ဆုတောင်းသူများ ရဲအင်အား ၄၀၀ ခန့်ကတား

နယူးဒေလီ (မဇ္ဈိမ) ။       ။ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု လေးနှစ်ပြည့်အဖြစ် ဆူးလေဘုရားတွင် ဝတ်ပြုဆုတောင်းပွဲ သွားရောက်သူ ၂ဝဝ ခန့်ကို လုံထိန်းနှင့် ရဲအင်အား ၄ဝဝ ခန့်က တနင်္လာနေ့တွင် တားဆီးကာ လူစုခွဲလိုက်သည်။

ဒဂုံမြို့သစ် အရှေ့ပိုင်းမှ ဆူးလေသို့ ခြေလျင်ချီတက်လာသူများကို မရမ်းကုန်းမြို့နယ်၊ စာတိုက်မှတ်တိုင် အနီးရှိ မိုးလေဝသနှင့် ဇလဗေဒရုံးရှေ့တွင် ရဲအင်အား ၄ဝဝ ခန့်က တားဆီးခဲ့ကာ မရမ်းကုန်းမြို့နယ် ရဲမှူး ဦးမောင်စိုးက တည်ဆဲဥပဒေဖြင့် အရေးယူနိုင်ကြောင်း ပြောဆိုခဲ့သည်ဟု ဦးဆောင်ပါဝင်သူတဦးဖြစ်သည့် ကိုဝေဋ္ဌုထံမှ သိရ
သည်။

"သူတို့က ဒီလက်ရှိ ဒီ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ၃၅၄ အရ လွတ်လပ်စွာ စီတန်းခွင့်နဲ့ သွားလာခွင့် ရှိတယ် ဆိုတဲ့ ဥပဒေက လက်ရှိလွှတ်တော်မှာ အတည်ပြု ပြဋ္ဌာန်းဖို့ မဆုံးဖြတ်ရသေးဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ လက်ရှိ တည်ဆဲဥပဒေ ငါးယောက်ထက် ပိုမစုရ ဆိုတာနဲ့ ကျနော်တို့ကို ဖမ်းလို့ ရတယ်လို့ ပြောလာပါတယ်" ဟု ကိုဝေဋ္ဌုက ဆိုသည်။ လူစုခွဲမှုကို ဒေသစံတော်ချိန် ၁း၄၅ မိနစ်တွင် လူစုခွဲပေးခဲ့ရခြင်းဖြစ်သည်။

ဆူးလေစေတီတော်သို့ ဆုတောင်းပွဲ တက်ရောက်မည့်သူများမှာ ယခင်က မော်တော်ကားများဖြင့် သွားရောက်ရန် စီစဉ်ထားခြင်းဖြစ်ကာ ကားမောင်းသူများအား ကားဘီးခွန် (Wheel Tax) နှင့် ယာဉ်မောင်း လိုင်စင်များ သိမ်းဆည်း၍ သွားမရရန် တားဆီးခဲ့ရာမှ ခြေလျင် သွားရောက်စဉ် ထပ်မံ တားမြစ်ခံရခြင်း ဖြစ်သည်။

“ကားသမားတွေကို သူတို့ ဝှီးတက်ခ်တွေ၊ သူတို့လိုင်စင်တွေ သိမ်းပြီးတော့ ကားသမားတွေကို လိုက်လို့ မရအောင် ပထမဆုံး တားဆီးတယ်။ အဲဒီမှာတင် ကျနော်တို့ အုပ်စုတွေက ကားငှားလို့ မရဘူးဆိုရင် ကျနော်တို့ဟာ ကျနော်တို့ ငြိမ်းချမ်းစွာနဲ့ စီတန်းပြီးတော့ လမ်းလျှောက်မယ်လို့ ပြောတယ်။ အဲဒီအတွက် ကျနော်တို့ကို ကြိုးတံတား ဒီဘက်ကနေ လမ်းလျှောက်တဲ့ အချိန်မှာ အဲဒီ စာတိုက်ရှေ့နားလည်း ရောက်ကော ကျနော်တို့ကို Block လုပ်ခံရတော့တာပဲ”ဟု ဒဂုံမြို့သစ်အရှေ့ပိုင်းမှ ဆူးလေဘုရားသို့ ချီတက်ရာတွင် ပါဝင်သူတဦးက မဇ္ဈိမကို ပြောသည်။
ye20081
ရွှေဝါရောင် တော်လှန်ရေး လေးနှစ်ပြည့် အထိမ်းအမှတ် စီတန်းလှည့်လည်သူများ ကမ္ဘာအေး ဘုရားလမ်းပေါ် မိုးလေဝသနှင့် ဇလဗေဒရုံးချုပ် အနီး ပလက်ဖောင်းပေါ်တွင် မေတ္တာသုတ် ရွတ်ဆိုမှု ပြုလုပ်နေသည်ကို တွေ့မြင်ရစဉ် (ဓါတ်ပုံ မဇ္ဈိမ)

နိုင်ငံရေး အကျဉ်းသားများ ခြွင်းချက်မရှိ လွှတ်ပေးရေး၊ မြစ်ဆုံရေကာတာ တည်ဆောက်မှု ပြန်လည်သုံးသပ် ညှိနှိုင်း
ရေးနှင့် တိုင်းရင်းသားဒေသများရှိ လက်နက်ကိုင်တိုက်ပွဲများ ရပ်ဆိုင်းကာ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် ဆုတောင်းပွဲမှာ  ပြုလုပ်ခြင်းဖြစ်ကာ မြန်မာနိုင်ငံဆိုင်ရာ ကျောင်းသားအဖွဲ့အစည်းများ၊ ဒီမိုကရေစီအင်အားများ အလုပ်သမား အဖွဲ့များနှင့် နိုင်ငံရေး အကျဉ်းသားမိသားစု အကျိုးဆောင်ကွန်ယက်တို့ စုပေါင်းပြုလုပ်ခြင်း ဖြစ်သည်။

“ဒီကနေ့ အမျိုးသား ပြန်လည်သင့်မြတ် တည်ဆောက်ရေးကို ပိုမိုအားဖြစ်စေတဲ့ လှုပ်ရှားမှု တခုအဖြစ် လုပ်တာ
ဖြစ်ပါတယ်။ ဘယ်သူ့ကိုမှ ကျနော်တို့က အပျက်သဘော ဆောင်တဲ့ စိတ် မရှိပါဘူး။ အပြုသဘောဆောင်တဲ့
စိတ်နဲ့ အကောင်အထည်ဖော်ခြင်း ဖြစ်ပါတယ်” ဟု ဝတ်ပြုဆုတောင်းပွဲတွင် ပါဝင်ခဲ့သူတဦးက ဆိုသည်။

ဝတ်ပြု ဆုတောင်းသူများမှာ ငြိမ်းချမ်းစွာ ဝတ်ပြုဆုတောင်းခြင်း ဖြစ်ကာ “နိုင်ငံရေး အကျဉ်းသားများ ခြွင်းချက် မရှိ လွှတ်”၊ “စက်တင်ဘာ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု”၊ “ဧရာဝတီနိုင်ငံသားများ” စသည့် စာတန်းများ ပါဝင်သည့် အဝါရောင် အင်္ကျီများကို ဝတ်ဆင်ထားကြသည်။


ရွှေဝါရောင် တော်လှန်ရေး လေးနှစ်ပြည့် အထိမ်းအမှတ် :: ရွှေဝါရောင် တော်လှန်ရေး လေးနှစ်ပြည့် အထိမ်းအမှတ် စီတန်းလှည့်လည်သူများ ကမ္ဘာအေး ဘုရားလမ်းပေါ် မိုးလေဝသနှင့် ဇလဗေဒရုံးချုပ် အနီး ပလက်ဖောင်းပေါ်တွင် မေတ္တာသုတ် ရွတ်ဆိုမှု ပြုလုပ်နေသည်ကို စက်တင်ဘာလ ၂၆ ရက် ၂ဝ၁၁ ခုနှစ် မွန်းလွဲပိုင်းက တွေ့မြင်ရစဉ်။ ရွှေဝါရောင် တော်လှန်ရေး လေးနှစ်ပြည့် အထိမ်းအမှတ် :: ရဲအရာရှိတဦးနှင့် ရွှေဝါရောင် တော်လှန်ရေး လေးနှစ်ပြည့် အထိမ်းအမှတ် စီတန်းလှည့်လည်သူများ အနက်မှ တဦး ဆွေးနွေးပြောဆိုနေစဉ်။ ဆူးလေဘုရားတွင် နေ့လည်တနာရီ ဝတ်ပြုဆုတောင်းရန် မြောက်ဥက္ကလာဘက်မှ လူဦးရေ ၂၀၀ ခန့်စီးနင်းလာသည့် လူစီးဘတ်စကား သုံးစီးကို အာဏာပိုင်များက ယာဉ်စည်းကမ်း အကြောင်းပြ တားဆီးခဲ့သဖြင့် လမ်းလျှောက်ချီတက်ရန် ဆက်လက်ထွက်ခွာခဲ့သော်လည်း လူငါး ဦးထက် ပိုမို စီတန်းလှည့်လည်ခွင့်မရှိဟု ရဲအရာရှိများက တားမြစ်ခဲ့သည်။ ရွှေဝါရောင် တော်လှန်ရေး လေးနှစ်ပြည့် အထိမ်းအမှတ် :: ရန်ကုန်မြို့ ဆူးလေဘုရားပေါ်တွင် ရွှေဝါရောင်တော်လှန်ရေး နှစ်ပတ်လည် အမှတ်တရ အဖြစ် ဝတ်ပြု ဆုတောင်းမှုပြုကာ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးနှင့် မြစ်ဆုံဆည် စီမံကိန်း ကန့်ကွက်ခြင်းတို့ ပြုလုပ်နေသူများကို တနင်္လာနေ့ စက်တင်ဘာ ၂၆ ရက်၊ ၂ဝ၁၁ ခုနှစ်တွင် တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ ရွှေဝါရောင် တော်လှန်ရေး လေးနှစ်ပြည့် အထိမ်းအမှတ် :: ရန်ကုန်မြို့ ဆူးလေဘုရားပေါ်တွင် ရွှေဝါရောင်တော်လှန်ရေး နှစ်ပတ်လည် အမှတ်တရ အဖြစ် ဝတ်ပြု ဆုတောင်းမှုပြုကာ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးနှင့် မြစ်ဆုံဆည် စီမံကိန်း ကန့်ကွက်ခြင်းတို့ ပြုလုပ်နေသူများကို တနင်္လာနေ့ စက်တင်ဘာ ၂၆ ရက်၊ ၂ဝ၁၁ ခုနှစ်တွင် တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ ရွှေဝါရောင် တော်လှန်ရေး လေးနှစ်ပြည့် အထိမ်းအမှတ် :: ရန်ကုန်မြို့ ဆူးလေဘုရားပေါ်တွင် ရွှေဝါရောင်တော်လှန်ရေး နှစ်ပတ်လည် အမှတ်တရ အဖြစ် ဝတ်ပြု ဆုတောင်းမှုပြုကာ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးနှင့် မြစ်ဆုံဆည် စီမံကိန်း ကန့်ကွက်ခြင်းတို့ ပြုလုပ်နေသူများကို တနင်္လာနေ့ စက်တင်ဘာ ၂၆ ရက်၊ ၂ဝ၁၁ ခုနှစ်တွင် တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ ဆူးလေဘုရားတွင် ဆန္ဒပြပုံများ :: ရွှေဝါရောင် တော်လှန်ရေး လေးနှစ်ပြည့် အထိမ်းအမှတ် ဆူးလေဘုရားတွင် ဆန္ဒပြနေသည့် ပုံများ ဆူးလေဘုရားတွင် ဆန္ဒပြပုံများ :: ရွှေဝါရောင် တော်လှန်ရေး လေးနှစ်ပြည့် အထိမ်းအမှတ် ဆူးလေဘုရားတွင် ဆန္ဒပြနေသည့် ပုံများ ဆူးလေဘုရားတွင် ဆန္ဒပြပုံများ :: ရွှေဝါရောင် တော်လှန်ရေး လေးနှစ်ပြည့် အထိမ်းအမှတ် ဆူးလေဘုရားတွင် ဆန္ဒပြနေသည့် ပုံများ ဆူးလေဘုရားတွင် ဆန္ဒပြပုံများ :: ရွှေဝါရောင် တော်လှန်ရေး လေးနှစ်ပြည့် အထိမ်းအမှတ် ဆူးလေဘုရားတွင် ဆန္ဒပြနေသည့် ပုံများ ဆူးလေဘုရားတွင် ဆန္ဒပြပုံများ :: ရွှေဝါရောင် တော်လှန်ရေး လေးနှစ်ပြည့် အထိမ်းအမှတ် ဆူးလေဘုရားတွင် ဆန္ဒပြနေသည့် ပုံများ ဆူးလေဘုရားတွင် ဆန္ဒပြပုံများ :: ရွှေဝါရောင် တော်လှန်ရေး လေးနှစ်ပြည့် အထိမ်းအမှတ် ဆူးလေဘုရားတွင် ဆန္ဒပြနေသည့် ပုံများ

အလားတူ ဆူးလေစေတီတော်တွင်လည်း ဒလမြို့နယ်ဘက်မှ ရောက်ရှိနေသူ ၄၀ ကျော်ခန့်ကိုလည်း ရဲမှူးအဆင့်ရှိ တာဝန်ရှိသူက ဝတ်ပြု ဆုတောင်းမှုကို ၁၅ မိနစ်သာ ပြုလုပ်ရန် ဖိအားပေးခဲ့၍ လူစုခွဲပေးခဲ့ရကြောင်း ဆုတောင်းပွဲတွင် ပါဝင်သူ တဦးထံမှ သိရသည်။

“ဘုရားပေါ်မှာ ဆုတောင်းတာတို့ ဘာတို့လုပ်တာ ဆိုရင် သူက ၁၅ မိနစ်ပဲ အချိန်ပေးပါမယ်လို့ ပြောလို့ ကျနော်တို့ ကလည်း ပြန်ပြောပါတယ်။ ကျနော်တို့က ဘုရားဖူးတာ၊ ဘုရားရှိခိုးတာ။ ဘုရားဝတ်ပြုတာက ကြာချင်လည်း ကြာမယ်
ပြောတော့ မရဘူးတဲ့ သူက။ ၁၅ မိနစ်အတွင်းမှာ လူစုခွဲပေးပါလို့ ပြောပါတယ်” ဟု ကိုစိုးအောင်က ဆိုသည်။ နေ့လည် ၂း ၃ဝ ကျော်ခန့်တွင် လူစုခွဲခဲ့ခြင်း ဖြစ်သည်။

ယခင်က ဆူးလေဘုရားပေါ်တွင် ဝတ်ပြု ဆုတောင်းရန်အတွက် စောင့်ဆိုင်းသူ ၂၂ ဦးသာ ရှိသေးပြီး ထပ်မံပူးပေါင်း လာသူတချို့မှာ ဒဂုံမြို့သစ် အရှေ့ပိုင်းမှ လာရောက်မည့် သူများနှင့် ပူးပေါင်းရန် သွားရောက်စဉ် တားဆီးမှုများ ရှိနေသည် ဆိုသည့် သတင်းကြောင့် ဆူးလေဘုရားသို့ လှည့်ပြန်လာကြသူများ ဖြစ်သည်။

ရွှေဂုံတိုင်လမ်းဆုံတွင်လည်း လုံထိန်းကား ၄ စီးခန့်ဖြင့် ပူးပေါင်းလာမည့် သူများကို တားဆီးရန် အတွက် အသင့်
ပြင်ထားသည် ဟုလည်း သိရသည်။

လူစုခွဲရန်အတွက် ဖမ်းဆီးမည်ကဲ့သို့သော ခြိမ်းခြောက်မှုများမရှိသော်လည်း မြို့တော်ခန်းမရှေ့တွင်မူ ရဲကား လေးစီး အပြည့်ဖြင့် လုံခြုံရေး ချထားသည့် အတွက် မူလ အစီအစဉ်ဖြစ်သည့် မြို့တော်ခန်းမရှေ့ ဆန္ဒပြရန်ကိုပါ ဖျက်သိမ်းခဲ့
ရသည်ဟု သိရသည်။
ye200813
ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု လေးနှစ်ပြည့် အထိမ်းအမှတ် ဆူးလေဘုရားတွင် ဝတ်ပြုဆုတောင်းပွဲကို လုံထိန်းနှင့် ရဲအင်အား ၄၀၀ ခန့်က လုံခြုံရေးချထား၍ စောင့်ကြည့်နေသည်ကို တွေ့ရစဉ် (ဓါတ်ပုံ မဇ္ဈိမ)
ယခု ချီတက်ဆုတောင်းပွဲမှာ အစိုးရသစ်တက်လာပြီး နောက်ပိုင်း ပထမဆုံး လူထုဝတ်ပြုဆုတောင်းပွဲလည်း ဖြစ်သည်။

ထူးခြားစွာပင် ဆန္ဒပြမှုကို ကန့်ကွက်မှုများလည်း တပါတည်း ထွက်ပေါ်လာခဲ့သည်။

“မကြာမီမှာ လွတ်ငြိမ်းချမ်းသာခွင့် (Amnesty) ရှိတယ်။ တိုင်းပြည် တည်ငြိမ်မှုနဲ့အတူ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ဖို့ ရှိတယ်။ မြစ်ဆုံ ပြဿနာ ဖြေရှင်းဖို့ ရှိတယ်။ မြစ်ဆုံပြဿနာကလည်း ပြေပြေလည်လည် ဖြစ်သွားမှာပါ။ လက်ရှိမြန်မာနိုင်ငံရေး ရေချိန်က Arab Style Uprising ဖြစ်စရာ မရှိပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီလို
ပြောထားတယ်။ ဒီလို ဆန္ဒပြမှုတွေကို ဘယ်သူမှ မလုပ်စေ ချင်ဘူး”ဟု ရန်ကုန်မြို့ အခြေစိုက် Weekly Media
Group ၏ CEO ဒေါက်တာ သန်းထွဋ်အောင်ကို ကိုးကား၍ သူ၏ အပတ်စဉ်ထုတ် ဂျာနယ် ဝီးကလီး အလဲဗင်း၏ အွန်လိုင်း သတင်းတွင် ရေးသားထားသည်။

ယင်းအပြင် “ဆန္ဒပြတာ မဟုတ်ဘူး ဆိုပေမယ့် အများပြည်သူ အကြားမှာ ဆန္ဒပြတယ်ဆိုပြီး အုပ်အော်သောင်းနင်း
ဖြစ်သွားတယ်။ ဒီရိုက်ခတ်မှုမှာ Negative Impact ရှိတယ်။ ဆူးလေဘုရားမှာ ဆန္ဒပြသူက (၇ဝ)ကျော်၊ သတင်းယူ သူက (၁ဝဝ) ကျော် ရှိတယ်။ တချို့သတင်းထောက်တွေက သတင်း ကြိုရထားကြတယ်။ အလုပ်ဆိုတာ အရွေ့မရှိ
ဘဲနဲ့ အလုပ်မပြီးမြောက်ဘူး ဆိုတာ နိုင်ငံရေးကို လုပ်ကိုင်နေတဲ့ သူတွေ၊ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတွေ အနေနဲ့ သိသင့်ပါတယ်။ နိုင်ငံရေးမှာ ရှုထောင့်တစ်ခုထဲက ကြည့်ရင် အရွေ့ဆိုတာ ဘယ်တော့မှဖြစ်လာမှာ မဟုတ်ပါဘူး။
Bird eye view  ဆိုတာ နယ်ပယ် အသီးသီး မှာရှိပါ တယ်။ တိုင်းပြည်ရဲ့ ရေရှည် အကျိုး၊ ဒုက္ခတွေခံစား နေရတဲ့
ပြည်သူတွေရဲ့အကျိုးအတွက် ကျနော်ကတော့ ဒီနေ့ဖြစ်ရပ်ကို လုံးဝသဘောမကျဘူး”ဟု Eleven Media Group ၏ CEO  ဒေါက်တာ သန်းထွဋ်အောင်က ပြောကြားထားသည်။

ရွှေဝါရောင် တော်လှန်ရေးသည် ၂ဝဝ၇ ခုနှစ် စက်တင်ဘာ ၂၆ ရက်နေ့က ပခုက္ကူမြို့တွင် အစိုးရဆန့်ကျင် ဆန္ဒပြ သံဃာတော်များကို အာဏာပိုင်များက ရိုက်နှက်မှု ဖြစ်ခဲ့ပြီးနောက် ရန်ကုန်၊ မန္တလေး၊ စစ်တွေ စသည့် မြို့ကြီးများတွင် သံဃာ့လှုပ်ရှားမှုများ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

တိုက်ဆိုင်စွာပင် ယနေ့တွင် ပြည်သူ့လွှတ်တော်၌ “ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လှည်ခွင့် ဥပဒေမူကြမ်း” ကို ဆွေးနွေးမည်ဖြစ်သည်။

ယင်း ဥပဒေမူကြမ်းတွင် ငြိမ်းချမ်းစွာ စီတန်း လှည့်လှည့်ခွင့်နှင့် စပ်လျင်း၍ အစိုးရဌာန အစိုးရ အဖွဲ့အစည်းရုံး၊
အလုပ်ရုံ၊ စက်ရုံ၊ အလုပ်ဌာန ဘာသာရေးနှင့် သက်ဆိုင်သော နေရာများ၊ စာသင်ကျောင်း၊ ဘူတာရုံ၊ လေဆိပ်၊ သင်္ဘောဆိပ်ကမ်း၊ ကားဂိတ်၊ ဆေးရုံတို့နှင့် အဆိုပါနေရာတို့ကို အနှောက်အယှက် ဖြစ်စေသည့် နေရာများတွင် “စီတန်းခွင့်နှင့် စုဝေးခွင့်မရှိ” ဟု ပြဋ္ဌာန်းပါရှိသည်။

ဥပဒေမူကြမ်းတွင် "ခွင့်ပြုချက် မရဘဲ၊ ငြိမ်းချမ်းစွာ စီတန်းလှည့်လှည်ခြင်း၊ ငြိမ်းချမ်းစွာ စီတန်းခြင်း၊ ပြစ်မှု ထင်ရှားပါ
က တနှစ်ထက် မပိုသော ထောင်ဒဏ်နှင့် ငွေဒဏ်၊ စီတန်း လှည့်လည်သူများကို နှောက်ယှက်လျှင် နှစ်နှစ်ထက် မပိုသော ထောင်ဒဏ်" တို့ကို သတ်မှတ်ထားသည်။
ဆုတောင်းသူများ ရဲအင်အား ၄၀၀ ခန့်ကတား ဆုတောင်းသူများ ရဲအင်အား ၄၀၀ ခန့်ကတား Reviewed by သစ်ထူးလွင် on 21:44 Rating: 5

No comments:

Powered by Blogger.