ကျောက်ဖြူရေနက်ဆိပ်ကမ်းမှ တရုတ်ပြည်အထိ သွယ်တန်းမည့် ရေနံ၊ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်း (မှတ်တမ်း၊ ရုပ်သံ)



တရုတ် ယူနန်ပြည်နယ် သတင်းဋ္ဌာနနဲ့ CCTV သတင်းဋ္ဌာနတို့က ထုတ်လွှင့်သွားတဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်း၊ တရုတ်မီးရထားကုမ္ပဏီ (CREC)နဲ့ အကျိုးတူဖောက်လုပ်မယ့် ကျောက်ဖြူ၊ ကြပ်ပြေး၊ မူဆယ်၊ ကူမင်းရထားလမ်းစီမံကိန်းနဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်းမှ တရုတ်ပြည်အထိ သွယ်တန်းမယ့် ရေနံ၊ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်း သတင်းဓာတ်ပုံ၊ ရုပ်သံမှတ်တမ်းနဲ့ စီမံကိန်း ပုံစံပြသရုပ်ဖော် (မှတ်တမ်း၊ ရုပ်သံ)ဖိုင်ပါ...။
ရုပ်သံဖိုင်အောက်မှာ ဆက်လက် ကြည့်ရှုပါရန်...



ကူမင်းရထားလမ်းစီမံကိန်းနဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်း ရုပ်သံဖိုင် ဒေါင်းလုပ်လုပ်ချင်ရင် http://www.mediafire.com/?b251ugebbi2ufe7
ကျွန်တော်တို့ မြန်မာပြည်ရဲ့ ခေါင်းပိုင်းမှာ မြစ်ဆုံဆည် တည်ဆောက်ပြီး မြန်မာပြည်ကို ခေါင်းပိုင်းဖြတ်မယ်..။ အလယ်ပိုင်းကို ဖြတ်ပြီး ရေနံ၊ သဘာဝဓာတ်ငွေ့ နဲ့ရှိတာ အကုန်သယ်မယ်။ မြန်မာပြည်ရဲ့ အမြီးကျက် အမြီးစား၊ ခေါင်းကျက်ခေါင်းစား တိုင်းပြည်ကို လက်ညှိုးထိုးရောင်းစား နေတဲ့ အာဏာရှင်တွေရဲ့ လုပ်ရပ်တွေပါ...။ ခေါင်ကိုထိရင် အကုန်စားလို့ ရသလို မြန်မာပြည်ရဲ့ခေါင်းပိုင်း ဧရာဝတီမြစ်ဆုံကို ထိအောင် ပစ်ပြီး မြန်မာပြည်ကို တရုတ်ပြည်ရဲ့ ပြည်နယ်လို့များ သတ်မှတ်လေတော့မလားပဲ...။
ရထားလမ်း စီမံကိန်းကတော့ ၂၀၁၁ခုနှစ် ၄လပိုင်း ၂၇ရက်နေ့က ကြပ်ပြေးမှာ လက်မှတ် ရေးထိုးခဲ့ကြတာပါ...။ စေတနာ ကောင်းနဲ့တော့ အလကား ဘယ်သူမှ မဖောက်ပေးပါ...။ လေ့လာကြည့်လေ အရေးကြီးတဲ့စီမံကိန်းတွေ အားလုံး တရုတ်နဲ့ မကင်းလေပါပဲ...။ ပြည်ပအားကို ပုဆိန်ရိုး အဆိုးမြင်ဝါဒီများ ဆန့်ကျင်ကြဆိုတာ မိမိကိုယ်ကိုယ် မိမိမှန်ကြည့်လက်ညှိုးထိုး၊ ခေါင်းမော့ တံထွေးထွေးနေတဲ့ အာဏာရှင်တွေရဲ့ လုပ်ရပ်လို့ ဆိုရလေမလားပဲ...။
ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းမှာ ရေးထားတဲ့ စာကတော့ 
ကောင်းမွန်သော စီမံကိန်းများကို ပြုလုပ်ဖန်တီးခြင်းဖြင့် မြန်မာနှင် တရုတ်ပြည်သူများအတွက် ချမ်းသာအကျိုးဖြစ်ပေါ်စေခြင်း တဲ့ဗျို့...။ 

ပြောရဲလိုက်တာဗျာ..

တိုင်းပြည်ကို လက်ညှိုးထိုးရောင်းစားနေတဲ့ မြန်မာစစ်အာဏာရှင်များ၊ 
အဆင်းရဲဆုံး နိုင်ငံမှ ခေတ်ပျက်သူဋ္ဌေးများနဲ့ တရုတ်စီးပွားရေးသမားများ အတွက်ဆိုရင်တော့ မှားအံ့မထင်ပါ...

ဒီမိုဝေယံ...
ကျောက်ဖြူရေနက်ဆိပ်ကမ်းမှ တရုတ်ပြည်အထိ သွယ်တန်းမည့် ရေနံ၊ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်း (မှတ်တမ်း၊ ရုပ်သံ) ကျောက်ဖြူရေနက်ဆိပ်ကမ်းမှ တရုတ်ပြည်အထိ သွယ်တန်းမည့် ရေနံ၊ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်း (မှတ်တမ်း၊ ရုပ်သံ) Reviewed by သစ်ထူးလွင် on 02:56 Rating: 5

No comments:

Powered by Blogger.