ရွှေချောင်းရေကြီးမှုကြောင့် ပခုက္ကူကျောင်းတိုက်တစ်ခု ပျက်စီးပျောက်ကွယ်


အောက်တိုဘာ ၂ဝ ရက် နံ နက်ပိုင်းက ရွှေချောင်း ချောင်းရေ တိုက်စားမှုကြောင့် ပခုက္ကူမြို့ရှိ အေးငြိမ်းချမ်းသာ ကျောင်းတိုက်ကြီးမှာ ကျောင်းဆောင် အဆောက် အဦများ၊ ရှစ်မျက်နှာစေတီနှင့် ကျောင်းတိုက် တို့ ပျက်စီးပျောက်ကွယ် သွားခဲ့ကြောင်းသိရသည်။  အေးငြိမ်းချမ်းသာကျောင်း တိုက်ကြီးမှာ ပခုက္ကူမြို့၊ အမှတ် ၃ရပ်ကွက် အတွင်းရှိပြီး ကျောင်း မြေအကျယ် ပေ ၂ဝဝ ပတ်လည် ရှိကြောင်း၊ ချောင်းရေတိုက်စားမှု ကြောင့် ၂နာရီအတွင်း သာသနိက အဆောက်အအုံအကြီး၊ အသေး ၁၅ လုံး၊ သစ်ပင်၊ ပန်းမန်၊ ရေတွင်း၊ ရေကန်အလုံးစုံ ပျောက်ကွယ် ပျက်စီးခဲ့ရပြီး ကျောင်းဝင်းမြေ နေရာမှာလည်း ချောင်းမြေ၊သဲပြင်ကြီး ဖြစ်သွားခဲ့ရသည်။ အေးငြိမ်းချမ်းသာ   ကျောင်း တိုက်ကြီးတွင် ဆရာတော် ဦးပညာသာမိနှင့် သံဃာတော်တစ်ပါး၊ ရှင်သာ မဏေ ၆ ပါး သီတင်းသုံးနေထိုင်ကြပြီး ချောင်းရေတိုက်စား မှုကြောင့် ကျောင်းတိုက် ကြီး ပြိုကျ ပျက်စီးခဲ့သော်လည်း ဆရာတော်၊ သံဃာ တော်များမှာ အသက်ဘေးမှ လွတ်မြောက်ခဲ့ကြသည်။ သို့သော်လည်း ကျောင်း၏ ဝေယျာဝစ္စကို ဆောင်ရွက်ပေး   နေသော ကိုရင်လူထွက် ကျောင်းသားများနှင့် ကိုရင်များ၏ အမိ၊ အဘ၊ ညီအစ်ကို၊ မောင်နှမများ ချောင်းရေတွင် မျောပါသေဆုံး သွားခဲ့ကြောင်း သိရသည်။  ထိုသို့   ကျောင်းတိုက်ကြီး ချောင်းရေတိုက်စား ပျက်စီးသွားခြင်းကို အလှူဒါယကာ ဦးလှအောင်က ”၁ဝ နှစ်ကျော်ကြိုးစားတည်ဆောက် ခဲ့တာတွေက ၂ နာရီအတွင်းမှာ အကုန် ပျက်စီးသွားတယ်။ ဝိုင်းဝန်း ကြိုးစားပြီး မြေနေရာလေးနဲ့ ကျောင်းတစ်ဆောင် ကတော့ အမြန်ဆုံး ပြန်လည်တည်ဆောက်ပေးရမှာပေါ့” ဟု ပြောပြသည်။  ရွှေချောင်း    ချောင်းရေ တိုက်စား မှုကြောင့် အေးငြိမ်းချမ်းသာ ကျောင်းတိုက်အပါအဝင် အိမ်ထောင် စု ၃၅ဝ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး လူဦးရေ ၃ဝဝ ကျော် ချောင်းရေနှင့် အတူ မျောပါ   သေဆုံးခဲ့ကြောင်း သိရသည်။
မောင်တာ
ရွှေချောင်းရေကြီးမှုကြောင့် ပခုက္ကူကျောင်းတိုက်တစ်ခု ပျက်စီးပျောက်ကွယ် ရွှေချောင်းရေကြီးမှုကြောင့် ပခုက္ကူကျောင်းတိုက်တစ်ခု ပျက်စီးပျောက်ကွယ် Reviewed by သစ်ထူးလွင် on 12:29 Rating: 5

No comments:

Powered by Blogger.