လွှတ်တော်မှာ လျှို့ဝှက်မဲစနစ်အစား ဗြောင်မဲပေးစနစ် ကျင့်သုံးနေတာကို လွှတ်တော် ကိုယ်စားလှယ်တချို့က ဝေဖန်နေပါတယ်။
အခုကျင်းပ
နေတဲ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်ပုံမှန်အစည်းအဝေးမှာ အဆို
ပြုချက်တချို့ကို မဲခွဲရာမှာ လျှို့ဝှက်မဲပေးစက်ခလုတ် ရှိပါရက်နဲ့
မတ်တတ်ရပ်ပြနေရတာလို့ လွှတ်တော်ကိုယ်စားလှယ်တဦးက ပြောပါတယ်။
“စက်ကတော့
မပျက်ပါဘူး။ သူတို့ မနေ့ကစမ်းကြည့်တာ အားလုံးမှန်ပါတယ်။ ဒါ
ပေမယ့် ဘာကြောင့်ဆိုတာတော့ လွှတ်တော်ကိုယ်စားလှယ်တွေကြားထဲမှာ
ဝေဖန်နေကြ တာပေါ့။ ဒီစက်ခလုတ်တွေကို ဘာလုပ်ထားတာလဲ ဆိုပြီး။”
အကျဉ်း
ထောင်ဥပဒေပြင်ဆင်ရေးနဲ့ အရေးပေါ်စီမံချက် အက်ဥပဒေရုပ်သိမ်းရေး
အဆိုတင်ရာမှာ မဲအပြတ်နဲ့ ရှုံးနိမ့်ထားတဲ့ သင်္ဃန်းကျွန်း
မဲဆန္ဒနယ်ကိုယ်စားလှယ် ဦးသိန်းညွန့်ကတော့ ဒီမဲပေးစနစ်ဟာ
လွှတ်တော်ဥက္ကဋ္ဌရဲ့ အဆုံးအဖြတ်ဖြစ်နေတယ်လို့ ပြောပါ တယ်။
“လွှတ်
တော်ကိုယ်စားလှယ်ဆိုတာ လွှတ်တော်ဥက္ကဋ္ဌရဲ့ အဆုံးအဖြတ်ကို နာခံရမှာ ပဲ။
ဒီကိစ္စ ဘာမှပြောစရာမရှိဘူး။ ပြောစရာရှိတာကတော့
ဗြောင်မဲပေးစနစ်အောက်မှာ ကျနော့်အဆိုကို ထောက်ခံခဲ့တဲ့
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များကိုတော့ သိပ်ကျေးဇူးတင်ပါတယ်။”
လွှတ်
တော်ကိုယ်စားလှယ် အများဆုံးဖြစ်တဲ့
ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်တွေက တင်ပြတဲ့ ဥပဒေပြုရေး
အဆိုတွေကတော့ အားလုံးလိုလို အနိုင်ရနေပါတယ်။ လျှို့ဝှက်မဲ
စနစ်သာသုံးရင် အခုရှုံးနိမ့်သွားတဲ့ အဆိုပြုချက်တွေကို ထောက်ခံသူ
ခုထက်ပိုလာနိုင် တယ်လို့ လွှတ်တော်ကိုယ်စားလှယ်တဦးက ပြောပါတယ်။
“စပ်ကူး
မတ်ကူးကာလဆိုတော့ လူတွေက ပွင့်ပွင့်လင်းလင်း မရှိကြသေးဘူး။ စက်
ခလုတ်သုံးရင်လည်း ကျနော်တို့ အဆိုကတော့ ရှုံးမှာပဲ။
ဘာလို့လဲဆိုတော့ ဟိုဘက်က အင်အားများနေတာကို။ သုံးစေချင်တာပေါ့ဗျာ။
စက်ခလုတ်ခုံကြီး ရှေ့မှာထားပြီး လူက မတ်တတ်ရပ်နေတယ်ဆိုတော့
သဘာဝသိပ်မကျဘူး။ သုံးစေချင်တယ်၊ ဖြစ်စေချတယ်။ အဲလိုမျိုးဆိုရင်တော့
ဒီထက်ပိုပြီး ထောက်ခံမဲ ပိုလာနိုင်တယ်လို့ ကျနော်တို့ မြင်တယ်။”
ဗြောင်မဲပေးစနစ်ကို လွှတ်တော်ကိုယ်စားလှယ်များ ဝေဖန်
Reviewed by သစ်ထူးလွင်
on
19:56
Rating: