နှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင် တစ်ဒေါ်လာလျှင် မြန်မာငွေ ၆ ကျပ်နှုန်း တရားဝင် သတ်မှတ်လာခဲ့သည့် မြန်မာ နိုင်ငံတော် ဗဟိုဘဏ်၏ ခွင့်ပြုချက်ဖြင့် နိုင်ငံခြားငွေ လဲလှယ်စင်တာများ ယနေ့ ဖွင့်လှစ်လိုက်သည့် ပုဂ0x081ဂလိကဘဏ် ခြောက်ခုတွင် အမေရိကန်ဒေါ်လာ ၂၀၀ဝ အထိ လွတ်လပ်စွာ ရောင်းဝယ်ခွင့် ပြုထားသည်ကို တွေ့ရသည်။နိုင်ငံခြားငွေလဲ စင်တာများတွင် အမေရိကန်ဒေါ်လာ၊ FEC၊ ယူရိုနှင့် စင်ကာပူဒေါ်လာ လေးမျိုးကို ရောင်းဝယ်နေပြီး လူတစ်ဦးလျှင် အမေရိကန်ဒေါ်လာ ဒေါ်လာ ၂၀၀ဝ ပမာဏထက် ပိုပါက ရောင်းဝယ်လိုသည့် အကြောင်းပြချက်ကို ခိုင်လုံစွာ တင်ပြရမည်ဟု တရားဝင် ထုတ်ပြန် ကြေညာထားပြီး ဖြစ်သည်။" ဒေါ်လာ ၂၀၀ဝ အထိတော့ မှတ်ပုံတင် ပြပြီး ရောင်းချင်ရောင်း၊ ဝယ်ချင်ရင် ဝယ်။ အဲဒီ ပမာဏထက် များရင်တော့ ဘာကြောင့် ဝယ်ချင်၊ ရောင်းချင်တယ် ဆိုတာ ခိုင်လုံတဲ့ အကြောင်းပြချက် ပေးရမယ် " ဟု အစိုးရ တစ်ပိုင်း ပုဂ0x081ဂလိက တစ်ပိုင်း ဘဏ်တစ်ခု၏ နိုင်ငံခြားငွေလဲ ကောင်တာမှ ဝန်ထမ်းတစ်ဦးက The Voice Weekly သို့ ပြောကြားသည်။ယနေ့တွင် အဆိုပါ ကောင်တာများရှိ အီလက်ထရောနစ် သင်ပုန်းများ၌ အမေရိကန် တစ်ဒေါ်လာ ဝယ်ဈေး ၈၃ဝ ကျပ်၊ ရောင်းဈေး ၈၃၅ ကျပ်၊ FEC တစ်ယူနစ်လျှင် ဝယ်ဈေး ၈၃ဝ ကျပ်၊ ရောင်းဈေး ၈၃၅ ကျပ်၊ ယူရို တစ်ဒေါ်လာ ဝယ်ဈေး ၁၀၈ဝ ကျပ်၊ ရောင်းဈေး ဖွင့်ထားခြင်း မရှိ၊ စင်ကာပူ တစ်ဒေါ်လာ ဝယ်ဈေး ၆၃၅ ကျပ်၊ ရောင်းဈေး ဖွင့်ထားခြင်း မရှိဖြင့် ဈေးကွက် စတင် ဖွင့်လှစ်ခဲ့ပြီး ရောင်းသူ၊ ဝယ်သူများဖြင့် ကြိတ်ကြိတ်တိုး စည်ကားခဲ့သည်ကို တွေ့ရသည်။
နိုင်ငံခြားငွေ လဲလှယ်စင်တာများ ဖွင့်လှစ်
Reviewed by သစ်ထူးလွင်
on
13:38
Rating:
1 comment:
အဲဒါဆို ငွေဈေးက အတည်ဖြစ်ပီလို့ ပြောလို့ရနိုင်ပီလား... အတက်အကျရှိနိုင်သေးလား မသိဘူးနော်... ဘာဘဲပြောပြော အရင်ကထက် စာရင်တော့ အလားအလာကောင်းတွေ အများကြီး တွေ့နေရပါပီ.. ကျေးဇူးပါ.. သစ်ထူးလွင်....
Post a Comment