မြန်မာနိုင်ငံတွင် နယ်စပ်ဒေသ အချို့၌ တရုတ်နှင့် ထိုင်းနိုင်ငံတို့မှပင် လျှပ်စစ်ဓာတ်အားကို ၀ယ်ယူသုံးစွဲနေကြောင်း သတင်းရရှိပါသည်။
ယင်းသို့ လျှပ်စစ်ဓာတ်အား ၀ယ်ယူသုံးစွဲနေသော ဒေသများမှာ တရုတ်နိုင်ငံမှ ဓာတ်အားကို ကချင်ပြည်နယ်ရှိ လွယ်ဂျယ်မြို့၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) ရှိ ချင်းရွှေဟော်၊ မုံးကိုး၊ မန်ဟီးရိုး၊ ဟိုပန်၊ နမ့်ဖတ်ကာ၊ ခိုမုန်း၊ မိုင်းယုလေး၊ ကွမ်းလုံ၊ လောက်ကိုင်၊ မူဆယ်၊ နမ့်ခမ်း၊ ကြူကုတ်မြို့တို့ သုံးစွဲပြီး၊ ထိုင်းနိုင်ငံမှ ဓာတ်အားကို ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့၊ ကရင်ပြည်နယ် မြ၀တီမြို့၊ ဘုရားသုံးဆူမြို့ စသည်တို့ ဖြစ်ကြောင်း သိရသည်။
“လျှပ်စစ်မီးက တစ်ယူနစ်ကို ကျပ် ၁၂၀ နဲ့သုံးရပါတယ်။ ရွှေလီမြစ်ပေါ်မှာ ဆောက်ထားတဲ့ ရွှေလီ စီမံကိန်းက လျှပ်စစ်မီးပါ” ဟု မူဆယ်မြို့မှ ဒေသခံတစ်ဦးက ပြောပြပါသည်။
နယ်စပ်ဒေသများသည် အိမ်နီးချင်းနိုင်ငံများမှ ဓာတ်အားဝယ်ယူ၍ ဓာတ်အားဖြန့်ဖြူးပေးခြင်း ဟူသော နည်းလမ်းအောက်တွင် အကျုံး ၀င်နေကာ ယင်းသို့ ဖြန့်ဖြူးဆောင်ရွက်နေသည့် မီးလင်းရေးအဖွဲ့ ပေါင်း ၁၂ ဖွဲ့ ရှိသည်ဟု သိရ |
ယင်းသို့နယ်စပ်ဒေသများသည် အိမ်နီးချင်းနိုင်ငံများမှ ဓာတ်အား ၀ယ်ယူ၍ ဓာတ်အားဖြန့်ဖြူးပေးခြင်း ဟူသော နည်းလမ်းအောက်တွင်အကျုံး ၀င်နေကာ ယင်းသို့ ဖြန့်ဖြူး ဆောင်ရွက်နေသည့် မီးလင်းရေးအဖွဲ့ပေါင်း ၁၂ ဖွဲ့ရှိသည်ဟု သိရသည်။
မူဆယ်၊ နမ့်ခမ်း၊ ကြူကုတ် စသည့်ဒေသများတွင် နိုင်ငံတော်နှင့် ပြည်ပရင်းနှီးမြှုပ်နှံမှုတို့ဖြင့် ဖက်စပ်တည်ဆောက်ထားသော ရွှေလီ ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံမှဓာတ်အားကို တရုတ်ယွမ်ငွေ ဖြင့် ၀ယ်ယူကာ ဖြန့်ဖြူးပေးနေခြင်းဖြစ်သည်ဟု သိရသည်။
မြန်မာနိုင်ငံတွင် ရေအား လျှပ်စစ် စီမံကိန်းများအနေဖြင့် အဓိကမြစ်ကြီးများ ဖြစ်သော ဧရာဝတီမြစ်၊ သံလွင်မြစ် စသည့်မြစ်ကြီးများနှင့် မြစ်ငယ်များတွင် ရေအား လျှပ်စစ်စီမံကိန်းများ ရှိနေကြောင်း၊ တရုတ်၊ ထိုင်း စသည့်နိုင်ငံများနှင့် အကျိုးတူပူးပေါင်းမှုများ ရှိသကဲ့သို့ ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီအချို့နှင့် ဖက်စပ်လုပ်ကိုင်ခွင့်ကိုလည်း ခွင့်ပြုခဲ့ကြောင်း သိရှိရသည်။
ဓာတ်ပုံ-ကိုရွှေသိန်း(မြ၀တီ)
နယ်စပ်ဒေသအချို့၌ တရုတ်နှင့် ထိုင်းနိုင်ငံတို့မှ လျှပ်စစ်ဓာတ်အားကို ၀ယ်ယူသုံးစွဲနေရ
Reviewed by သစ်ထူးလွင်
on
23:02
Rating:
No comments:
Post a Comment