ကရင်ပြည်နယ်
ဘားအံမြို့မှာ သံလွင်မြစ်ရေတက်မှုကြောင့် အခုလ ၃ ရက်နေ့က စပြီး
မြို့တွင်းနေရာ တော်တော်များများ ရေနစ်မြုပ်ခဲ့ပြီး ဒီနေ့အထိ ရေပြန်
မကျသေးတဲ့အတွက် ဒုက္ခသည်တွေဟာ ဘုန်ကြီးကျောင်း၊ စာသင်ကျောင်းနဲ့
ဓမ္မာရုံတွေမှာ ခိုလှုံနေကြပါတယ်။
ရေဘေးဒုက္ခသည်
၂၀၀၀ ကျော်ကို ဒေသခံလူမှုအဖွဲ့အစည်းတွေ၊ အာဏာပိုင်တွေက အစားအသောက်တွေ
ကူညီပေးနေကြတယ်လို့ ဘားအံမြို့ ဒေသခံတဦးက ပြောပါတယ်။
“ကယ်ဆယ်မှုဆိုတာ
အန်ကယ်တို့ ဒီနေ့ မြို့မိမြို့ဖပေါ့။ မာဃတို့၊ လင်းစေတမန်တို့
အဖွဲ့ကနေပြီးတော့ စေတနာရှင်တွေ ပိုက်ဆံကောက်ပြီးတော့ ကြက်သားဆန်ပြုတ်
လိုက်ဝေတာပေါ့။ ကယ်ဆယ်ရေး စခန်းတွေ အားကစားရုံတို့၊ အောင်သံလျင်တို့ နောက်
ကျန်တဲ့နေရာတွေပေါ့။ လူကြီးတွေလည်း လိုက်ကြည့်တယ်။ ဝန်ကြီးအဖွဲ့တွေရော၊
ဌာနဆိုင်ရာ အဖွဲ့အစည်းတွေရော၊ ပြင်ပ အလှူရှင်တွေကလည်း ဆန်တို့၊
ခေါင်ဆွဲတို့၊ ကြက်ဥတို့ အဲဒီလို အသီးသီး ဆန်အိတ်တွေ ဝေကြတာ ရှိတယ်။
အားလုံး ၂ ထောင်ကျော်မယ်။ အားကစားရုံမှာတော့ ၁၁၅၆။ အောင်သံလျင်
ကွင်းမှာတော့ ၆၀၀ ကျော်။ ကျန်တဲ့နေရာကတော့ အချို့ ဘုန်းကြီးကျောင်း ၂
ကျောင်းမှာ ခွဲထားတာ ရှိတယ်။ အာဏာပိုင်အဖွဲ့အစည်းက စနစ်တကျနဲ့ အကုန်လုံး
စစ်တပ်ရော၊ ရဲရော၊ ကြံ့ဖွံ့ရော ထားပေးတယ်လေ။”
ဘားအံမြို့မှာ
ပြီးခဲ့တဲ့ ဇူလိုင်လ တတိယအပတ်ကလည်း သံလွင်မြစ်ရေ တက်မှုကြောင့် ရေကြီးမှု
ဖြစ်ပွားခဲ့ပါသေးတယ်။ အခုတကြိမ် ရေကြီးမှုဟာ အရင်ထက် ပိုပြီးဆိုဝါးတယ်လို့
အဲဒီမြို့ခံကပဲ ပြောပါတယ်။
ပဲခူးတိုင်း
တောင်ငူမြို့မှာတော့ စစ်တောင်းမြစ်ရေကလည်း စိုးရိမ်ရေမှတ်ထက်
ကျော်လွန်နေတဲ့အတွက် တောင်းငူမြို့ အနိမ့်ပိုင်း ဒေသတချို့မှာ ရေ၀င်ပေမယ့်
ဒီထက် မတက်လာသေးဘူးလို့ မြို့ခံတဦးက ပြောပါတယ်။
ဒါပေမယ့်
တောင်ငူမြို့ရဲ့ အပြင်ဘက်မှာတော့ ခပေါင်းချောင်း ရေတက်လာတဲ့အတွက်
အဲဒီအနီးအနား တ၀ှက်က ကျေးရွာတွေနဲ့ လယ်တွေ ရေမြုပ်ကုန်တယ်လို့
တောင်ငူမြို့ခံက အခုလို ပြောပါတယ်။
“တောင်ငူမြို့ရဲ့
တောင်ဘက် မြို့ဆင်ခြေဖုန်း ရပ်ကွက်ပေါ့။ သူက မြို့ပေါ် ရပ်ကွက်ထဲမှာတော့
မပါတော့ဘူး။ မြို့နဲ့ထိစပ်နေတာပဲ။ ပေါက်တောတို့၊ ကျန်းစုကြီး၊
အော်စိုင်းတို့ကတော့ ရေတက်နေပြီ။ အဲဒီက ခပေါင်းချောင်းရေကနေ လျှံတယ်လေ။
အဲဒီကျေးရွာအုပ်စု ရွာ ၄ ရွာလောက်တော့ ရေတက်နေပြီ။ ကျန်းစုကြီးအုပ်စုကတော့
ရေနစ်ပြီ။ ရွာရော လယ်ကွင်းရောက တွဲနေတာ တခါတည်း အကုန်နစ်ပြီ။”
မိုးလေ၀သနဲ့ ဇလဗေဒဦးစီးဌာနကလည်း ရွှေကျင်မြစ်ရေဟာ စိုးရိမ်ရေမှတ် ရောက်ရှိနေကြောင်း မနေ့က ထုတ်ပြန်ပါတယ်။
ဘားအံမြို့ ရေမကျသေး၊ ဒုက္ခသည်များ ဘုန်းကြီးကျောင်းများတွင် ခိုလှုံ
Reviewed by သစ်ထူးလွင်
on
19:46
Rating: