ရန်ကုန်တိုင်း ထန်းတပင်မြို့နယ် အပိုင်က ကျေးရွာ အုပ်စုတွေမှာ မိုးကြီးပြီး လယ်တွေ ရေမြုပ်နေပါတယ်။အဲဒီဒေသမှာ ခါးလောက်၊ ရင်လောက် အထိ ရောက်အောင် ရေတွေ မြုပ်ခဲ့ပြီး လယ်မြေ ဧက ၄၀၀ကျော်လောက် ရေမြုပ်ကုန် တယ်လို့ ဒေသခံ လယ်သူမကြီးက ဘီဘီစီကို ပြောပါတယ်။ရွာပိုင်းက အိမ်ခြေတခိျု့ ရေမြုပ်ကုန်တဲ့အတွက် ရွာသူ ရွာသား တခိျု့ တာရိုးပေါ် တက်ပြီး ဖြစ်သလို နေနေကြရတယ်လို့လည်း ပြောပြပါတယ်။မြို့နယ် အုပ်ချုပ်ရေးမှူး ညွှန်ကြားချက်အရ မြေတူးစက်တွေနဲ့ မြေတူးနေပေမဲ့ ရေပြန်မကျဘူးလို့လည်း သိရပါတယ်။တခါ ခရမ်း၊ သုံးခွဘက်မှာလည်း ရေကျသွားပေမဲ့ လယ်မြေ အပျက်အစီးတွေ များခဲ့ပြီး ပဲခူးတိုင်း ကဝမြို့နယ်မှာလည်း လယ်ဧက တစ်သောင်းကျော် ပျက်စီးခဲ့တယ်လို့ လယ်သမားကြီး ဦးသန်းဆွေက ဘီဘီစီကို ပြောပါတယ်။အခုလို ဆုံးရှုံးမှုကြောင့် မျိုးစပါး မရှိ ဖြစ်နေပြီး ရေပြန်ကျရင်တောင် နှုံးမြေတွေ တင်ကျန်ခဲ့မှာမို့ စပါးစိုက်လို့ ရမရ ဆိုတာ မသေချာဘူးလို့လည်း ပြောပါတယ်။ငွေကြေး ဆုံးရှုံးထားတဲ့အတွက် လယ်သမားကြီးတွေမှာ စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့လည်း ဆိုပါတယ်။လယ်သမားကြီးတွေ အတွက် မြို့နယ် စိုက်ပျိုးရေး ဘဏ်နဲ့ ကြံ့ခိုင်ရေး ပါတီက ငွေထုတ်ချေးဖို့ ပြင်နေတယ်လို့လည်း လယ်သမားကြီးတွေက ပြောပါတယ်။
ရန်ကုန်တိုင်းမှာ မိုးကြီးပြီး လယ်တွေမြုပ်
Reviewed by သစ်ထူးလွင်
on
21:31
Rating: