ရန်ကုန်မြို့  ၉၆ လမ်းမှာ တိုက်ဟောင်းပြိုလို့ လူ ၂ဦး ပြင်ထန်စွာ ဒဏ်ရာရရှိ



အောက်တိုဘာလ ၂၉ ရက်နေ့ (ယနေ့) ည ၉ နာရီ မိနစ် ၃၀ ခန့်က ရန်ကုန်မြို့ ၉၆ လမ်း အမှတ် ၂၆ တွင် တည်ရှိသော နှစ်ခန်းတွဲ နှစ်ထပ်တိုက် တစ်လုံး၏ ညာဘက်ခြမ်း ပထမထပ် နောက်ဖေးဘက်မှ ရုတ်တရက် ပြိုကျမှု ဖြစ်ပွားခဲ့ရာ အဆိုပါတိုက် မြေညီထပ်တွင် နေထိုင်သော အသက် ၄၉ နှစ်အရွယ်ရှိ အမျိုးသား တစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး အသက် ၃၀ အရွယ်ရှိ အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ အဆိုပါတိုက်မှာ မျက်မြင်အရပင် ဟောင်းနွမ်းဆွေးမြေ့ နေသည်ကို တွေ့ရပြီး ယခုဖြစ်စဉ်တွင် ကယ်ဆယ်ရေး လုပ်ငန်းများ ပါဝင် ဆောင်ရွက်နေသော မီးသတ်တပ်ဖွဲ့ဝင် တစ်ဦးက " အပေါ်ထပ်က မဆလာတွေဆို မွနေပြီ" ဟု မှတ်ချက်ပြု ပြောဆိုသည်။
The Voice Weekly




ရန်ကုန်မြို့  ၉၆ လမ်းမှာ တိုက်ဟောင်းပြိုလို့ လူ ၂ဦး ပြင်ထန်စွာ ဒဏ်ရာရရှိ ရန်ကုန်မြို့  ၉၆ လမ်းမှာ တိုက်ဟောင်းပြိုလို့ လူ ၂ဦး ပြင်ထန်စွာ ဒဏ်ရာရရှိ Reviewed by သစ်ထူးလွင် on 11:47 Rating: 5

No comments:

Powered by Blogger.