တရုတ်နိုင်ငံအား ဒီမိုကရေစီ လွတ်လပ်ခွင့် ပိုမိုပေးရန် လိုအပ်ဟု ဝန်ကြီးချုပ် ဝမ်ကျားပေါင် ပြောကြား

တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင် က တရုတ်နိုင်ငံအား အာဏာကို ဗဟိုထိန်းချုပ်မှုက ပြောင်းလဲပေးပြီး ဒီမိုကရေစီအခွင့်အရေး ပိုမိုဖော် ထုတ်ပေးရမည်ဖြစ်ကြောင်း ပြော ကြားခဲ့သည်။ ဝန်ကြီးချုပ်သည် ဒါလိန်းမြို့တွင် ကျင်းပသော ကမ္ဘာ့စီးပွားရေးဖိုရမ် ဆွေးနွေးပွဲသို့ တက်ရောက်လာသော စီးပွားရေးလုပ်ငန်းရှင် များအားပြော ကြားခဲ့ခြင်း   ဖြစ်သည်။  မစ္စတာဝမ်သည် နောက်တစ်နှစ်တွင် အငြိမ်းစားယူမည်ဖြစ်ပြီး မကြာသေးမီကာလများက တရုတ် နိုင်ငံပြုပြင်ပြောင်းလဲရေး အကြောင်း အရာများကို အကြိမ်   မြောက်မြားစွာ ထည့်သွင်းပြောကြားခဲ့သည်။ သို့ရာ တွင် သူ၏မျှော်လင့်ချက်များကို နိုင်ငံက ထိန်းချုပ်ထားသည့် သတင်း မီဒီယာများကသာ ဖော်ပြပြီး တရုတ်ပြည်သူ အများစုက ၄င်းသတင်း မီဒီယာများကို စိတ်ဝင်စားကြခြင်း မရှိပေ။  နှစ်ခြောက်ဆယ်ရှိလာပြီဖြစ် သည့် တရုတ်ကွန်မြူနစ်ပါတီသည် အာဏာကို ဆက်လက်ထိန်းချုပ် ထားဆဲဖြစ်သည်။ ၄င်းတို့၏ စီးပွားရေး လုပ်ငန်းရှင်များအား ပါတီပြုပြင် ဖွဲ့စည်းခြင်းနှင့် နိုင်ငံ၏ ခေါင်းဆောင်မှု စနစ်များအတွက် မရှိမဖြစ်လိုအပ်သော အလုပ်တာဝန် များဖြစ်လာ ကြောင်းပြောကြား သတိပေးခဲ့သည်။ ပါတီ၏ ဦးဆောင်မှုစနစ်နှင့် နိုင်ငံ၏ ဦးဆောင်မှုစနစ်ကို မဖြစ်မနေပြောင်းလဲမည်။ ထို့ပြင် ကျေးရွာ ကော်မတီများအထိ ဒီမိုကရေစီစနစ် ပိုမိုတိုးတက် ကျယ်ပြန့်လာရေးအတွက် ဆောင်ရွက်ရမည်ဟုလည်း ဝန်ကြီးချုပ်က သတိပေးသွားသည်။
KLMA, AFP:Reuters
တရုတ်နိုင်ငံအား ဒီမိုကရေစီ လွတ်လပ်ခွင့် ပိုမိုပေးရန် လိုအပ်ဟု ဝန်ကြီးချုပ် ဝမ်ကျားပေါင် ပြောကြား တရုတ်နိုင်ငံအား ဒီမိုကရေစီ လွတ်လပ်ခွင့် ပိုမိုပေးရန် လိုအပ်ဟု ဝန်ကြီးချုပ် ဝမ်ကျားပေါင် ပြောကြား Reviewed by သစ်ထူးလွင် on 22:52 Rating: 5

No comments:

Powered by Blogger.