မြန်မာ့နိုင်ငံရေး အကျဉ်းသားလွှတ်ရေး အိန္ဒိယအမတ်များ ထောက်ခံ










နိုင်ငံရေး အကျဉ်းသား နှစ်ထောင်ခန့် လွှတ်ပေးဖို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တောင်းဆိုမှုကို အိန္ဒိယ ပါလီမန်အမတ်တွေကလည်း ထောက်ခံကြောင်း အိန္ဒိယပါလီမန် အမတ်တဦး ဖြစ်သူ Mr. Ram Jethmalani က ပြောပါတယ်။
(Photo: AFP)
ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် အင်္ဂါနေ့တိုင်း ဘုရားတွင် ဝတ်ပြု ဆုတောင်းနေကြသူများ ဖြစ်ပါသည်။ (Photo: AFP)
မြန်မာ့ ဒီမိုကရေစီရေး ဆိုင်ရာ အိန္ဒိယ ပါလီမန် အမတ်များ ဖိုရမ် အဖွဲ့ ဝင် အိန္ဒိယ အမတ်တွေက လက်မှတ် ရေးထိုး တောင်းဆိုတဲ့ စာကိုလည်း သမ္မတ ဦးသိန်းစိန်ထံ ပေးပို့ သွားမယ်လို့  သတင်းစာ ရှင်းလင်းပွဲ အတွက် ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ပါရှိပါတယ်။ မြန်မာ့ အရေး အိန္ဒိယ အမတ်များ ဖိုရမ်မှာ အမတ် ဦးရေ ၁၀၀ ကျော် ရှိပြီး သူတို့ အားလုံးက မြန်မာ နိုင်ငံ အကျဉ်းထောင်တွေထဲက နိုင်ငံရေး အကျဉ်းသားတွေကို ချက်ခြင်း လွှတ်ပေးဖို့ လက်မှတ် ရေးထိုး တောင်းဆိုမှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် တဦးတည်း လွတ်မြောက်ခြင်းဟာ မြန်မာနိုင်ငံဟာ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးကို ဦးတည်နေပါတယ် ဆိုတဲ့အချက် အတွက် လုံလောက်မှု မရှိကြောင်း ကြေငြာချက်မှာ ဖေါ်ပြထားပါတယ်။ မိမိတို့ အနေနဲ့ မြန်မာ နိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး မြင်လိုပါတယ်။ ဒါကြောင့် နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးဟာ လိုအပ်တဲ့ ပထမ အဆင့် လုပ်ဆောင်ချက် အဖြစ် အကောင်အထည် ဖေါ်ဖို့ ဦးသိန်းစိန် အစိုးရကို တောင်းဆိုလိုက် ပါတယ်လို့ ဖေါ်ပြထား ပါတယ်။
မြန်မာ့နိုင်ငံရေး အကျဉ်းသားလွှတ်ရေး အိန္ဒိယအမတ်များ ထောက်ခံ မြန်မာ့နိုင်ငံရေး အကျဉ်းသားလွှတ်ရေး အိန္ဒိယအမတ်များ ထောက်ခံ Reviewed by သစ်ထူးလွင် on 14:24 Rating: 5

No comments:

Powered by Blogger.