ဆင်ခြေဖုံး မြို့နယ် များတွင် ကလေးသူငယ် ပျောက်ဆုံးသည် ဆိုသော သတင်းများ ဆက်တိုက် ထွက်ပေါ်
“မိန်းမရေ ငါ့ကိုသမီးရဲ့ကျောင်းသား ကတ် ပေးပါဦး”လို့ပြောပြီး နဖူးပေါ်က ကျ လာတဲ့ချွေးတွေကို သုတ်ရင်း ကိုဝင်းမင်း ထွဋ်က ပြောပါတယ်။ လေးနှစ်နီးပါး ခန့်ရှိတဲ့ သူ့ရဲ့သမီးလေး ကို မူကြိုမှာ သွားကြိုတာ ကျောင်းသားကတ် မပါတဲ့အတွက်ကြောင့် သူပြန်လာ ရပါတယ်။
အောက်တိုဘာ လကုန်ပိုင်းကစပြီး ရန်ကုန်မြို့ဆင်ခြေဖုံး မြို့နယ်မှာရှိတဲ့ အခြေခံ ပညာကျောင်းတွေ၊ ပုဂ္ဂလိက မူကြို တွေမှာ ကလေး တွေရဲ့လုံခြုံရေး အတွက် စည်းကမ်းချက် တွေထုတ်ပြန်ထားပါတယ်။ ကျောင်းက နေအိမ်ပြန် လာတဲ့လမ်းမှာ ကလေးတွေ အိမ်ပြန် မရောက်လာတာတွေ၊ မုန့်စား ဆင်းချိန် တွေမှာ လူကုန်ကူးတဲ့သူ တွေက လိမ်လည် လှည့်ဖြားပြီးခေါ်သွား တာ တွေရှိတယ်လို့ ဒေသခံတွေ ကပြောပါ တယ်။
“ကျွန်တော်တို့ နားက ကျောင်းမှာမုန့် စားဆင်းချိန် ကလေး တစ်ယောက်ကို လူ တစ်ယောက် ကမုန့်ပေးပြီး ခေါ်သွားဖို့လုပ် တာ။ အတန်းပိုင် ဆရာမက အပြင်ထွက် လာတဲ့အချိန်၊ နောက်ပြီး အဲဒီကလေးနေ တဲ့ လမ်းမှာရှိတဲ့ သူက သူ့သမီး ထမင်းလာ ကျွေးတဲ့ အချိန်လည်းဖြစ်နေ တော့ သွား တွေ့တယ်။ ဆရာမက သမီး ဘာလုပ်နေ တာလဲ လို့မေးတော့ မုန့်ကျွေး နေတဲ့လူက ကျောင်း အပြင်ကို ပြန်ထွက် သွားတယ်။ ကျောင်းရှေ့မှာ နောက်တစ်ယောက် က စက်ဘီးနဲ့ စောင့်နေတယ်။ နှစ်ယောက် စ လုံး ပြန်ထွက် သွားကြတယ်”လို့ ဒေါပုံမြို့ နယ် ဗမာအေး ရပ်ကွက်ထဲမှာနေထိုင် တဲ့ ကို ဟန်သိန်းကပြောပါတယ်။
အဆိုပါ ကလေး ပျောက်သည်ဟုဆို သော သတင်းမှာ ထွက်ပေါ်လာပြီး နောက်ပိုင်း မှာတော့ ကျောင်းသား မိဘတွေ အနေနဲ့ ကျောင်းထဲ ကိုမ၀င်ရဘူး။ ထမင်းချိုင့် ကိုတစ်ခါ တည်း ထည့်ပေးရမယ် ဆိုတဲ့ စည်းကမ်းချက် တွေ ကျောင်းတိုင်း နီးပါး ထုတ်ပြန်ထားပါ တယ်။
“ကျောင်းလွှတ်ချိန် ကျရင် တာဝန်ကျ ဆရာ၊ ဆရာမ တွေကို ဂရုတစိုက် နဲ့စောင့် ကြည့်ဖို့ မှာကြားထား ပါတယ်။ နောက်ပြီး ကျောင်းမတက် တဲ့နေ့ဆိုရင် အတန်းပိုင် ဆရာမကို မိဘ ကိုယ်တိုင်ခွင့် လာတိုင်ရမယ်။ အတန်းပိုင် ဆရာ၊ ဆရာမကလည်း ကျောင်း သား ကျောင်းမလာရင် အိမ်ကိုအကြောင်း ကြာ ဖို့ ညွန်ကြား ထားတယ်”လို့ အ.မ.က ၉ သာ ကေတမြို့နယ်က ကျောင်းအုပ် ဆရာကြီး ဦးစိုး လွင်က ပြောပါတယ်။
အ.ထ.က ၅ ဗိုလ်တထောင်တွင် တက်ရောက် ပညာသင်ကြားလျက်ရှိ သည့် ကျောင်းသား တစ်ဦး၏ မိခင်ဖြစ်သူ မစန်းစန်း မော်က “သားရဲ့သွေး အုပ်စု၊ အသက်၊ အရပ် အမောင်း၊ ဓာတ်ပုံတွေကို ကျောင်းကို ပေးရ တယ်”လို့ ပြောပါတယ်။
လတ်တလော အနေအထားအရ ပြည် သူ လူထုကြားတွင် ကလေး ကိစ္စနှင့်ပတ်သက် ၍ ကောလာ ဟလ အမျိုးမျိုးထွက် ပေါ်လျက်ရှိ ပါတယ်။ သေချာ တဲ့သတင်း အချက်အလက် ကိုတော့ ဘယ်လိုမှ စုံစမ်းလို့မရဘူးလို့ ရန်ကုန် မြို့ခံတွေကပြောပါတယ်။
“ကလေးကို သတ်ပြီး အထဲက ကလီစာ တွေကို ထုတ်ထား တယ်ဆိုပြီးသွားကြည့်တာ ဘာမှမတွေ့ဘူး”လို့ ဒေါပုံမြို့နယ်က ကျောင်း သား မိဘတစ်ဦးကပြောတယ်။
ဒါပေမယ့် ထွက်ပေါ်လာတဲ့ သတင်းတွေ အရတော့ ကျောင်းသား မိဘတွေ အနေနဲ့ ကလေးတွေအတွက် စိုးရိမ် ပူပန်မှုရှိကြတယ်လို့ ပြောပါတယ်။
“အခုဆိုရင် ကျောင်းကို ကိုယ်တိုင် သွားပို့ သွားကြိုတယ်။ ကစားရင် လည်း ကိုယ့်လမ်းထဲ မှာပဲ ကစားခိုင်း တော့တယ်”ဟု သာကေတမြို့ နယ် ၅ ရပ်ကွက်ရှိ မိဘတစ်ဦးကပြောသည်။
အခြေခံပညာ တက်ရောက် သင်ကြား လျက်ရှိသည့် ကလေး သူငယ်များ အတွက် စိတ် ညစ်စရာ၊ ဖိအားများ မကျရောက် စေရန် အတွက်လည်း မိဘ နှင့်ဆရာ၊ ဆရာမများ အနေ နှင့်ပြုမှု လုပ်ဆောင်သင့်ကြောင်း ကလေး သူငယ် ကာကွယ်ရေးအသိပညာပေး လုပ်ငန်း များ လုပ်ကိုင် လျက်ရှိသော Ratra Mahal အင်ဂျီအိုမှ ကိုကျော်သန်းထွန်းကပြောပါ တယ်။
“ကလေးဆိုတာက ဖိအားများ လာရင် သူတို့ life အတွက်က မလွယ်တော့ဘူး။ ကျောင်းမှာ ဆိုရင်လည်း ဆရာ၊ ဆရာ မက ဆူပူတာတွေ၊ အိမ်မှာ ဆိုရင်လည်း မိဘရဲ့ စီးပွားရေး အခြေအနေ အဲဒီဟာ တွေကသူတို့ အတွက် ဖိအားတွေပဲ။ အဲဒီ အတွက် ထွက် ပေါက် တစ်ခုရှာတယ်။ အဲဒီမှာ တင်ကလေးတွေ ကို ခေါ်ပြီး ရောင်းစားတဲ့ သူတွေနဲ့တွေ့ပြီ ဆိုရင် တော့ သွားပြီပဲ”ဟု ကိုကျော်သန်းထွန်းက ပြောပါတယ်။ ကလေးတွေ အတွက်ကျောင်း မှာ ဖိအား မရှိစေဖို့၊ ဆရာ၊ ဆရာမ တွေ အနေ နဲ့လည်း ဂရုတစိုက် ပြုစု စောင့်ရှောက်သင့် တယ်လို့ အငြိမ်းစား ကျောင်းဆရာမကြီးတစ်ဦး ဖြစ်တဲ့ ဒေါ်အေးကြိုင်ကပြောပါတယ်။
“အဓိက က ခွဲခြား ဆက်ဆံခံရတဲ့ကိစ္စ၊ အဲဒါက ဘာတွေလဲဆိုတော့ ကျောင်းသား တစ် ယောက်က သူ့ရဲ့ကျူရှင်မှာ မတက်ရင် နှိမ်ပြီး ပြောဆိုတာ တွေတွေ့ရတယ်”လို့ သူမက ဆက် ပြောပါတယ်။
အဲဒီ အဖြစ်အပျက် တွေရှိတဲ့အတွက် ကြောင့် ကလေး သူငယ် လူကုန်ကူးတဲ့သူတွေ ရဲ့အဓိက ပစ်မှတ်ဖြစ်တဲ့ အသက် ၁၆ နှစ် အောက် ကလေးငယ်တွေ အတွက်က မိဘ ဆရာ၊ ဆရာမတွေ အနေနဲ့ ပြုပြင် ပြောင်းလဲမှု တွေ လုပ်သင့်ပြီလို့ ကိုကျော်သန်းထွန်း က ဆို ပါတယ်။
ကျောင်းတွေ အနေနဲ့ကလည်း အခုလတ် တလော အနေအထား အရတော့ မိဘတွေ အတွက် စည်းကမ်းချက်တွေ ထုတ်ပြန်ပြီး စောင့်ကြည့် နေကြတယ်လို့ အခြေခံ ပညာ ကျောင်း အသီးသီးမှာရှိတဲ့ တာဝန်ရှိ သူတွေက ပြောပါတယ်။
“အခုက တော့ စာမေးပွဲဖြေနေတဲ့ အချိန် ဖြစ်နေတော့ ကလေးတွေ အတွက်ကို ပိုပြီး ဂရုစိုက်ရတယ်။ မဖြေနိုင်တဲ့ ကလေးတွေ အတွက်က ပိုဆိုးတယ်။ စာမေးပွဲဖြေပြီးတဲ့ အချိန် ဆိုရင်တော့ လုံခြုံရေး တာဝန်ကျ ဆရာ၊ ဆရာမတွေ ထားပြီးစောင့်ကြည့်ရတယ်။ ဥပမာ ကလေး တစ်ယောက်က လူကြီး တစ်ယောက်နဲ့ စကားပြော နေပြီဆိုရင် ကလေးရဲ့အမူအရာ ကိုအဓိက ထားပြီးကြည့်တယ်”လို့ အ.မ.က ၃၀ သာကေတမြို့နယ်က လုံခြုံရေး တာဝန် ကျသူ တစ်ဦးကပြောပါတယ်။ ကလေးသူငယ် ကုန်ကူးတဲ့ သူတွေအနေနဲ့က ပြည်ပ ဈေးကွက် အနေနဲ့က တရုတ်နိုင်ငံ ကိုပဲ တင်ပို့ ရောင်းချကြ တယ်လို့ မြန်မာနိုင်ငံရဲ တပ်ဖွဲ့နိုင်ငံဖြတ်ကျော် မှုခင်းဌာန လူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့က ဒုတိယရဲမှူးကြီးရာလျန်မုန်းက ဆိုပါတယ်။
ဒါပေမယ့် အခုလတ်တလော  အရတော့ ကလေးသူငယ် ကုန်ကူးမှုနဲ့ပတ်သက်ပြီး ထူး ထူးခြားခြား ဖြစ်ရပ်တွေ မရှိဘူးလို့ သူကဆိုပါ တယ်။ “အခု Hot Line နံပါတ်တွေရှိတယ်၊ အဲဒါတွေက ကလေး ပျောက်တာ ပဲဖြစ်ဖြစ်၊ လူကုန်ကူးမှုဖြစ်ရပ် တွေအတွက် ထုတ်ပြန် ထားတယ်။ ဒီကို (လူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့) တိုက်ရိုက် လှမ်းတိုင်နိုင်ရင် ပိုကောင်း တယ်၊ ဌာန အနေနဲ့က ဒီကိစ္စ တစ်ခုကိုပဲ အဓိကထား ဆောင်ရွက်တော့ပိုပြီး မြန်မြန်ဆန် ဆန်လုပ် နိုင်တယ်”လို့ သူကဆိုပါတယ်။
ကလေး သူငယ် ကုန်ကူးတဲ့သူတွေရဲ့ အဓိက ပစ်မှတ်ကတော့ အခြေခံ လူတန်းစား၊ ရပ်တည်ရန် ခက်ခဲ့တဲ့ လူတန်းစား တွေရဲ့သား သမီး တွေကို အဓိက ထားတယ်လို့ ကိုကျော် သန်းထွန်းကပြောပါတယ်။
ကလေးသူငယ်များ အား အစားအစာ များနှင့် ဖြားယောင်း ဆွဲဆောင်ခြင်း၊ ၎င်း တို့အားပိုမိုကောင်းမွန်သော ဘ၀ တစ်ခုရ ရှိမည်ဟုပြောဆို သွေးဆောင်ခြင်း တို့ကြောင့် ကလေးသူငယ် များသည် လူကုန်ကူး သူများ ထံသို့ ရောက်ရှိသွားကြကြောင်း လူကုန်ကူး မှု အကြောင်း ရေးသားလျက် ဆရာဝင်းနိုင် ထွန်းက ပြောကြား ထားပါတယ်။
ကမ္ဘာပေါ်ရှိ ကလေးသူငယ်အများစု မှာ ပြန်ပေးဆွဲ ခံရပြီးနောက် မွေးစားရန် အတွက် လည်းကောင်း၊ ကျွန်အဖြစ် အသုံး ပြုရန်အတွက်လည်းကောင်း တရား မ၀င် စက်ရုံ၊ အဖွဲ့အစည်း များတွင် လုပ်ခနည်း အလုပ်သမား အဖြစ် အဓ္ဓမ စေခိုင်းခံရခြင်း၊ ညစ်ညမ်းပုံများ ထုတ်လုပ်ရေး လုပ်ငန်းများ တွင် အသုံးချ ခံရခြင်း၊ တရားမ၀င် တောင်း ရမ်းစား သောက်မှုလုပ်ငန်း၊ တရားမ၀င် မွေး စားခြင်း၊ အဓမ္မ ထိမ်းမြားခြင်းနှင့် ခန္ဓာကိုယ် အစိတ် အပိုင်း ရောင်းဝယ်ရေးများ တွင် အသုံးချခံရသည်ဟု ဆရာဝင်းနိုင်ထွန်းက ပြောပါတယ်။
“ကိုယ့်ရဲ့ရှေ့မှာ တော့ ကလေးပျောက် သွားတယ်။ ပြန်မတွေ့ရသေး ဘူးဆိုတဲ့ ကိစ္စ ကတော့ မတွေ့ရသေးဘူး။ ဒါပေမယ့် သားသမီးဗျ…။ ကိုယ်က အသက်နဲ့ရင်း ပြီး စောင့်ရှောက်ရမှာပဲ”လို့ပြောပြီး သမီး လေးရဲ့ကျောင်းသား ကဒ်ကို ပြန်ယူပြီး သွား ကြိုမယ့် ကိုဝင်းမင်းထွဋ်က ပြောပါတယ်။
ဇော်မင်းနိုင်