နိုင်ငံတစ်ဝန်းရှိ မြန်မာနိုင်ငံ ရဲ တပ်ဖွဲ့အချုပ်ခန်းအသီးသီးတွင်
အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးချုပ်နှောင်ခံနေရသော အချုပ်သားများအတွက်
ထမင်းကျွေးစရိတ်ကို ၃ဝ ကျပ်နှုန်းသာ ခွင့်ပြုထားခဲ့ရာ ယင်းအခက်အခဲအား
လွှတ်တော်၌ တင်ပြခွင့်ရသည့်အတွက် ကျေနပ်မိကြောင်း ရန်ကုန်တိုင်းဒေသကြီး
မဲဆန္ဒနယ် အမှတ်၃မှ ဦးဖုန်းမြင့်အောင်က ဆိုသည်။
”ကျွန်တော့်တပည့်တစ်ယောက် အချုပ်ကျတုန်းကရယ်၊ ဟိုတလောက ကျွန်တော့်စက်ဘီး ပျောက်တုန်း ရဲစခန်းရောက်တော့ ဒီကိစ္စကို မေးမြန်းဖူးခဲ့တယ်။ အစိုးရက သူတို့အတွက် ထောက်ပံ့ကြေး မပေးဘူးလားဆိုတော့ ၃ဝ ကျပ်ရတယ်ပြောပါတယ်။ ဒီခေတ်အနေအထားနဲ့ မိသားစုတွေ၊ နောက်ရဲတပ်ဖွဲ့တွေဘက်မှာလည်း အခက် အခဲရှိနေတာပဲလေ။ ဒါကို ဘယ်လိုဆောင်ရွက်ပေးမလဲ မေးမြန်းခဲ့တာပါ” ဟု ၄င်းက ပြောသည်။
ယင်းသို့ အချုပ်သားများအား သက်ဆိုင်ရာ မိသားစုဆွေမျိုးများမှသာ နေ့စဉ် အစားအသောက်ပေး ပို့နေရပြီး မိသားစုမှ မထောက်ပံ့နိုင်ပါက သက်ဆိုင်ရာ ရဲစခန်းမှသာ တာဝန်ယူဖြေရှင်းရသဖြင့် ခွင့်ပြုသတ်မှတ်ထားသည့် နှုန်းထားထက်များစွာ စိုက်ထုတ်ကုန်ကျနေရ ကြောင်း ၄င်းက ဆိုသည်။
”အပြစ်လုပ်လို့ အချုပ်ကျတာတော့ တစ်ပိုင်းပေါ့လေ။ ဒါပေမဲ့ သူတို့က နိုင်ငံတော်ရဲ့ ထိန်းသိမ်းမှု အောက်မှာ ရောက်နေပြီဖြစ်တဲ့အတွက် နိုင်ငံတော်က တာဝန်ယူရ မယ်။ ခေတ်စနစ်နဲ့ ကျန်းမာရေးနဲ့ လိုက်လျောညီထွေဖြစ်စေတဲ့ အစား အသောက်ပံ့ပိုးပေးနိုင်ရပါမယ်” ဟု ၄င်းက ထပ်လောင်းပြောသည်။
ရဲတပ်ဖွဲ့ စတင်ဖွဲ့စည်းစဉ်ကပင် အချုပ်တရားခံများကို နိုင်ငံ တော်မှ ခွဲဝေချထားပေးသည့် အချုပ်တရားခံ ထမင်းကျွေးစရိတ် ရန်ပုံငွေ တစ်ကျပ်နှင့် ကျွေးမွေးခဲ့ ကြောင်း၊ ၁၉၇၃ ခုနှစ် နောက်ပိုင်း ကာလတွင် ကုန်ဈေးနှုန်း ပမာဏ တိုးမြင့်လာသည်နှင့်အမျှ ရန်ပုံငွေကို တိုးမြှင့်တောင်းခံမှုများ ပြုခဲ့ရာ နိုင်ငံ တော်မှ ၁-၅-၁၉၇၃ မှ ၃၁-၃-၁၉၇၇ ထိ ၁ ကျပ် ၅ဝ ပြားနှုန်း၊ ၁-၄-၁၉၇၇ မှ ၁၄-၇-၁၉၈၇ ထိ ၂ ကျပ် ၅ဝ ပြားနှုန်း၊ ၁၅-၇-၁၉၈၉ မှ ၃၁-၃-၂ဝဝ၄ ထိ ၅ ကျပ်နှုန်း၊ ၁-၄-၂ဝဝ၄ မှ ယနေ့ ထိ ၃ဝ ကျပ်နှုန်း ခွင့်ပြုတိုးမြှင့်ပေးခဲ့ ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော် ဇံမြင့်က ဖြေကြားခဲ့သည်။
”အချုပ်တရားခံ ထမင်းကျွေး စရိတ် ရန်ပုံငွေတိုးမြှင့်ချထားပေးဖို့ အတွက် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးက နိုင်ငံ တော်သမ္မတရုံးရဲ့ ခွင့်ပြုချက်အရ သြဂုတ်လ ၁၄ ရက်နေ့မှာခန့်မှန်း ကုန်ကျစရိတ်လျာထား တွက်ချက်မှုနဲ့အတူ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနသို့ ပေးပို့ဆောင်ရွက်လျက် ရှိပါတယ်” ဟု ၄င်းက ပြော သည်။
၎င်းအပြင် ထမင်းကျွေးစရိတ် ၃ဝ ကျပ်နှုန်းဖြင့် ကျွေးမွေးနေရမှု သည် ယနေ့ကုန်ဈေးနှုန်းအရ လုံ လောက်မှုမရှိသည်ကို တွေ့ရှိရပါ ကြောင်း၊ သက်ဆိုင်ရာတိုင်းဒေသ ကြီးနှင့် ပြည်နယ်ရဲတပ်ဖွဲ့များ၏ အ စီအစဉ်ဖြင့် စားသောက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူရ ရှိရေးဆောင်ရွက်ပေးမှုများ၊ ရဲတပ်ဖွဲ့ ဝင်များ ထုတ်လုပ်သည့် ဆန်၊ သား၊ ငါး၊ ဟင်းသီးဟင်းရွက်များကို အထူးဈေးနှုန်းဖြင့် ရောင်းချပေးမှု များ စသည့် နည်းလမ်းများဖြင့် အတတ်နိုင်ဆုံး သက်သာအောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း ¤င်း က ထပ်လောင်းဆိုသည်။
အောင်ခွန်းဆက်

နိုင်ငံတစ်ဝန်းရှိ အချုပ်တရားခံများ ထမင်းစရိတ် ၃ဝ ကျပ်သာရ
Reviewed by သစ်ထူးလွင်
on
23:07
Rating:
No comments:
Post a Comment