ပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေ ခေတ်နှင့်အညီပြုပြင်

အကြောင်းကြောင်းကြောင့် တရားဝင်ပြဋ္ဌာန်းရန် ကြန့်ကြာခဲ့ရသော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေကို ခေတ်နှင့်အညီ လိုက်လျောညီထွေဖြစ်အောင် ပြုပြင် မွမ်းမံပြီးဖြစ်၍ ထုတ်ပြန်နိုင်တော့မည့် အနေအထားရှိပြီဖြစ်ကြောင်း မကြာမီက နာမည်ပြောင်းလဲခဲ့သော ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းကပြောသည်။
အဆိုပါသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေကို ၁၉၉၈တွင် ကုလသမဂ္ဂပတ်ဝန်းကျင်ဆိုင်ရာ ယူနက်အကူအညီဖြင့် ပြည်တွင်းပြည်ပပညာရှင်များ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများက အလုပ်ရုံဆွေးနွေးပွဲများ အကြိမ်ကြိမ်လုပ်၍ ရေးဆွဲခဲ့ရာ ၂ဝဝဝပြည့်နှစ်တွင်ဥပဒေ ကြမ်းရရှိခဲ့ ကြောင်းသိရသည်။
”ဆက်လက်စစ်ဆေးပြီး အတည်ပြုပြဋ္ဌာန်းနိုင်ဖို့ လွှတ်တော်ကိုဥပဒေကြမ်း တင်ပြခဲ့ပါတယ်။ လွှတ်တော်ဥပဒေကြမ်း ကော်မတီအနေနဲ့ကလည်း ကနဦးအဆင့် စိစစ်ခဲ့ ပြီးဖြစ်ပါတယ်။ ကျွန်တော်ထင်ပါတယ်။ အခုကျင်းပနေတဲ့ လွှတ်တော်ကြီးအတွင်းမှာပဲ ပြီးမြောက်အောင်မြင်စွာ ထုတ်ပြန်နိုင်လိမ့်မယ်လို့ ထင်ပါတယ်”ဟု ၄င်းက ဆက်လက်ပြောသည်။
ဧရာဝတီမြစ်ဝှမ်း ဆည်တမံများ တည်ဆောက်ရေးနှင့်ပတ်သက်၍ သဘာဝပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှုလေ့လာသော EIA ပြုလုပ်ရာတွင် သဘာဝပတ် ဝန်းကျင် ဥပဒေမရှိသေးသဖြင့် ဖတ်ရှုလေ့လာထားသော နည်းပညာ၊အတွေ့အကြုံ ဗဟုသုတများဖြင့် လေ့လာရ၍ မပြည့်စုံသည်များရှိနိုင်ပါကြောင်း Banca ဥက္ကဋ္ဌ ဒေါက်တာထင်လှက ပြောသည်။
ပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေ ခေတ်နှင့်အညီပြုပြင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေ ခေတ်နှင့်အညီပြုပြင် Reviewed by သစ်ထူးလွင် on 22:47 Rating: 5

No comments:

Powered by Blogger.