ကချင်နှင့် ဆွေးနွေးပွဲဆက် အပစ်ခတ်ရပ်ရေး အလှမ်းဝေးဆဲ

Pan_Awng
KIO ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ဂွမ်မော်ဦးဆောင်သော ငါးဦးပါ အဖွဲ့နှင့် နယ်စပ် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး သန်းအောင် ဦးစီးသော ငြိမ်းချမ်း တည်ငြိမ်ရေးနှင့် ညှိနှိုင်းရေးအဖွဲ့မှ အဖွဲ့ဝင် ၃ ဦးတို့သည် လဂျားယန်တွင် နှစ်နာရီခွဲခန့်ကြာ ဆွေးနွေး (Photo: KNG)
ချင်းမိုင်(မဇ္ဈိမ) ။       ။ ကချင် လွတ်မြောက်ရေး အဖွဲ့နှင့် အစိုးရဘက်က စေလွှတ်လိုက်သော ကိုယ်စားလှယ် အဖွဲ့တို့ လဂျားယန် ကျေးရွာတွင် တနင်္လာနေ့က ဆွေးနွေးခဲ့ကြသော်လည်း ပြည်နယ်အဆင့်သာ ငြိမ်းချမ်းရေးလုပ်မည် ဆိုသည့်အတွက် အပစ်ခတ်ရပ်ရေး သဘောတူလက်မှတ်ရေးမှာ မရေမရာပင်  ဖြစ်နေသေးသည်။ KIO ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ဂွမ်မော်ဦးဆောင်သော ငါးဦးပါအဖွဲ့နှင့် နယ်စပ်လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး သန်းအောင် ဦးစီးသော ငြိမ်းချမ်း တည်ငြိမ်ရေးနှင့် ညှိနှိုင်းရေးအဖွဲ့မှ အဖွဲ့ဝင် ၃ ဦးတို့သည် အပစ်ခတ် ရပ်စဲရေးနှင့် ပတ်သက်ပြီး နှစ်နာရီခွဲခန့်ကြာ ကချင်ပြည်နယ် ဒေါ့ဖုန်းယန်မြို့နယ်ခွဲတွင်းရှိ KIO ထိန်းချုပ်ရာ လဂျားယန်တွင်  ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။ KIO က တနိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်ခတ် ရပ်စဲရေး တင်ပြထားချိန်တွင် အစိုးရဘက်ကတော့ ပြည်နယ် အဆင့်သာ ငြိမ်းချမ်းရေးကို ဆက်လက် ဆုတ်ကိုင်ထားသည်။
KIO က တင်ပြထားသော တနိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်ခတ် ရပ်ဆိုင်းရေးနှင့် နိုင်ငံရေးအရ ဆက်လက် ဆွေးနွေးရေးတို့နှင့် ပတ်သက်ပြီး ဆက်လက်၍ မျက်နှာချင်းဆိုင် ဆွေးနွေးရန်သာ သဘောတူညီခဲ့ကြသည်ဟု KIO တွဲဘက်အတွင်းရေးမှူး ဦးလနန်က ပြောသည်။ “ ဒီနေ့ တွေ့ဆုံမှုနဲ့တော့ လက်မှတ်ထိုးဖို့ မဖြစ်နိုင်သေးဘူး။ ဒီ့ထက်ပိုပြီး တွေ့ဆုံမှုတွေ လုပ်ရအုန်းမယ်။ သူတို့ဘက် အပေါ် မူတည်ပါတယ်။ လက်မှတ်ထိုးဖို့က နိုင်ငံတည်ငြိမ်မှု ဘယ်လောက်ထိ လိုလားတယ်ဆိုတဲ့ အပေါ် မူတည်ပါတယ်”ဟု ဦးလနန်က ပြောသည်။
ကချင်နှင့် ဆွေးနွေးပွဲဆက် အပစ်ခတ်ရပ်ရေး အလှမ်းဝေးဆဲ ကချင်နှင့် ဆွေးနွေးပွဲဆက် အပစ်ခတ်ရပ်ရေး အလှမ်းဝေးဆဲ Reviewed by သစ်ထူးလွင် on 11:33 Rating: 5
Powered by Blogger.