ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) တပ်မဟာ (၄) လက်အောက်ခံ၊ တပ်ရင်း (၉)
သည် မူဆယ်-လားရှိုး လမ်းမအနီးရှိ ရွှေပြည်သစ် ရဲဘက်စခန်းကို တိုက်ခိုက်ပြီး
အကျဉ်းသားများကို ယမန်နေ့က လွှတ်ပေးလိုက်ကြောင်း သိရသည်။ KIA က ရဲဘက်စခန်း
အနီးမှ ဖြတ်သန်း သွားလာစဉ် တာဝန်ကျ ရဲများက စတင်ပစ်ခတ်သောကြောင့်
ရဲဘက်စခန်းကို တိုက်ခိုက်စီးနင်း ခဲ့ကြောင်း၊ ပြန်လွှတ်ပေးလိုက် သူများတွင်
နိုင်ငံရေးအရ ဖမ်းဆီးခံရသူများပါကြောင်း Kachinland News သတင်းတွင်
ဖော်ပြထားသည်။ KIA က စခန်းမှူးနှင့် ရဲတပ်သား များကိုလည်း ဖမ်းဆီးရမိသည်ဟု
သိရသည်။
KIA က ရဲဘက်စခန်းကိုစီးနင်း၊ အကျဉ်းသားများကို လွှတ်ပေး
Reviewed by သစ်ထူးလွင်
on
23:09
Rating:
No comments:
Post a Comment