ဧရာဝတီမြစ်
ကမ်းပါး တိုက်စားမှုကြောင့် မကွေးတိုင်းဒေသကြီး ကမ္မမြို့နယ်မှ
ရွှေကျွန်းသစ်ကျေးရွာ တစ်ရွာလုံး ပြည်တော်သာရွာသို့ ရွှေ့ပြောင်းခဲ့ရကြောင်း
ကမ္မ မြို့နယ်ဒေသခံများ၏ သတင်းပေးပို့ချက် အရသိရသည်။ “စက်တင်ဘာလ ၁ဝရက်နေ့
ဝန်းကျင်ကနေစပြီး တအိအိနဲ့ ပြိုလာတာ အခုဆိုဧက ၆ဝလောက်ရှိသွားပြီ။ ဒီတော့
ဆက်နေဖို့ လုံးဝမဖြစ်တော့တဲ့ အတွက် ရွာလုံးကျွတ်ရွှေ့သွားကြပြီ”ဟု
ဒေသခံဦးမြင့်ရွှေက ပြောသည်။ နှစ်စဉ် ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့်
မိုးတွင်းကာလ များတွင် ကမ်းပါးပြိုခြင်းများ ရှိသော်လည်း အများဆုံး ၄ဧက၊
၅ဧကခန့် ပြိုခြင်းသာ ကြုံတွေ့ခဲ့ရဖူးကြောင်း၊ ယခုကဲ့သို့ ပြိုကျခြင်းကိုမူ
တစ်သက်နှင့် တစ်ကိုယ်မကြုံ တွေ့ခဲ့ရဖူးကြောင်း ၄င်းကထပ်မံဆိုသည်။
တောင်သူအများစု နေထိုင်သည့် ထိုကျေးရွာတွင် အိမ်ခြေ ၄၇ လုံးသာရှိပြီး
လူဦးရေ ၂၅ဝ ခန့် ရှိကြောင်း၊ နွေနှင့်ဆောင်း တွင်မြေနု ကျွန်းပေါ်၌
ပဲအမျိုးမျိုးအပါအဝင် သီးနှံများကို စိုက်ပျိုးကာရရှိလာသော
ငွေကြေးများဖြင့် မိုးတွင်းတစ်တွင်းလုံး နေထိုင်စားသောက် ကြကြောင်း
ဒေသခံများ ထံမှ သိရသည်။ ”ကိုယ်ထူကိုယ်ထ မူလတန်း ကျောင်းလေးလည်း
ကမ်းပါးပြိုတဲ့ အထဲပါသွားပြီ။ ဒီက ကလေးတွေ အနီးအနားက ရွာတွေမှာသွားတက်
ဖို့ပဲရှိကြတော့ တယ်။ မိုးတွင်းမှာက ရေကအပြည့်ရှိနေတော့ ကလေးတွေကို
မြစ်ကူး၊ ချောင်းကူးမပို့ရဲဘူး။ ပိုက်ဆံတတ်နိုင်တဲ့ သူတွေကတော့
ကျောင်းဖွင့်ကတည်းက အနီးအနားက ကျေးရွာတွေမှာ ပို့ထားတယ်”ဟု ဒေသခံတစ်ဦးက
ပြောသည်။ စားဝတ်နေရေးအတွက် မကြာမီ ရေပြန်ကျသွာမည့် ဧရိယာအပါအဝင် ဧက ၃ဝဝဝ
အကျယ် မြေနုကျွန်း များပေါ်၌ မိရိုးဖလာ စိုက်ပျိုးမှုဖြင့် လာမည့်မိုးတွင်း
ကာလတွင် လုပ်ကိုင်မည်ဟု ယင်းဒေသခံများက ထပ်လောင်းဆိုသည်။
မင်းသုအောင်
မင်းသုအောင်
ဧရာဝတီမြစ် ရွာလုံးကျွတ် တိုက်စားသွား
Reviewed by သစ်ထူးလွင်
on
11:36
Rating:
No comments:
Post a Comment