မြန်မာနိုင်ငံတွင် လူအများစု သုံးစွဲလာနိုင်စေရန် အလို့ငှာ တန်ဖိုးနည်းအနေဖြင့် ပထမဆုံးအကြိမ် ဈေးလျှော့ သတ်မှတ်ထားသည့် ကျပ်သုံးသိန်းဝန်းကျင် GSM ဖုန်းများကို ယခုနှစ် နိုဝင်ဘာလကုန်တွင် ချထားပေးနိုင်မည်ဟု ခန့်မှန်းကြောင်း နေပြည်တော်ရှိ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ GSM ဖုန်းဆိုင်ရာ အင်ဂျင်နီယာချုပ် ဦးစိုးအောင်က စက်တင်ဘာ (၁) ရက်နေ့တွင် The Voice Weekly သို့ ပြောကြားသည်။
အဆိုပါ သုံးသိန်းဝန်းကျင် တန်ဖိုးရှိ GSM ဖုန်းများသည် ယခင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက သတင်းထုတ်ပြန်ခဲ့သည့် အတိုင်း အင်တာနက် ဝန်ဆောင်မှုပါ တပြိုင်နက် အသုံးပြုနိုင်မည်ဟုလည်း 0x158င်းက ဆိုသည်။
" ခန့်မှန်းခြေ နိုဝင်ဘာလကုန်မှာ ရဖို့ ဖြစ်သွားမှာပါ " ဟုလည်း အင်ဂျင်နီယာချုပ် ဦးစိုးအောင်ကThe Voice Weekly ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည် ဖြေကြားခဲ့သည်။
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်မည့် ကုမ0x081ပဏီများမှာ ဩဂုတ်လ၂၆ရက်နေ့က တရားဝင် စာချုပ်ချုပ်ဆို ခဲ့ကြပြီး ခြောက်လအကြာတွင် ယင်းဖုန်းများ ချထားပေးမည်ဟု နိုင်ငံပိုင် မီဒီယာများတွင် ဖော်ပြခဲ့ကြပြီး ယခုမူ ကုမ0x081ပဏီများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်သည့်အတွက် ယခင်ကထက် ပိုမိုမြန်ဆန်နိုင်ဖွယ် ရှိသည်ဟု ခန့်မှန်းခြင်း ဖြစ်ကြောင်း 0x158င်းက ထပ်လောင်း ပြောကြားသည်။
" သုံးသိန်းဖုန်းက ထွက်မယ်ဆိုလို့ ဝယ်ဖို့စောင့်နေတာ ကြာပြီ၊ အတိအကျကို သတင်းတွေက မသိရဘူး " ဟု ဖုန်းဝယ်ရန် စောင့်နေသည့် အသက် ၂ဝ ကျော်အရွယ် ပုဂ0x081ဂလိကဝန်ထမ်း အမျိုးသမီးတစ်ဦးက ဆိုသည်။
အဆိုပါ တန်ဖိုးနည်း GSM ဖုန်း စီမံကိန်းသည် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၊ စာတိုက်နှင့်ကြေးနန်း ဝန်ကြီးဌာန၏ လေးနှစ်အတွင်း GSM ဖုန်းလိုင်း သန်းသုံးဆယ် ချထားပေးမည့် စီမံကိန်းမှ ပထမနှစ်လေးသန်း စီမံကိန်းအတွက် ဖြစ်ပြီး ပြည်တွင်းရှိ E-lite Tech Manufacturing Co,ltd၊ Asia Mega Link၊ ရွှေသံလွင်နှင့် IGE တို့က လုပ်ကိုင်ခွင့် ရရှိထားကြသည်။
ယခုနှစ် ၂၀၁၁ အတွင်း ချထားပေးမည့် ဖုန်းအလုံးရေ ၄ သန်းအနက် ၈ သိန်းခန့်ကို ရန်ကုန်တိုင်း ဒေသကြီးအတွင်း ချထားပေးသွားမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြည်တွင်းထုတ် သတင်းဂျာနယ် တစ်စောင်ကို ပြောကြားခဲ့သည်။

သုံးသိန်း GSM များ နိုဝင်ဘာလကုန်တွင် ချပေးနိုင်မည်ဟု မြန်မာ့ဆက်သွယ်ရေး ခန့်မှန်း
Reviewed by သစ်ထူးလွင်
on
21:55
Rating: