အသက် ၁၅ နှစ်နှင့်အထက် လူငယ်များသည် ပညာသင်ယူချိန် ဖြစ်သော်လည်း
ပညာရေးထက် လုပ်ငန်း ခွင်ဝင်ရောက်ခြင်းဖြင့် မိသားစု ရပ်တည်ရေးကို
တစ်ထောင့်တစ်နေရာမှ ကူညီပံ့ပိုးလုပ်ဆောင်မှု ပိုမိုလာကြောင်း
သတင်းရရှိပါသည်။
“အခု အခြေခံလူတန်းအများစု ရှိတဲ့ ကျွန်တော်တို့ လှိုင်သာယာဘက် မှာဆိုရင် အသက် ၁၀နှစ်နဲ့ ၁၅ကြား၊ အသက် ၁၅ နှစ်အထက် လူငယ်တွေဟာ ပညာဆက်လက်သင်ယူမှုထက် မိသားစုရပ်တည်ရေးကို ကူညီတဲ့အနေနဲ့ သူတို့အရွယ်နဲ့ လုပ်နိုင်တဲ့ဘက်ကနေ အလုပ်ဝင်လုပ်ကြတာကို ပိုမိုတွေ့မြင်လာရပါတယ်။ တချို့ကလေးတွေက မိဘကကျောင်း ထားပါလျက် သူတို့ကိုယ်၌က ကျောင်းမနေချင်တာ။ တချို့ကလေးတွေက မိဘကိုယ်၌က အလုပ်ခိုင်းတာရှိတယ်။ ဘယ်လိုနည်းနဲ့ပဲဖြစ်ပါစေ။ ဒါဟာ နိုင်ငံအတွက် ဆုံးရှုံးမှုပါပဲ”ဟု လှိုင်သာယာမြို့နယ်နေ ပင်စင်စားဝန်ထမ်း တစ်ဦးက ပြောကြားခဲ့ပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ နေပြည်တော် စသည့်ဒေသများ
ဝန်းကျင်ရှိ အသက် ၁၀ နှစ်နှင့် ၁၅ နှစ်ကြား ကလေးများသည် စားသောက်ဆိုင်၊
အရောင်းဆိုင်ကြီးများ၊ လက်ဖက်ရည်ဆိုင် စသည့်လုပ်ငန်းများတွင်
ဝင်ရောက်လုပ်ကိုင်မှုများကြောင်း သိရသည်။ အဆိုပါ အသက်အရွယ်ရှိ ကလေးအချို့သည်
အဝေးပြေးဝင်း၊ ဈေး၊ ဘူတာကြီးစသည့် လူများရာနေရာများတွင် ပလတ်စတစ်အိတ်၊
ကော်တိုကော်စများ၊ ရေသန့်ဘူးများ၊ သံတိုသံစများကို လိုက်လံကောက်ယူသည့်
အလုပ်များ၌ လုပ်ကိုင်မှုများလည်း ရှိသည်။ ယင်းကောက်ယူမှုမှရရှိသော ၀င်ငွေမှာ
ကလေးတစ်ဦးလျှင် တစ်ရက် အနည်းဆုံး ကျပ် ၁၀၀၀ ၀န်းကျင်ရ ရှိကြသည်ဟု
စုံစမ်းသိရှိရပါသည်။ အသက် ၁၅ နှစ်နှင့်အထက် ကလေး အချို့မှာ
ဆောက်လုပ်ရေးလုပ်ငန်းများ၊ မုန့်လုပ်ငန်း၊ ဆံပင်တုလုပ်ငန်း၊ စသည့်
လက်မှုလုပ်ငန်းအချို့နှင့် စက်မှုဇုန်လုပ်သားများ အဖြစ်
ဝင်ရောက်လုပ်ကိုင်ကြသည်ဟု သိရှိရပါသည်။
“ကျွန်တော်က သုံးတန်းထိ ပညာသင်ယူခဲ့ပါတယ်။ ကျွန်တော့် အမေက စားဝတ်နေရေးအတွက် ကျွန်တော့်ရဲ့ ကူညီမှုကို ယူတာပါ။ ကျွန်တော် အိမ်ကနေ နံနက် ၆ နာရီ မှာ စထွက်တယ်။ အောင်မင်္ဂလာ အဝေးပြေးဝင်း တစ်ခုတည်းမှာပဲ ပလတ် စတစ်နဲ့ သံတိုသံစ၊ ရေသန့်ဘူးခွံတွေ ကိုလိုက်ကောက်ပြီး ပြန်ရောင်းတာပါ။ မရတဲ့နေ့ဆိုရင်ကျပ် ၁၅၀၀ လောက် ရတယ်။ ရတဲ့နေ့ဆိုရင်တော့ ကျပ် ၂၅၀၀ လောက်ရပါတယ်။ ကျွန်တော် နဲ့အတူ သူငယ်ချင်းငါးယောက်လောက် ရှိပါတယ်။ သူတို့လည်း အတူတူပါ ပဲ” ဟု မင်္ဂလာဒုံမြို့နယ် လေးထောင့်ကန်ရပ်ကွက်နေ အသက် ၁၂ နှစ်အရွယ်ရှိ ကလေးငယ်တစ်ဦးက ပြောပါသည်။
လက်ဖက်ရည်ဆိုင်တွင် အလုပ် လုပ်ကိုင်သော ကလေးများသည် လုပ်ခ ခံစားခွင့်အဖြစ် ထမင်းစရိတ်ငြိမ်း တစ်လကျပ်တစ်သောင်းခွဲ ၀န်းကျင် ရရှိကြသည်ဟု သိရသည်။ မုန့်ဆိုင်၊ ဆံပင်တုလုပ်ငန်း ကဲ့သို့သော လုပ်ငန်းများတွင် အလုပ်လုပ်ကိုင်သူများသည် အနည်းဆုံးတစ်ရက်ကျပ် ၇၅၀ မှ ကျပ် ၁၀၀၀ ၀န်းကျင်ရရှိကြသည်ဟု သိရှိရပါသည်။
“ကျွန်တော်တို့ မန္တလေးမှာ စားဝတ်နေရေးခက်ခဲတဲ့ မိသားစုဝင် ကလေးတွေက အသက် ၁၀ နှစ်ဝန်းကျင် ကလေးအရွယ်ကစပြီး နွေကျောင်းပိတ်ချိန်တွေမှာ မိသားစုကိုကူညီတဲ့ အနေနဲ့ အလုပ်လုပ်ကြတယ်။ လက်ဖက်ရည်ဆိုင်၊ မုန့်ဆိုင်၊ ဆံပင်တုလုပ်ငန်းတွေမှာ ၀င်လုပ်တာ များတယ်။ ကလေးတချို့က ဘူတာလို နေရာမျိုး မှာ ခရီးသွားတွေ ပစ်ချတဲ့ ရေသန့်ဘူးခွံတွေကို ကောက်ယူပြီး ပြန်ရောင်းတဲ့ အလုပ်လုပ်ကြတယ်။ ကျောင်းဖွင့်ချိန်ဆို ကျောင်းပြန်တက်ကြတယ်။ များသောအားဖြင့်ကတော့ အထက်တန်း ပညာသင်အရွယ် ရောက်ရင် ကျောင်းပညာကိုစွန့်ပြီး လုပ်ငန်းခွင်ဝင်ကြတာ ပိုများလာတယ်”ဟု မန္တလေးမြို့နေ လက်ဖက်ရည်ဆိုင် ပိုင်ရှင်တစ်ဦးက ရှင်းပြခဲ့ပါသည်။
အသက် ၁၅ နှင့်အထက်ရှိ လူငယ်များသည် ကားမှတ်တိုင်များ၌ ကွမ်းယာ၊ ရေသန့်အစရှိသည့် အရာများကို လိုက်လံရောင်းချခြင်း၊ အခြားသော နေ့စားအလုပ်များကို လုပ်ကိုင်သည်များ ရှိသည်ဟု သိရသည်။
“နိုင်ငံတစ်နိုင်ငံရဲ့ Human Resources ဆိုတာ တကယ်တမ်း လုပ်ငန်းခွင်မှာ ၀င်ရောက် အလုပ်လုပ်ကိုင် နေသူတွေကို သတ်မှတ်တာပါ။ အဲဒီ လူတွေထဲမှာမှ ကာယလုပ်သားနဲ့ ဥာဏလုပ်သားခွဲခြားမှု ရှိပါတယ်။ ကျွန်တော်တို့နိုင်ငံမှာက ကာယလုပ်သားများနေတယ်။ လက်ရှိ ကျွန်တော်တို့နိုင်ငံရဲ့ အနေအထားက ပညာတတ်ဘွဲ့ရတစ်ယောက်ရဲ့ ၀င်ငွေနဲ့ပညာ မတတ်ဘဲ အလုပ်လုပ်နေသူတွေရဲ့ ၀င်ငွေက မကွာတော့ ပညာကိုဦးစားပေးမှု လျော့သွားတာပါ။ တိုင်းပြည်ရဲ့ စီးပွားရေး အခြေအနေနဲ့လည်း ဆိုင်ပါတယ်။ ဒါပေမယ့် ၂၀၁၅ ခုနှစ်မှာ အာဆီယံလွတ်လပ်စွာ ကုန်သွယ်ခွင့် ရှိလာတဲ့အခါ ကျွန်တော်တို့ တိုင်းပြည်မှာလည်း အလုပ်အကိုင် အခွင့်အလမ်းတွေ ရှိလာမှာပါ။ ဒါကြောင့် ကျွန်တော်တို့ သင်တန်းပို့ချတဲ့အခါမှာ နောင်ဖြစ်လာမယ့် အလုပ်အကိုင်အခွင့်အလမ်းကို ဦးတည်ပြီး လိုအပ်တဲ့ ပညာတွေ ကိုသင်ပေးနေရပါတယ်။ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကာယလုပ်သားထက် ဥာဏလုပ်သား ပိုများနေရမှာပါ”ဟု Western Manament Centrer မှ Training Director ဦးမျိုးမင်းဦးက ရှင်းပြခဲ့သည်။
ပညာတန်ဆောင်မှ ဆရာမတစ်ဦးက “ရပ်ရွာအခြေပြု ကျောင်းပြင်ပရောက် ကလေးများအတွက် စဉ်ဆက်မပြတ် တိုးချဲ့ပညာသင်ယူခြင်း လုပ်ငန်းအစီအစဉ်တွေနဲ့ ရှေးဦးကလေး သူငယ်ဖွံ့ဖြိုးရေး လုပ်ငန်းတွေ လုပ်ဆောင်နေတာ ရှိပါတယ်။ အဲဒီထဲမှာမှ အသက် ၁၀ နှစ်ကနေ ၁၇ နှစ်ကြား ရှိကလေးတွေကို အဓိကသင်ကြားပေးတဲ့ ရပ်ရွာအခြေပြု ကျောင်းပြင်ပရောက် ကလေးတွေအတွက် စဉ်ဆက်မပျက် တိုးချဲ့ပညာသင်ကြားခြင်းလုပ်ငန်းက ပိုမိုလုပ်ဆောင်ရပါတယ်။ ကလေးတွေက ပညာသင်ချိန်မှာ ကျောင်းပြင်ပရောက်ပြီး လုပ်ငန်းခွင် ၀င်ရောက်မှု ပိုမိုလာပါတယ်”ဟု ပြော ကြားခဲ့ပါသည်။
“အခု အခြေခံလူတန်းအများစု ရှိတဲ့ ကျွန်တော်တို့ လှိုင်သာယာဘက် မှာဆိုရင် အသက် ၁၀နှစ်နဲ့ ၁၅ကြား၊ အသက် ၁၅ နှစ်အထက် လူငယ်တွေဟာ ပညာဆက်လက်သင်ယူမှုထက် မိသားစုရပ်တည်ရေးကို ကူညီတဲ့အနေနဲ့ သူတို့အရွယ်နဲ့ လုပ်နိုင်တဲ့ဘက်ကနေ အလုပ်ဝင်လုပ်ကြတာကို ပိုမိုတွေ့မြင်လာရပါတယ်။ တချို့ကလေးတွေက မိဘကကျောင်း ထားပါလျက် သူတို့ကိုယ်၌က ကျောင်းမနေချင်တာ။ တချို့ကလေးတွေက မိဘကိုယ်၌က အလုပ်ခိုင်းတာရှိတယ်။ ဘယ်လိုနည်းနဲ့ပဲဖြစ်ပါစေ။ ဒါဟာ နိုင်ငံအတွက် ဆုံးရှုံးမှုပါပဲ”ဟု လှိုင်သာယာမြို့နယ်နေ ပင်စင်စားဝန်ထမ်း တစ်ဦးက ပြောကြားခဲ့ပါသည်။
နိုင်ငံတစ်နိုင်ငံရဲ့ Human Resources ဆိုတာ တကယ်တမ်း လုပ်ငန်းခွင်မှာ ၀င်ရောက် အလုပ်လုပ်ကိုင်နေသူတွေကို သတ်မှတ်တာပါ။ အဲဒီလူတွေထဲမှာမှ ကာယလုပ်သားနဲ့ ဥာဏလုပ်သား ခွဲခြားမှုရှိပါတယ်။ကျွန်တော်တို့ နိုင်ငံမှာက ကာယလုပ်သားများနေတယ် . . . |
“ကျွန်တော်က သုံးတန်းထိ ပညာသင်ယူခဲ့ပါတယ်။ ကျွန်တော့် အမေက စားဝတ်နေရေးအတွက် ကျွန်တော့်ရဲ့ ကူညီမှုကို ယူတာပါ။ ကျွန်တော် အိမ်ကနေ နံနက် ၆ နာရီ မှာ စထွက်တယ်။ အောင်မင်္ဂလာ အဝေးပြေးဝင်း တစ်ခုတည်းမှာပဲ ပလတ် စတစ်နဲ့ သံတိုသံစ၊ ရေသန့်ဘူးခွံတွေ ကိုလိုက်ကောက်ပြီး ပြန်ရောင်းတာပါ။ မရတဲ့နေ့ဆိုရင်ကျပ် ၁၅၀၀ လောက် ရတယ်။ ရတဲ့နေ့ဆိုရင်တော့ ကျပ် ၂၅၀၀ လောက်ရပါတယ်။ ကျွန်တော် နဲ့အတူ သူငယ်ချင်းငါးယောက်လောက် ရှိပါတယ်။ သူတို့လည်း အတူတူပါ ပဲ” ဟု မင်္ဂလာဒုံမြို့နယ် လေးထောင့်ကန်ရပ်ကွက်နေ အသက် ၁၂ နှစ်အရွယ်ရှိ ကလေးငယ်တစ်ဦးက ပြောပါသည်။
လက်ဖက်ရည်ဆိုင်တွင် အလုပ် လုပ်ကိုင်သော ကလေးများသည် လုပ်ခ ခံစားခွင့်အဖြစ် ထမင်းစရိတ်ငြိမ်း တစ်လကျပ်တစ်သောင်းခွဲ ၀န်းကျင် ရရှိကြသည်ဟု သိရသည်။ မုန့်ဆိုင်၊ ဆံပင်တုလုပ်ငန်း ကဲ့သို့သော လုပ်ငန်းများတွင် အလုပ်လုပ်ကိုင်သူများသည် အနည်းဆုံးတစ်ရက်ကျပ် ၇၅၀ မှ ကျပ် ၁၀၀၀ ၀န်းကျင်ရရှိကြသည်ဟု သိရှိရပါသည်။
“ကျွန်တော်တို့ မန္တလေးမှာ စားဝတ်နေရေးခက်ခဲတဲ့ မိသားစုဝင် ကလေးတွေက အသက် ၁၀ နှစ်ဝန်းကျင် ကလေးအရွယ်ကစပြီး နွေကျောင်းပိတ်ချိန်တွေမှာ မိသားစုကိုကူညီတဲ့ အနေနဲ့ အလုပ်လုပ်ကြတယ်။ လက်ဖက်ရည်ဆိုင်၊ မုန့်ဆိုင်၊ ဆံပင်တုလုပ်ငန်းတွေမှာ ၀င်လုပ်တာ များတယ်။ ကလေးတချို့က ဘူတာလို နေရာမျိုး မှာ ခရီးသွားတွေ ပစ်ချတဲ့ ရေသန့်ဘူးခွံတွေကို ကောက်ယူပြီး ပြန်ရောင်းတဲ့ အလုပ်လုပ်ကြတယ်။ ကျောင်းဖွင့်ချိန်ဆို ကျောင်းပြန်တက်ကြတယ်။ များသောအားဖြင့်ကတော့ အထက်တန်း ပညာသင်အရွယ် ရောက်ရင် ကျောင်းပညာကိုစွန့်ပြီး လုပ်ငန်းခွင်ဝင်ကြတာ ပိုများလာတယ်”ဟု မန္တလေးမြို့နေ လက်ဖက်ရည်ဆိုင် ပိုင်ရှင်တစ်ဦးက ရှင်းပြခဲ့ပါသည်။
အသက် ၁၅ နှင့်အထက်ရှိ လူငယ်များသည် ကားမှတ်တိုင်များ၌ ကွမ်းယာ၊ ရေသန့်အစရှိသည့် အရာများကို လိုက်လံရောင်းချခြင်း၊ အခြားသော နေ့စားအလုပ်များကို လုပ်ကိုင်သည်များ ရှိသည်ဟု သိရသည်။
“နိုင်ငံတစ်နိုင်ငံရဲ့ Human Resources ဆိုတာ တကယ်တမ်း လုပ်ငန်းခွင်မှာ ၀င်ရောက် အလုပ်လုပ်ကိုင် နေသူတွေကို သတ်မှတ်တာပါ။ အဲဒီ လူတွေထဲမှာမှ ကာယလုပ်သားနဲ့ ဥာဏလုပ်သားခွဲခြားမှု ရှိပါတယ်။ ကျွန်တော်တို့နိုင်ငံမှာက ကာယလုပ်သားများနေတယ်။ လက်ရှိ ကျွန်တော်တို့နိုင်ငံရဲ့ အနေအထားက ပညာတတ်ဘွဲ့ရတစ်ယောက်ရဲ့ ၀င်ငွေနဲ့ပညာ မတတ်ဘဲ အလုပ်လုပ်နေသူတွေရဲ့ ၀င်ငွေက မကွာတော့ ပညာကိုဦးစားပေးမှု လျော့သွားတာပါ။ တိုင်းပြည်ရဲ့ စီးပွားရေး အခြေအနေနဲ့လည်း ဆိုင်ပါတယ်။ ဒါပေမယ့် ၂၀၁၅ ခုနှစ်မှာ အာဆီယံလွတ်လပ်စွာ ကုန်သွယ်ခွင့် ရှိလာတဲ့အခါ ကျွန်တော်တို့ တိုင်းပြည်မှာလည်း အလုပ်အကိုင် အခွင့်အလမ်းတွေ ရှိလာမှာပါ။ ဒါကြောင့် ကျွန်တော်တို့ သင်တန်းပို့ချတဲ့အခါမှာ နောင်ဖြစ်လာမယ့် အလုပ်အကိုင်အခွင့်အလမ်းကို ဦးတည်ပြီး လိုအပ်တဲ့ ပညာတွေ ကိုသင်ပေးနေရပါတယ်။ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကာယလုပ်သားထက် ဥာဏလုပ်သား ပိုများနေရမှာပါ”ဟု Western Manament Centrer မှ Training Director ဦးမျိုးမင်းဦးက ရှင်းပြခဲ့သည်။
ပညာတန်ဆောင်မှ ဆရာမတစ်ဦးက “ရပ်ရွာအခြေပြု ကျောင်းပြင်ပရောက် ကလေးများအတွက် စဉ်ဆက်မပြတ် တိုးချဲ့ပညာသင်ယူခြင်း လုပ်ငန်းအစီအစဉ်တွေနဲ့ ရှေးဦးကလေး သူငယ်ဖွံ့ဖြိုးရေး လုပ်ငန်းတွေ လုပ်ဆောင်နေတာ ရှိပါတယ်။ အဲဒီထဲမှာမှ အသက် ၁၀ နှစ်ကနေ ၁၇ နှစ်ကြား ရှိကလေးတွေကို အဓိကသင်ကြားပေးတဲ့ ရပ်ရွာအခြေပြု ကျောင်းပြင်ပရောက် ကလေးတွေအတွက် စဉ်ဆက်မပျက် တိုးချဲ့ပညာသင်ကြားခြင်းလုပ်ငန်းက ပိုမိုလုပ်ဆောင်ရပါတယ်။ ကလေးတွေက ပညာသင်ချိန်မှာ ကျောင်းပြင်ပရောက်ပြီး လုပ်ငန်းခွင် ၀င်ရောက်မှု ပိုမိုလာပါတယ်”ဟု ပြော ကြားခဲ့ပါသည်။
အသက် ၁၅ နှစ်နှင့် အထက် လူငယ်များ ပညာရေးထက် လုပ်ငန်းခွင်ဝင်ရောက်မှု ပိုမိုလာ
Reviewed by သစ်ထူးလွင်
on
14:04
Rating: