ဌာနေပြည်သူ့
စစ် အသွင်ပြောင်းဖို့ ငြင်းဆန်ခဲ့တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ
ရှမ်းပြည်တပ်မတော်ကို အစိုးရတပ်က ထိုစစ်ဆင်နေတာ ဇူလိုင်လထဲမှာ
တိုက်ပွဲပေါင်း ၃၀ ကျော် ဖြစ်ပွားခဲ့ပါတယ်။
လွန်ခဲ့တဲ့
မတ်လ ၁၃ ရက်နေ့ကစပြီး ဩဂုတ် ၂ ရက်နေ့အထိ တိုက်ပွဲတွေ ၄ လကျော်
ဖြစ်ပွားခဲ့ရာမှာ ဇူလိုင်လထဲမှာ အကြိမ်ပေါင်း ၃၀ ကျော် မြို့နယ် ၅
ခုထဲမှာ ဖြစ်ပွားခဲ့ပြီး ကျေးသီးမြို့နယ်ထဲမှာ ဖြစ်ပွားခဲ့တဲ့
တိုက်ပွဲကတော့ အပြင်းထန်ဆုံး၊ ကျဆုံးမှုတွေ အများဆုံးပဲလို့
ရှမ်းပြည်တိုးတက်ရေးပါတီ ပြောခွင့်ရ ဗိုလ်မှူးကြီးစိုင်းလက ခုလို
ပြောပါတယ်။
“ဒီတိုက်ပွဲကြီး
မှာတော့ အစိုးရတပ်ဘက်က ဒဏ်ရာရတာ ၂၀၀ ဝန်းကျင်လောက် ဖြစ်တယ်။
ကျဆုံးစာရင်းက ၁၀၀ လောက်ရှိတယ်။ တပ်ကထွက်ပြေးတာက ၆၀ လောက်ရှိတယ်။
ကျဆုံးစာရင်းကတော့ ထွက်ပြေးလာတဲ့ သူတွေရဲ့ ပြောပြချက်အရပါ။
ကျနော်တို့ဘက်က ၂ ဦးသေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။
ကျနော်တို့ ဗုံးကျင်းထားတဲ့နေရာတွေ၊ ကျနော်တို့
နေရာယူထားတဲ့နေရာတွေကို အတင်းတက်တိုက်တယ်ဆိုတော့ သူတို့ပဲ
အထိနာတယ်လေ။”
ရှမ်း
ပြည်တပ်မတော် ဝမ့်ဟိုင်းဌာနချုပ်ကို တပတ်အတွင်း အရသိမ်းပိုက်ဖို့
စစ်တိုင်းချုပ် ဗိုလ်ချုပ်အောင်သန်းထွဋ်က ပြီးခဲ့တဲ့ ဇူလိုင် ၁၆
ရက်နေ့က အမိန့်ထုတ်ထားပေမယ့်လည်း ဝမ့်ဟိုင်းကို
ဝိုင်းရံနေရာယူထားကြတဲ့ အစိုးရတပ်ရင်း ၁၄ ရင်းလောက်ဟာ ဇူလိုင် ၂၈
ရက်နေ့ကစပြီး တပ်ပြန်ရုပ်သိမ်းနေပါတယ်။
ဩဂုတ် ၁
ရက်နေ့မှာ တပ်ရင်း ၅ ရင်းလောက်ပဲ ကျန်ရှိပြီး ဒီလိုတပ်ဆုတ်သွားရတဲ့
အကြောင်းရင်းကို သေချာမသိရပေမယ့်လည်း ဒီလထဲက စစ်ဆင်ရေးမှာ
အစိုးရတပ် ထိခိုက်ကျဆုံးတာ အလွန်များတဲ့အတွက် စစ်ရေးဗျူဟာ
ပြောင်းဖို့ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ရှမ်းပြည်တပ်မတော်ဘက်ကတော့
ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ သတိနဲ့ အမြဲအသင့်ပြင်ထားတယ်လို့
ဗိုလ်မှူးစိုင်းလက ပြောပါတယ်။
ဝမ့်ဟိုင်း
ဌာနချုပ်ဘက်မှာ အစိုးရက တပ်ဆုတ်နေပေမယ့် ယမန်နေ့က သီပေါမြို့နယ်
ပုံလျန်းရွာ နဲ့ ဝမ့်မိုင်နောင်တုံရွာ၊ လားရှိုး-မိုင်းရယ်သွား
ကားလမ်းပေါ်မှာ ချုံခိုတိုက်ပွဲငယ်လေးတွေ ထပ်ဖြစ်နေကာ ရွာသားတွေလည်း
လူ့အခွင့်အရေး ချိုးဖောက်ခံနေရပါတယ်။
ပြီးခဲ့တဲ့
တပတ်က ကျေးသီးမြို့နယ်ထဲက ရွာသား ၂ ဦး၊ သီပေါမြို့နယ်ထဲက
ရွာသားတဦးကို ရှမ်းတပ်မတော်ကလို့ စွပ်စွဲပြီး အစိုးရတပ်က
ဖမ်းခေါ်သွားခဲ့သလို ကျေးသီးမြို့နယ် ခိုထွန်ရွာက အိမ်တလုံး
မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။ တန်ယန်းမြို့နယ် ရွာသုံးရွာက ရွာသား
၄၁ ဦး ပေါ်တာဆွဲခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျေးသီး
မြို့နယ်ထဲမှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် ရွာပေါင်း ၂၀ လောက်က
ရွာသားတွေ ဘေးလွတ်ရာမှာ တိမ်းရှောင် ခိုအောင်းခဲ့ရာက အခုဆို
တချို့တွေ အိမ်ပြန်လာကြပြီဖြစ်ပြီး ပိတ်ထားရတဲ့ စာသင်ကျောင်း ၁၅
ကျောင်းထဲက ဝမ်ဟိုင်းနဲ့ အလှမ်းဝေးတဲ့ရွာက
စာသင်ကျောင်းတချို့လည်း ပြန်ဖွင့်နေပြီး ဝမ့်ဟိုင်းကျောင်းတော့
မဖွင့်သေးဘူးလို့ ဒေသခံတဦးက ပြောပါတယ်။
ရှမ်းပြည်တပ်မတော်နှင့် အစိုးရတပ် တလအတွင်း တိုက်ပွဲ အကြိမ် ၃၀ ကျော်ဖြစ်ပွား
Reviewed by သစ်ထူးလွင်
on
21:24
Rating: