတိအကျ ပြောနိုင်တဲ့ မှန်တဲ့သတင်းပဲလေ။ အခုတော့ အတိအကျ မသိရတဲ့ အတည်ပြုလို.မဖြစ်တဲ့ သတင်းတွေကို လွှင့်တော့ သောတရှင်တွေ ပရိသတ်တွေအတွက် စိတ်အနှောက်အယှက် ဖြစ်ရသည်။ အထူးသဖြင့် ကိုယ့်ကလေးကို ကလေးစစ်သားအဖြစ် စုဆောင်းခံထားရသည့် မိဘတွေအတွက် ပိုပြီး ပူပင်သောက ရောက်ရသည်။ စိတ်ညစ်ရ စိတ်ဆင်းရစေသည်။ ကိုယ့်ကလေးက တပ်ထဲမှာ။ အရွယ်မရောက်ပဲ စစ်တပ်ထဲ ရောက်လို. စိတ်က ပူနေရတယ်။ အခု ကချင်မှာ တိုက်ပွဲတွေ ဖြစ်နေတယ်။ အဲဒီတိုက်ပွဲတွေမှာ စစ်သားတွေ အများကြီး သေတယ်။ ကျတယ်လို. ဘီဘီစီက သတင်းပါတယ်။ ဒါပေမယ့် အတည်ပြုလို.တော့ မရဖူးဆိုတယ်။။။ဒီလို သတင်းတွေကြောင့် သေတောင် သေချင်တယ်လို. ညီးညူနေတဲ့ မိဘတွေရဲ့ အသံကို ကြားရတော့ စိတ် မကောင်းပါ။ သတင်းတွေ မသေခြားပဲ လွင့်နေသူတွေကိုလဲ စိတ် တိုမိပါသည်။ ဒီလို သတင်းအချက်အလက်တွေက မိဘတွေအတွက် ဘယ်လောက်အထိ သောက မီးတွေ ဖြစ်စေမလဲ။ စိတ်ဆင်းရဲမှုတွေ ဖြစ်စေမလဲ။
နောက် အတည်ပြုချက် မရှိသေးတဲ့ သတင်းတွေကို လွင့်ပြီးရင်တော့ အဲဒီ သတင်းအချက်အလက်တွေကို ပြန်ပြီး ပရိသတ်ကိုအတည်ပြုချက် ပြန်လုပ်ပေးဖို. လိုပါသည်။ အဲဒီလို မလုပ်နိုင်ဘူး တာဝန် မယူနိုင်ဘူးဆိုရင်တော့ မှန် မမှန် မသိတဲ့ သတင်းတွေ ဟုတ် မဟုတ် အတိအကျ မပြောနိုင်တဲ့ သတင်းတွေကို အစ ကတည်းက မထုတ်လွင့်ပါနဲ. မဖြန်.ပါနဲ. မကြေညာပါနဲ.။ ဒါဟာ သတင်းဌာန သတင်းထောက်တွေ၏ ကျင့်ဝတ်နဲ.လဲ မညီသလို ကိုယ်ရဲ့ နေရာ Position အကို အခွင့်ကောင်းယူပြီး အလွဲသုံးစားဖြင့် မမှန် မကန် ကောလဟာလ သတင်းမှားတွေကို ဖြန်.ချီရာ ရောက်ပါသည်။ ကိုယ့်သတင်းဌာန၏ နာမည်ကိုလဲ အသုံးချရာ ရောက်သလို ကိုယ့်သတင်းဌာနကိုလဲ သိက္ခာ ကျစေပါသည်။ ဒီလိုကိစ္စတွေကိုလဲ သက်ဆိုင်ရာ အယ်ဒီတာတွေ ဌာနမှူးတွေကလဲ ထိမ်းသိမ်းဖို. စောင့်ကြည့်ဖို. လိုပါသည်။ ကောလဟာလ သတင်းတွေုဟုတ်မဟုတ် အတိအကျ မသိတဲ့ သတင်းတွေ အတည်ပြည်လို.မရနိုင်တဲ့သတင်းတွေဟာ ဘယ်လိုပဲ တဖက်ကနေ ၀ါဒဖြန်.ချီရေးအတွက် စိတ်ဓာတ် စစ်ဆင်ရေးအတွက် လှုံ.ဆော်ဖြန်.ချီ ပြောဆိုပါစေ ဘီဘီစီလို သတင်းဌာန Mass Medium Vehicle က ဒီသတင်းအချက်အလက်အမှားတွေကို သယ်မသွားဖူး ဖြန်.ချီတာ မလုပ်ဖူးဆိုရင် လူ၁၀ ရောက်တောင် သိမှာ မဟုတ်ပါ။ အခုတော့ တတိုင်းပြည်လုံး လူတွေ သန်းချီ သိအောင် အခုလို ဟုတ် မဟုတ် မှန် မမှန် မပြောနိုင်တဲ့ သတင်းအချက်အလက်တွေကို သိလျက်နဲ. ဖြန်.ချီပေးနေခြင်း လွင့်ထုတ်ခြင်းအတွက် ဘီဘီစီ(မြန်မာပိုင်း)ဌာနမှာရော သတင်းလွင့်တဲ့ သတင်းထောက်မှာပါ တာဝန်ရှိပြီး ဒါဟာ စာနယ်ဇင်း ကျင့်ဝတ်နဲ. ညီတဲ့ အလုပ် မဟုတ်ပါ။ လွတ်လပ်တဲ့ စာနယ်ဇင်းတခုကိုလဲ ကိုယ်စားပြုရာ မရောက်ပါ။ ကြုံတုန်း အကြံပေးခြင်တာကတော့ အတည်ပြုလို.မရနိုင်တဲ့ သတင်းတွေ ဟုတ်မဟုတ် မှန် မမှန် အတိအကျ မပြောနိုင်သေးတဲ့ သတင်းတွေ ဟောလ ဟာလ သတင်းတွေ နဲ. ပတ်သက်လာရင် Journalism သင်တန်းတွေ ကျောင်းတွေမှာ သင်ကြား ပို.ချတတ်တဲ့ သတ်မှတ်ထားတဲ့ စည်းကမ်းချက်လေးကို သတိပြုစေချင်ပါသည်။ ဒါကတော့ ဒီလိုပါ။ ။ “If feel doubt, please check it out, still doubt, chop it out.” ဒီအရာလေးက အတည်ပြုလို.မရတဲ့ သတင်းတွေကို ခဏခဏ ထုတ်လွင့်နေတဲ့ ဘီဘီစီ သတင်းထောက်တွေအတွက် စဉ်းစား ဆင်ခြင်ရမည့် လေ့လာရမည့် အရာပါ။
အကယ်၍ သံသယဖြစ်နေရင်။ အတိအကျ ပြောဖို. ခက်နေရင် ကျေးဇူးပြုပြီး အဲဒါကို သေခြာအောင် စစ်ဆေးပါ။ အဲဒီလို လုပ်တာတောင်မှ ဆက်ပြီး သံသယရှိနေသေးတယ် အတိအကျ ပြောဖို. ခက်နေသေးတယ်ဆိုရင်တော့ အဲဒီအချက်အလက်တွေ အဲဒီ သတင်းတွေကို ဖြတ်တောက်ပစ်လိုက်ပါတဲ့။
ဒါဟာ ကျင့်ဝတ်ရှိတဲ့ သတင်းဌာန အယ်ဒီတာအခန်း NEWS ROOM & EDITORIAL POLICY အတွက် အကောင်းဆုံး သင်ပြချက် ညွှန်ကြားချက်ပါ။ မသေခြာရင်သေး စစ်ဆေးပါ။ ဒါတောင် ဆက်ပြီး အတိအကျ မပြောနိုင်ဘူး မသေခြာသေးဘူးဆိုရင်တော့ ဖြတ်ပစ်ပါ။ ဖြုတ်ချပစ်လိုက်ပါ။ Edit လုပ်လိုက်ပါ။
ဒီလိုဆိုရင် အတိပြုလို.မရနိုင်တဲ့ သတင်းတွေကို လွင့်တာမျိုးတွေ မဖြစ်နိုင်သလို အတိမပြုနိုင်သေးတဲ့သတင်းတွေ လွင့်သွားရင်လဲ ပြန်ပြီး အဲဒီ ထုတ်လွင့်ချက်တွေဟာ မှားတယ် မှန်တယ်ဆိုတာ သောတရှင်တွေ သတင်းဌာနတွေကို ပြန်ပြီး အတည်ပြုချက်ဖြင့် ပြန်ပြောဖို. တာဝန်ရှိပါသည်။ ဒီမိုကရေစီ ကျင့်စဉ်မှာ ပြည်သူဟာ Public/Citizen က အရေးကြီးပြီး ဈေးကွက်စီးပွားရေးမှာ Customer Satisfaction က အရေးကြီးပြီး Customer is always Right ဆိုတဲ့ စားသုံးသူ အခွင့်အရေး Consumer Rights က အဓိက ကျပါသည်။ လွတ်လပ်တဲ့ စာနယ်ဇင်းစနစ်မှာလဲ ပရိသတ် ။သောတရှင်တွေ စာဖတ်သူတွေ Audience/Reader ဟာ အရေးကြီးပြီး သတင်းသမားတွေအနေဖြင့် ပရိသတ်တွေ စာဖတ်သူတွေ သောတရှင်တွေကို မလေးမစား လုပ်လို. လျစ်လျူရှု ဂရုမစိုက်လို. မရပါ။ မဟုတ်ရင်တော့ ဘယ်လို နည်းဖြင့် ဆုံးမလို.ရတယ်ဆိုတဲ့ နည်းလမ်းတွေ လုပ်ထုံး လုပ်နည်းတွေဟာ သောတရှင်တွေ ပရိသတ်တွေက နားလည်နေပြီ မဟုတ်ပါလား။ ။ ဒီမိုကရေစီဆိုတာ ကိုယ့်အခွင့်အရေးကို ကိုယ် သိပြီး အဲဒီ အခွင့်အရေးတွေကို ဘယ်လို ကာကွယ်မလဲဆိုတာ သိဖို.ပဲလိုတယ်။ ကိုယ့်အခွင့်အရေးတွေကို ချိုးဖေါက်ခံရရင် ဘယ်လို ရပိုင်ခွင့် ဘောင်အတွင်းကနေ စနစ်တကျဖြင့် ကိုယ့်အင်အားကို အသုံးချရမလဲ လုပ်ပိုင်ခွင့်ကို သုံးချပြီး ခုခံကာကွယ် မြင့်တင်ရမလဲဆိုတဲ့ အသိရှိဖို.က အရေးကြီးဆုံးအရာ ဖြစ်နေပါတော့သည်။
ဆောင်းပါး---Udp Myanmar facebook စာမျက်နှာ မှ ကူးယူဖော်ပြပါသည်။
သောတရှင်နှင့် ပရိသတ်ကို ဂရုမစိုက်ပဲ လျစ်လျူရှုရင်တော့ သတင်းဌာနနဲ.သတင်းထောက်တွေကို ဆုံးမဖိုက လွယ်ပါသည်
Reviewed by သစ်ထူးလွင်
on
11:08
Rating:
No comments:
Post a Comment