ရထား​နှင့်​လျှပ်စစ်မီတာ သုံး​စွဲခများ​ တိုး​ကောက်ရန် အစိုး​ရအဖွဲ့​ သ​ဘောတူ


ရထား​ခနဲ့​ မီတာခ​တွေ တိုး​မြှင့်​သတ်မှတ်​ကောက်ခံဖို့​ အစိုး​ရအဖွဲ့​က သ​ဘောတူလိုက်တယ်လို့​ သိရပါတယ်။
ဒီ ​နေ့​ကျင်း​ပတဲ့​ ပြည်​ထောင်စုလွှတ်​တော် အစည်း​အ​ဝေး​မှာ သက်ဆိုင်ရာ ဝန်ကြီး​တွေက တိုးကောက်ဖို့​ကိစ္စ လွှတ်​တော်ကို တင်ပြခဲ့​ကြတယ်လို့​ ရန်ကုန်တိုင်း​ အမျိုး​သား​လွှတ်​တော်ကိုယ်စား​လှယ် ဦး​ဖုန်း​မြင့်​အောင်က ​ပြောပါတယ်။
“ရထား​ဝန်ကြီး ​တင်တယ်။ သူတို့​ရထား​ခ​တွေ တက်ချင်တယ်။ လက်ရှိကား​ခရဲ့​ ထက်ဝက်​လောက်ကို တက်ချင်တယ်​ပြောတယ်။ အဲဒါနဲ့​ပတ်သက်လို့​ သူတို့​ကက်ဘိနက်​တွေလည်း​ ဆုံး​ဖြတ်ထား​ပြီး​ပြီတဲ့​။ အဲဒါကို ကျ​နော်တို့​ ပြည်​ထောင်စုလွှတ်​တော်ကို အဆိုတင်သွင်း​တာပါ။ အဲဒီအဆိုတင်သွင်း​ပြီး​တော့​ လွှတ်​တော်ကိုယ်စား​လှယ်တ​ယောက်က​တော့​ သူ့​ဌာနက လုပ်​ဆောင်ဖို့​ရှိပါတယ်။ ပြည်​ထောင်စုလွှတ်​တော်မှာ ​ဆွေး​နွေး​စရာမလိုပါဘူး​လို့​ ​ပြောတယ်။ ပြည်​ထောင်စုလွှတ်​တော်မှာ နာယကက ဒါကိုပြည်​ထောင်စုလွှတ်​တော်မှာ မှတ်တမ်း​ပဲ တင်မယ်လို့​ပြောပါတယ်။”
ရထား​ခ​တွေကို ဥပမာ ရန်ကုန်-မန္တ​လေး​ကား​ခ ကျပ်တ​သောင်း​ခွဲ​ပေး​ရရင် ရထား​ခ ၇၅၀၀ ကျပ် အနည်း​ဆုံး​ သတ်မှတ်မှာဖြစ်ပြီး​ တပြည်လုံး​ ​ပြေး​ဆွဲ​နေတဲ့​ ရထား​ခ​တွေအား​လုံး​ တိုး​မြှင့်​သတ်မှတ်မှာဖြစ်ပါတယ်။
မီတာခက​တော့​ လက်ရှိတယူနစ် ၂၅ ကျပ်နှုန်း​နဲ့​ကောက်ခံ​နေရာက အနည်း​ဆုံး​ တယူနစ် ၇၂ ကျပ်အထက် ​ကောက်ခံမှာဖြစ်ပါတယ်။
အမှတ်-နှစ် လျှပ်စစ်စွမ်း​အား​ဝန်ကြီး​ရဲ့​ လွှတ်​တော်ကိုတင်ပြချက်အရ တယူနစ်ကို အရင်း​ ၇၂ ကျပ် ကျသင့်​နေတာဖြစ်ပြီး​ ဝန်ကြီး​ဌာအ​နေနဲ့​အရှုံး​ခံ ​ပေး​ဝေ​နေတာလို့​ သိရပါတယ်။
ဒီအတွက် မီတာခက တယူနစ်ကို ၇၅ ကျပ်နဲ့​ ၁၀၀ အကြား​ တိုမြှင့်​ကောက်ခံသွား​ဖို့​ ရှိ​နေတာပါ။
အခု တိုး​မြှင့်​ကောက်ခံဖို့​ ရှိ​နေတဲ့​ မီး​ရထား​နဲ့​ အမှတ်နှစ် လျှပ်စစ်စွမ်း​အား​ ဝန်ကြီး​ဌာန​တွေက သူတို့​ရဲ့​လုပ်ငန်း​တွေကို အရှုံး​ခံလုပ်​နေကြရတယ်လို့​ လွှတ်​တော်ကို တင်ပြသွား​ကြောင်း​လည်း​ သိရပါတယ်။

သတင်း---ဒီဗွီဘီ 
ရထား​နှင့်​လျှပ်စစ်မီတာ သုံး​စွဲခများ​ တိုး​ကောက်ရန် အစိုး​ရအဖွဲ့​ သ​ဘောတူ ရထား​နှင့်​လျှပ်စစ်မီတာ သုံး​စွဲခများ​ တိုး​ကောက်ရန် အစိုး​ရအဖွဲ့​ သ​ဘောတူ Reviewed by သစ်ထူးလွင် on 12:09 Rating: 5

1 comment:

Anonymous said...

ဝန်ကြီး​ဌာနကရှုံး​တယ်ဆိုတာ ကြားက၀န်ထမ်းတွေမမှန်မကန်လုပ်တာတွေရှိနေလို.ပါ..မီတာခတိုး​မြှင့်​ကောက်ခံရင်ပြည်သူတွေပဲ ဒုက္ခရောက်မှာ..ဖြတ်စားလာဘ်စားတွေကိုအရင်စိစစ်သင်.ပါတယ်..အစိုးရ၀န်ထမ်းတိုင်းရဲ.လာဘ်စားတဲ.အကျင်.ကိုအရင်ဆုံးပျောက်အောင်လုပ်သင်.ပါတယ်။

Powered by Blogger.