အကျဉ်းသားများ လွတ်ငြိမ်း ချမ်းသာခွင့် ပေးရေးနှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ဆောင်ရွက် ပေးမည် ဟုယူဆကြောင်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦးက ဆိုသည်။
နေပြည်တော် ရှိ လွှတ်တော် အဆောက် အအုံ သဘင် ဆောင်တွင် ကျင်းပသော အပြည်ပြည် ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားအပြီးတွင် ပါတီစုံမှ လွှတ်တော် ကိုယ်စားလှယ် များ ကပြုလုပ်သော သတင်းစာ ရှင်း လင်းပွဲတွင် ဦးဌေးဦးက ယင်းသို့ပြော ကြားသွားခြင်းဖြစ်သည်။
“ဟိုအရင်အစိုးရအဆက်ဆက် ကလည်း နေ့ထူးရက် ထူးတွေရှိတိုင်း အခါကြီး ရက်ကြီးတွေမှာ အကျဉ်း သားတွေ လွှတ်ပေးလေ့ ထုံးစံလည်း ရှိတယ်။ ဒါကြောင့် သမ္မတကြီး အ နေနဲ့လည်း သင့်တော်တဲ့ အချိန်မှာ လွှတ်ပေးသင့် တဲ့ အကျဉ်းသားတွေ လွှတ်ပေး နိုင်ရေး အတွက် ဆောင် ရွက်မယ် လို့မျှော်လင့်ပါတယ်။ ကျွန် တော်တို့ အဲဒီချိန် ထိစောင့်ကြည့်ပါ။ အခုက ခဏလေး ပဲရှိသေးတယ် လို့ ပြောချင် ပါတယ်” ဟု ဦးဌေးဦးက ဆို သည်။
အကျဉ်းသားများ လွတ်ငြိမ်းခွင့် ကို မေ ၁၆ ရက်က အစိုးရ သစ် တက်လာပြီး နောက် သမ္မတအမိန့် အမှတ်၂၈ / ၂၀၁၁ အရ မြန်မာနိုင်ငံ ရှိအကျဉ်းကျ စခန်း အသီးသီးတွင်အ ကျဉ်းကျ ခံနေရသော အကျဉ်းသား များကို သာမန် ရရှိသော လျှော့ပေါ့ ရက်အပြင် တစ်နှစ် လျှော့ပေါ့ပေးခဲ့ ပြီး သေဒဏ်ကျ အကျဉ်းသားများ ကို လည်း တစ်သက် တစ်ကျွန်းသို့ လျှော့ ပေါ့ပေးခဲ့သည်။
ကျော်ဇေယျာဝင်း
အကျဉ်းသား များ လွတ်ငြိမ်း ချမ်းသာခွင့် ပေးရန် ဆောင်ရွက်မည် ဟု ယူဆ ကြောင်း
Reviewed by သစ်ထူးလွင်
on
21:23
Rating:
No comments:
Post a Comment