ကြိုး​နီစနစ်လွန်ကဲ​နေတဲ့​ ကြံ့​ခိုင်​ရေး​ပါတီကို ​ဝေဖန်

ကြိုး​နီစနစ်​ တွေ တိုက်ဖျက်မယ်လို့​ ​ကြွေး​ကြော်ထား​တဲ့​ သမ္မတဦး​သိန်း​စိန်ရဲ့​ ပြည်​ထောင်စု ကြံ့​ခိုင်​ရေး​နှင့်​ ဖွံ့​ဖြိုး​ရေး​ပါတီမှာ အထက်​အောက်ချုပ်ကိုင်မှု (ကြိုး​နီစနစ်) လွန်ကဲ​နေတဲ့​အ​ပေါ် လွှတ်​တော် ကိုယ်စား​လှယ်​တွေနဲ့​ နိုင်ငံ​ရေး​ ပါတီ​ခေါင်း​ဆောင်အချို့​က ​ဝေဖန်လိုက်ကြပါတယ်။
၂၀၁၀ ရွေးကောက်ပွဲအတွင်း ကြံ့ ခိုင် ရေးပါတီ စည်းရုံးရေး ဆင်းစဉ်
လွှတ်​ တော်တွင်း​ မဲခွဲဆုံး​ဖြတ်တဲ့​အခါတိုင်း​မှာ ကြံ့​ခိုင်​ရေး​ပါတီဝင် ကိုယ်စား​လှယ်​တွေ သ​ဘောထား​ ကွဲလွဲမှုမရှိဘဲ တညီတညွတ်တည်း​ ဆန္ဒမဲ​ပေး​နေတာ၊​ ပါတီဝင် ကိုယ်စား​လှယ် အချင်း​ချင်း​ အဆို​တွေကို ကန့်​ကွက်​ဆွေး​နွေး​မှု မရှိတာ စတဲ့​အချက်​တွေကို ​ထောက်ပြပြီး​ ​ဝေဖန်ထား​ကြတာပါ။
ဒါ့​အပြင် ကြံ့​ခိုင်​ရေး​ပါတီဝင် ကိုယ်စား​လှယ်​တွေကို အခြား​ တိုင်း​ရင်း​သား​ပါတီ ကိုယ်စား​လှယ်​တွေက ​ဒေသဆိုင်ရာ အကျိုး​စီး​ပွား​တွေအတွက် တူညီတာ​တွေကို တွဲဖက်ပြီး​ အဆိုနဲ့​ ​မေး​ခွန်း​တွေ တင်သွင်း​တာမျိုး​တွေ ညှိနှိုင်း​လုပ်​ဆောင်ဖို့​ ကမ်း​လှမ်း​ချက်​တွေကိုပါ လက်မခံကြတာပါလို့​ အစည်း​အ​ဝေး​ တက်​နေတဲ့​ ကိုယ်စား​လှယ်တဦး​က ​ပြောပါတယ်။
“အထက်က ခွင့်​ပြုချက် မရှိရင် ဘာမှ လုပ်ရဲတာ မဟုတ်ဘူး​လေ။ အဲဒါ အမတ်​တွေ အတူတကွ ကြံ့​ခိုင်​ရေး​ပါတီ ဆိုပြီး​တော့​ မခွဲဘဲ ကိုယ့်​ဒေသအတွက် လုပ်ဖို့​အတွက် ပူး​ပေါင်း​ဆောင်ရွက်ဖို့​အတွက် ​ဆွေး​နွေး​ကြမယ်လို့​ အတွင်း​ကြိတ်ပြီး​ ​တော့​ ဖိတ်​ခေါ်လိုက်တာကို သူတို့​ မလာရဲဘူး​ဗျ။ အဲဒါမျိုး​တွေလည်း​ ရှိတယ်​လေ။ အခုက အ​ပေါ်က ခွင့်​ပြုချက် မရရင် ဘာမှ လုပ်ရဲမယ့်​ အ​ခြေအ​နေ မရှိပါဘူး​။ သူတို့​က ဘာကို ​ကြောက်​နေမှန်း​လည်း​ ကျ​နော်တို့​လည်း​ မသိဘူး​။”
ကြံ့​ခိုင်​ ရေး​ပါတီရဲ့​ ဒီမူဝါဒ​တွေဟာ အ​ခြေခံ ဒီမိုက​ရေကစီစံနှုန်း​တွေနဲ့​ ကွာခြား​နေတယ်လို့​လည်း​ အမျိုး​သား​ဒီမိုက​ရေစီ အင်အား​စုပါတီရဲ့​ ​ခေါင်း​ဆောင် ဦး​ခင်​မောင်​ဆွေက ​ပြောပါတယ်။
“အ​ ခြေခံဒီမိုက​ရေစီ စံနှုန်း​တွေမှာ​တော့​ ကွာ​နေတာ ဖြစ်တာ​ပေါ့​ဗျာ။ ဒီမိုက​ရေစီ​ခေတ်ကို သွား​ဖို့​ စစ်မှန်တဲ့​ ဒီမိုက​ရေစီပါတီ ဖွဲ့​စည်း​ပုံမျိုး​နဲ့​ ကျ​နော်တို့​က ဖွဲ့​စည်း​ကြတာကိုး​။ ဒါ​တွေက လွှတ်​တော်ထဲမှာပဲ ကိုယ့်​ပါတီအတွင်း​က ဆန့်​ကျင်ဘက်ကို တင်တာလည်း​ ကျ​နော်တို့​က ပြဿနာ မရှိဘူး​လေ။ ကွဲပြား​တဲ့​ အမြင်​တွေကို လက်ခံနိုင်တဲ့​ ဒီမိုက​ရေစီကျင့်​စဉ်ကို ကျ​နော်တို့​က ကျင့်​သုံး​ကြတာကိုး​။ သို့​သော်လည်း​ပဲ သူတို့​အဖို့​က​တော့​ အထက်​အောက်ဆိုတဲ့​ လိုင်း​ရှိတာကိုး​။ အထက်က ဆုံး​ဖြတ်ထား​တဲ့​ဟာကို ​ကျော်လွှား​လို့​ မရတဲ့​ အပိုင်း​တွေ ရှိ​ကောင်း​ ရှိမှာ​ပေါ့​။ အဲဒီအခါကျ​တော့​ သူတို့​ အထက်က ခွင့်​မပြုလို့​ရှိရင် ညှိလို့​ မရဘူး​ဆိုတဲ့​ အ​နေအထား​မျိုး​က ရှိ​နေမှာ​ပေါ့​။ ကျ​နော်တို့​ ပါတီ​တွေနဲ့​ ကွာတာက အဲဒီမှာ သွား​ကွာတာ​ပေါ့​။”
ဒီလို ဒီမိုက​ရေစီစံနှုန်း​တွေနဲ့​ မကိုက်ညီတဲ့​ ပါတီကြီး​တခုရဲ့​ ဦး​ဆောင်မှု​ကြောင့်​ အစိုး​ရသစ်ရဲ့​ ဒီမိုက​ရေစီ​ဖော်​ဆောင်​ရေး​မှာပါ အခက်အခဲ​တွေ ဖြစ်​စေနိုင်တယ် လို့​လည်း​ အခြား​ပါတီ​ခေါင်း​ဆောင်အချို့​က ​ဝေဖန်​နေကြပါတယ်။
ဒါ့​အပြင် အထက်​အောက်ချုပ်ကိုင်မှုစနစ် လွန်ကဲ​နေတဲ့​ ကြံ့​ခိုင်​ရေး​ပါတီဝင် ကိုယ်စား​လှယ်​တွေပဲ လွှမ်း​မိုး​နေတဲ့​လွှတ်​တော်က အတည်ပြု ပြဋ္ဌာန်း​လာမယ့်​ ဥပ​ဒေ​တွေဟာလည်း​ ပြည်သူ​တွေအ​ပေါ် ဝန်ထုပ်ဝန်ပိုး​ ဖြစ်​စေမယ့်​ ဥပ​ဒေ ဖြစ်လာမှာကိုလည်း​ လွှတ်​တော်ပြင်ပ နိုင်ငံ​ရေး​အင်အား​စု​တွေက သံသယ ရှိ​နေကြပါတယ်။
ကြိုး​နီစနစ်လွန်ကဲ​နေတဲ့​ ကြံ့​ခိုင်​ရေး​ပါတီကို ​ဝေဖန် ကြိုး​နီစနစ်လွန်ကဲ​နေတဲ့​ ကြံ့​ခိုင်​ရေး​ပါတီကို ​ဝေဖန် Reviewed by သစ်ထူးလွင် on 22:48 Rating: 5
Powered by Blogger.