သမ္မတ
အကြံပေးအဖွဲ့ထဲ ပါဝင်နေတဲ့ နေဇင်လတ် (ခ) ဌေးအောင်ဟာ သိုက် တူးသူ
အင်္ဂလိပ်လိုဆိုရင်တော့ (Gold Digger) တဦးမျှသာ ဖြစ်ပါတယ်။ ပိုက် ဆံရှိတဲ့
မိန်းမတယောက်ကို ရအောင်ယူပြီး သူဋ္ဌေးဘွဲ့ခံထားသူပါ။ တကယ် က သူဟာ ခေတ်ပျက်
သူဋ္ဌေးတယောက်ဖြစ်ပြီး၊ အရင်က ယောင်ခြောက် ဆယ်တဦးမျှသာ ဖြစ်တယ်။
ဗိုလ်ကြီးဟောင်း တဦးမျှသာဖြစ်ပြီး သူရဲ့မိန်းမ ဒေါ်ခင်ဆန်းက ပိုက်ဆံရှိ တယ်။ တော်တယ်။ ထက်တယ်။ နေဇင်လတ် ဆိုတာ မခင်ဆန်း သေဆိုသေ ရှင်ဆိုရှင်ပါ။ မခင်ဆန်း က တကယ့်သော့ (Kye) ပါ။ ထမင်းစားရင်တောင် နေဇင်လတ် က မခင်ဆန်း မလာသေးရင် ဇွန်းကို မကိုင်ရရှာဘူးလို့ ဓါတ်သိ တောင်ဥက္ကလာသား တဦးက ဆိုပါတယ်။
အနှီ မခင်ဆန်း က ဘယ်သူနည်းလို့မေးရင်တော့ ယခင် မောင်မောင်ကျော်ရဲ့ ဒုတိယ ဇနီးဟောင်း ဖြစ်ပါတယ်လို့ ပြော ပါရစေ။ (မောင်မောင်ကျော် ရဲ့ တတိယမိန်းမ မို့မို့မြင့်အောင် ဖြစ်ပါတယ်။) မခင်ဆန်း တော်ချက်ကတော့ သူယူတဲ့ ယောက်ကျားတွေက အခွေစကားနဲ့ပြောရရင် ပေါက်တယ်ပေါ့ဗျာ။
သူ့ ပထမယောက်ကျား မောင်မောင်ကျော်ကို ဖြစ်စေသတည်းလို့ မခင်ဆန်း မန်းမှုတ်လိုက်တဲ့ အခါမှာ၊ မောင်မောင် ကျော် ဖြစ်လာတယ်။ နောက်ယောက်ကျားဖြစ်တဲ့ နေဇင်လတ် ကိုလည်း နေဇင်လတ် ဖြစ်စေသတည်းလို့ မန်းလိုက်တဲ့ အခါမှာ သမ္မတ အကြံပေး ဖြစ်လာတယ်။ ဒီလောက်စွမ်းပါတယ်။ အမျိုးသမီးက တကယ်တော်ပါတယ်။
မခင်ဆန်း က နေဇင်လတ်ကို ရန်ကုန်မြို့ ဆရာစံလမ်းပေါ်က Ambo Hotel ကို ဦးစီးခိုင်းထားပါတယ်။ နေဇင်လတ်က သောက်ဖြစ်သိပ်မရှိတာရယ်၊ Visit Myanmar Year မှာ နိုင်ငံတကာပိတ်ဆို့မှုလေးရယ် ပေါင်းလိုက်တဲ့အခါသမယ အကြံ သမားတသိုက်ရဲ့ ဟော်တယ်နဲ့ တည်းခိုခန်းတွေအားလုံးဟာ မဟုတ်တရုတ် လုပ်တဲ့နေရာတွေအဖြစ်နဲ့ နိဋ္ဌိတံ နေရာပါ တယ်။ စီးပွားကျသပေါ့လေ။
ဟောတယ်လို့ နာမည်ခံထားပေမယ့် ဟောတယ်တခုအင်္ဂါရပ်နဲ့အညီ အဆင့်တန်းမရှိတဲ့အပြင် နာမည်ကလည်း သိပ် မကောင်းလှပါဘူး။ အကျင့်ပျက်စီးပွားရေးသမားတွေရဲ့ ပြည့်တန်ဆာတွေခေါ်လာတဲ့ နေရာအဖြစ်နဲ့  နိဂုံးချုပ်နေရပါ တယ်။ ရှင်းရှင်းပြောရရင်တော့ ခေတ်ပျက်အထည်ကြီးပျက် ဖြစ်နေတာပါ။ ဒီတော့ နေဇင်လတ် ဟာ နိုင်ငံရေးလော ကကို ဝင်လာပြီး ကိုယ်ကျိုးရှာယုံသက်သက်မျှသာ ဖြစ်ပါတယ်။
ပိုက်ဆံရှိတဲ့ မိန်းမကိုရလိုက်တဲ့ နေဇင်လတ်ဟာ စိုင်ကော်လို ခြုံပေါ်ရောက်လာသူလို့ ဆိုနိုင်ပါတယ်။ သူဟာ အမျိုးအ မည် မထင်ရှားတဲ့ တက္ကသိုလ်တခုက ဒေါက်တာဘွဲ့ကို အွန်လိုင်းကနေယူခဲ့တာလို့ သိရပါတယ်။ ဒေါက်တာဘွဲ့အတွက် ကုန်ကျငွေကတော့ ဒေါ်လာ ၂၅ဝဝ မျှသာဖြစ်တယ်လို့ သူ့မိတ်ဆွေဟောင်း တဦးဖြစ်တဲ့ မီဒီယာသမားတဦးက ဆိုပါ တယ်။
စာအုပ်တွေ ၂ ဒါဇင်နီးပါးကိုလည်း ရေးခဲ့ပြီး၊ တအုပ်မှ သူကိုယ်တိုင်ရေးတာ မဟုတ်ဘဲ၊ ငွေပေးပြီး သူများကိုရေးခိုင်းခဲ့ တာတွေဖြစ်တယ်လို့ ဓါတ်သိတွေက ဆိုပါတယ်။ ဒီစာအုပ်တွေကလည်း အကုန်လုံးက အပေါစားတက်ကျမ်းတွေမျှ သာ ဖြစ်ပါတယ်။ သမ္မတအကြံပေး ဆိုပေမယ့် သမ္မတကို ခုထိမတွေ့ဖူးသေးသူ ဖြစ်ပါတယ်။ သမ္မတ အကြံပေးအဖြစ် ကို ကျော်ဆန်း ထောက်ခံမှုနဲ့ ရလာတာပါ။ မုံရွာသား တောသားလူမိုက် ကျော်ဆန်း ဟာ စာကောင်းကောင်း ဖတ်တတ်သူ မ ဟုတ်တော့ နေဇင်လတ် ရွှီးတာကို သိပ်ယုံတယ်လို့ ဆိုတယ်။
နေဇင်လတ်က ကျော်ဆန်းကို ခေါင်းလိမ်ဆီက ဘယ်တံဆိပ်ကောင်းတယ်။ ဆံပင်ဆိုးဆေးက ဘယ်တံဆိပ်ကောင်း တယ်။ ရေမွေးဆိုရင် ဘယ်ဟာကကောင်းတယ်။ ဟောတယ်မှာ တမင်းစားရင် ဇွန်း၊ ခက်ရင်းကို ဘယ်လိုကိုင်ရတယ် ဆိုတာတွေကို ကျော်ဆန်း ဝန်ကြီးဖြစ်ခါစမှာ အနီးကပ်သင်တန်း ပေးခဲ့ရဖူးတယ်လို့ သိရတယ်။ တကယ်က နေဇင်လတ် ရဲ့ ဥပဇ္ဈယ်ဆရာအစစ်က မခင်ဆန်း ပဲ ဖြစ်ပါတယ်။
ဒီပညာတွေကို မခင်ဆန်းက နေဇင်လတ် ကိုသင်။ နေဇင်လတ်က တခါ ကျော်ဆန်း ကို ပြန်ပို့ချ၊ ဒီတော့ ကျော်ဆန်း ရဲ့ ရီကွန်မန်ဒေးရှင်းနဲ့ နေဇင်လတ်က သမ္မတလူကြမ်းအဖွဲ့မှာ အကြံပေးဖြစ်လာတော့ သမ္မတရဲ့အကြံပေးအစစ်က မခင်ဆန်း လို့ ဆိုနိုင်ပါကြောင်း။
သမ္မတအကြံပေးအဖွဲ့တွေကို သိန်းစိန် က စာရေးပြီး တင်ပြကြလို့ အမိန့်ပေးတော့ နေဇင်လတ် တင်တဲ့စာတန်းကို သိန်း စိန် နဲ့ တင်အောင်မြင့်ဦး (Shit Lone) တို့ သဘောကျ ဆိုပဲ။ ဒီအကြံပေးစာတန်းမှာ အမေရိကန်ရဲ့ သြဇာကို ထိမ်းညှိဖို့အ တွက် တရုပ်ကို သမ္မတ သွားသင့်ကြောင်းနဲ့  တရုပ်ကို တန်ပြန်ထိမ်းညှိဖို့ကတော့ ရုရှားကို ကပ်ထားသင့်ကြောင်း၊ အကြီး အကဲတဦး ရုရှားကိုသွားသင့်ကြောင့် အကြံပြုချက်တွေပါတယ်လို့ ဆိုတယ်။ ဒီစာတန်းကို နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေး ဝန်းကြီးဌာန အစည်းဝေးမှာ ခဏခဏ ညွှန်းတယ်လို့ ဆိုပါတယ်။
ဒီစာတန်းပါ အချက်တွေကို အကြံပေးခဲ့သူကတော့ မခင်ဆန်း လက်ရာလို့ ဆိုကြပါကြောင်း။ တရုပ်ကို သိန်းစိန် သွားပြီး ရုရှားကို ရွှေမန်း သွားပုံထောက်ရင်တော့ မခင်ဆန်း ရဲ့ အကြံပေးချက်တွေဟာ အစိုးရသစ်အဖွဲ့တွက် အထောက်ကူပြု နေပုံရတယ်လို့ ယူဆရပါတယ်။
တောင်ဥက္ကလာ နန္ဒဝင်ဈေးထဲက ဈေးသူဈေးသားတွေ ပြောနေတာကတော့ သူတို့ ရပ်ကွက်သား နေဇင်လတ် ခုလို ပေါက် ပေါက်မြောက်မြောက် ဖြစ်နေတာကောင်းပါရဲ့ ဒါပေမယ့် စီးပွားရေးမျက်စိရှိတဲ့ မခင်ဆန်းက ထက်ထက်မြက်မြက် အကြံပေးချက်တွေကို အစိုးရအဖွဲ့က နားထောင်မယ် မှတ်သားမယ်ဆိုရင် ကုန်ဈေးနှုန်း ကျလာနိုင်မယ်လို့ ယူဆနေကြ တယ်လို့ ဆိုတယ်။
ငချစ်သင်
July 2, 2011 နေ့က သရော်စာကို ပြန်လည် ဖေါ်ပြခြင်း ဖြစ်ပါတယ်။

သမ္မတ အကြံပေး ကျနော် နေဇင်လတ်
Reviewed by သစ်ထူးလွင်
on
22:40
Rating: