ကမ္ဘာ့နိုင်ငံအားလုံးတွင်
ဆင်းရဲနွမ်းပါးသော လူတန်းစားတစ်ရပ် ဟူ၍ ရှိကြစမြဲဖြစ်သည်။ ရာခိုင်နှုန်း
နည်းခြင်းများခြင်း ကွာခြားနိုင်သည်။ ထို့အပြင် လူတစ်ဦး သို့မဟုတ်
မိသားစုတစ်စု ဆင်းရဲသည်ဟူသော အဓိပ္ပာယ်ဝေါဟာရကို စံသတ်မှတ် ချက်များမှာလည်း
တစ်နိုင်ငံနှင့်တစ်နိုင်ငံ တူညီကြမည် မဟုတ်ပေ။ နိုင်ငံ တစ်ခုထဲမှာပင်
နေရာဒေသအလိုက် မြို့ပေါ်ကျေးလက်ကွဲပြားနိုင်ပေသည်။ ဗီယက်နမ်နိုင်ငံ၏
လူတစ်ဦး တစ်လဝင်ငွေ ၂ဝ-၂၅ ဒေါ်လာ အကြားကို ဆင်းရဲသားဟု သတ် မှတ်ကြသည်။
တရုတ်တွင် တစ်လ ဝင်ငွေ ၁၆-၂ဝ ဒေါ်လာ အကြား ရရှိသူကို ဆင်းရဲသားအဖြစ် သတ်
မှတ်ထားသည်။ ထိုသို့မြန်မာ နိုင်ငံ တွင်လည်းကျေးလက်၊ မြို့ပေါ်၊
အဆင်းရဲဆုံးရွာ စသည့်အဆင့်ခွဲ၍ ဆင်းရဲသားများ ဝင်ငွေကို သတ်မှတ်
ကြရတော့မည်ဖြစ်သည်။
ထို့ကြောင့် ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်ရန်အတွက် ပထမဆုံး အဆင့် လုပ်ဆောင်ရမည့် လုပ်ငန်း စဉ်မှာ မြို့နယ်ကျေးရွာဒေသများ၏ ဆင်းရဲနွမ်းပါး သူတို့၏ နေ့စဉ်ဝင်ငွေ၊ လုပ်အားခ၊ အလုပ်အကိုင်၊ နေ့စဉ် စားသောက်စရိတ် အထွေထွေကုန် ကျစရိတ် စသည့် အသေးစိတ် အချက်အလက်များကို သုတေသန စာတမ်းများ ကောက်ယူခြင်းဖြင့် အကြောင်းအရာ၊ အချက်အလက် data များ၊ သုံးသပ်ချက်၊ အစီရင်ခံ စာများပြုစုကြရပေမည်။ သို့မှသာ မြို့နယ်တစ်ခုအတွင်း ပထမဆုံးအဆင့်အဖြစ် အကောင် အထည်ဖော်ကြရမည့် အဆင်းရဲ ဆုံးရွာ၊ အဆင်းရဲဆုံး ရပ်ကွက်များထဲ မှ အချို့တဲ့ဆုံးမိသားစု တို့အား အလုပ်အကိုင် ဖန်တီးပေးခြင်း၊ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးသည့်ဒေသ များတွင် နိုင်ငံတော်နှင့် ကုမ္ပဏီအဖွဲ့အစည်း များမှ အလုပ် အကိုင် များထူထောင်ပေးခြင်းတို့ကိုအံဝင်ခွင်ကျ သုံးသပ်ချက်များဖြင့် အကောင်အထည် ဖော် ချမှတ်ကြရပေမည်။ ဆင်းရဲခြင်းအကြောင်း များထဲမှ (၁) သဘာဝကပ်ဘေးကျရောက်၍ ဆင်းရဲသွားရခြင်း၊ (၂) အချို့မိသား စုများမှာ အလုပ်လုပ်နိုင်သူ မရှိဘဲ သက်ကြီးရွယ်အိုများ၊ ကလေးသူ ငယ်များသာ ရှိခြင်း၊ (၃) အချို့မှာ အလုပ်လုပ်နိုင်သူ ရှိသော်လည်း ကျန်း မာရေးချို့တဲ့ခြင်း၊ (၄) အလုပ်လုပ် နိုင်သူများ ရှိသော်လည်း အလုပ်အ ကိုင်အခွင့်အလမ်း နည်းပါးခြင်း၊ (၅) အချို့မှာ အသိပညာနည်းပါးမှုကြောင့် စီးပွားရေးစနစ်တကျ မလုပ်ကိုင်တတ်ခြင်း၊ (၆) အချို့မိသားစုများမှာ စာ ရိတ္တဆိုင်ရာ ယိုယွင်း သော မိဘအုပ် ထိန်းသူများကြောင့် မိသားစုတစ်ခုလုံး ဆင်းရဲခြင်း၊ (၇) ရေမြေသယံဇာတ လုံလောက်စွာ ဖွံ့ဖြိုးမှုမရှိခြင်းကြောင့် အသက်မွေး လုပ်ငန်း လုပ်၍မရခြင်း၊ (၈) အရင်းအနှီး မရှိသောကြောင့် လုပ်ငန်းမထူထောင်နိုင်ခြင်း၊ (၉)နှစ်ရှည်လများ အကြွေးသံသရာတွင်းမှ မလွတ်ကင်းနိုင်အောင် အလုပ်ရှင်များက တမင်ဖန်တီးထားသော အလုပ်သမားဘဝ ဖြစ်နေရခြင်း၊ (၁ဝ) ပညာရေး၊ ကျန်းမာရေး၊ လူမှု ရေးစသည့် ဝန်ဆောင်စရိတ်များ မြင့် မားနေခြင်းကြောင့် အသုံးစရိတ်များ နေ့စဉ်တိုးလာခြင်း၊ (၁၁) ငွေကြေး ဖောင်းပွမှုကြောင့် ဝင်ငွေ၊ ထွက်ငွေ မမျှမတဖြစ်လာခြင်း စသည့်အချက် များစွာအပေါ်တွင် မူတည်၍ ဆင်းရဲ သားမိသားစုဘဝအဖြစ် ရောက်ရှိ သွားကြရပေသည်။ သဘာဝကပ်ဘေးကြီး နာဂစ် ကြောင့် ဆင်းရဲမွဲတွေသွား သူများအ ပြင် ဂီရိကြောင့် စီးပွားပျက် ချို့တဲ့သူများကို ပြန်လည်ထူထောင်ခဲ့ကြ သည့် နိုင်ငံတကာINGO များ၊ မြန်မာ NGO များတွင်အတွေ့အကြုံ များစွာ ရှိခဲ့ကြပေသည်။ စတင်ထူထောင်ပေးရမည့် ဆင်း ရဲနွမ်းပါးသူများကို အဆင့်သတ်မှတ်ပြီး မည်သည့် အလုပ်အကိုင် အခွင့်အလမ်းများနှင့် သင့်တော်ကြ မည်ကို စနစ်တကျလေ့လာ ကွင်းဆင်း သု တေသနစစ်တမ်းများ ပြုစုပြီးမှသာ အလုပ်အကိုင်၊ လိုအပ်သော မ,တည်ငွေပမာဏ စသည်တို့ကို စိစစ်နိုင် မည် ဖြစ်သည်။ ဤသို့ စနစ်တကျစီစဉ်၍ ကူညီအကောင်အထည် ဖော်ပေးရာတွင်ပင် အချို့ဒေသများ တွင် အံမဝင်သော အဖြစ်အပျက် များစွာကို ကြုံတွေ့ခဲ့ကြရသည်။ ၄င်းတို့အထဲမှ နမူနာတစ်ခုကို တင်ပြပေးပါမည်။ နာဂစ်တွင် ကျွဲ နွားများအားလုံးနီးပါး သေဆုံးကုန် ကြသည်။ အလှူရှင်များ က INGO နှင့်NGO အဖွဲ့များမှတစ်ဆင့် လှူဒါန်းပေးခဲ့ကြသည်။ ကျွဲများကို အခြားဒေသမှ ဝယ်ယူလာကြသည်။ မိသားစုတစ်စုကျွဲတစ်ရှဉ်းပေးသည်။ ကျွဲများရရှိလာသော်လည်း လက်ခံ ရရှိသူအတွက် ဒုက္ခများစွာ ကြုံတွေ့ ရပါတော့သည်။ ကျွဲများမှာ တောင် ပေါ်တွင်သစ်ဆွဲနေသော ကျွဲများ၊ အပူပိုင်းဒေ သမှကျွဲများ ဖြစ်သဖြင့် ရွှံ့ညွန်ထူလှသော ဧရာဝတီနွံထဲတွင် သွားဖို့မတတ်၊ မည်သို့မျှ အလုပ်ခိုင်း ၍မရ။ ဒုက္ခကြုံပြီး နောက်ဆုံးပြန် လည်ရောင်းချရာ တွင်ပင် ဝယ်မည့် သူမရှိ၊ အခက်ကြုံသူ အများအပြား ပင် ရှိခဲ့ကြရပေသည်။ အချို့ဒေသမှ ကျွဲများမှာ ရခိုင်ဘက်ကပင် လာသော ကြောင့် ဘာသာစကား နားမလည်၊ အတော်ပင် အချိန်ယူသင်ရသော ကျွဲများ၊ လယ်မထွန်တတ်သော ကျွဲများနှင့်လည်း ကြုံကြရပါသည်။ ယခုအခါတွင် ကျေးရွာအချို့၌ စာရင်း ထဲတွင် ကျွဲစာရင်းရှိနေသော် လည်း အမှန်တကယ် ရွာထဲတွင် ကျွဲလုံးဝမရှိတော့သော ရွာများ အတော်ပင်ရှိ နေပါသည်။ အထက် က တာဝန်ရှိသူများက အပြစ်တင် ခံရမည်ကို စိုးရိမ်သောကြောင့် စာရင်းထဲတွင် ထည့်သွင်းထားရ သည်ဟု ကျွန်တော်တို့၏ Myanmar Survey Research ဈေးကွက် သုတေသနအဖွဲ့ဝင် ကွင်းဆင်းဝန်ထမ်း များ ကိုယ်တိုင်မြင်တွေ့ခဲ့ရသည်။ Project တစ်ခုကို မစတင်မီ ကနဦးစစ်တမ်းအစီရင်ခံစာအပြင်လုပ်ငန်း အောင်မြင်မှုကို ပြန်လည် သုံးသပ်သည့် အဆုံးသတ်စစ်တမ်း အစီရင်ခံစာများဖြင့် စနစ်တကျ ဆောင်ရွက်နေသည့် UN အဖွဲ့အ စည်းများ၊ NGO အဖွဲ့အစည်းများစွာ ရှိပါသည်။ သူတို့၏ အတွေ့အကြုံ များမှာ နောက်နောင် လုပ်ဆောင်အ ကောင်အထည်ဖော်မည့် လုပ်ငန်း များအတွက် သင်ခန်းစာ အတွေ့ အကြုံများစွာကို ရရှိနိုင်ပေသည်။ အချို့ကျေး၇ွာများတွင် ဈေး ရောင်းချရန် ငွေထုတ်ချေးပြီး ဈေး ရောင်းမစွံ၊ ဝက်မွေး၊ ဘဲမွေး အလုပ် ပြောင်းလုပ် ကြည့်ကြပြီး နောက်ဆုံး အရင်းအနှီးဆုံးရှုံးကာ အကြေွးတင် သွားသည့် မိသားစုများလည်း တွေ့ မြင်ကြရသည်။ ထို့ကြောင့် Supply (ထုတ်လုပ်မှု)နှင့် Demand (ဝယ်လိုအား)ရှိမှသာ စီးပွားရေး လုပ်ငန်းတစ်ခုအတွက် ရေရှည်ရပ် တည်နိုင်မည်ဖြစ်ပါသည်။ နိုင်ငံအချို့တွင် One Village One Product အကောင်အထည် ဖော်ရန်ကြိုးစားနေကြ သည်ကိုတွေ့ရှိ နေရသည်။ ကျေးရွာမှထွက်လာ သော ထုတ်ကုန်တစ်ခုကိုဈေးကွက် ထဲသို့စနစ်တကျ တင်ပေးခြင်း၊ရှာပေးခြင်း၊ နည်းပညာများ မြှင့်တင် ၍ ထုတ်ကုန်သစ် Brand သစ်များ တီထွင်ပြောင်းလဲ ထုတ်လုပ်ပေးခြင်း၊ အသေးစားအိမ်တွင်း လုပ်ငန်းမှ သည်ကုမ္ပဏီကြီးများနှင့် ချိတ်ဆက်၍ နိုင်ငံတကာဈေးကွက် Export အထိ ရှိနိုင်မှသာပို၍ တိုးတက်မှုရရှိနိုင်ပေမည်။ အဆိုးရွားဆုံး အချက်တစ်ခုမှာ ဆင်းရဲသားများအား အဖွဲ့အစည်းများ မှ ငွေထုတ်ချေးခဲ့ပြီးနောက် ၄င်းငွေမှာ ဆင်းရဲသား မိသားစုလက်တွင် တစ်ညပင်မအိပ်လိုက် ရဘဲကြွေးရှင်က အိမ်ရှေ့မှ လာရပ်ပြီးချက်ချင်း ကြေွးတောင်းပါတော့သည်။ ချက်ချင်း ပင်ဆပ်လိုက်ရပေပြီ။ အကြွေးကတော့ ကျေသွားပြီ။ သို့သော် သူတို့ မှာ အရင်းအနှီး မဲ့သွားကြရသည်။ ဆင်းရဲသားများသည် ဆင်းရဲခြင်းကြောင့် ရုပ်ပိုင်းဆိုင်ရာ အားနည်းစွာ နေထိုင်နေကြရပြီး စိတ်ပိုင်း ဆိုင်ရာမှာလည်း စိတ်အားငယ်နေခြင်း၊ စိတ်ဓာတ်ကျခြင်း၊ အားလုံးကို ကြောက်ရွံ့နေရခြင်း၊ အားကိုး ရာမဲ့သူများ ဖြစ်နေကြခြင်း စသည် တို့ကြောင့် ၄င်းတို့အား စိတ်အားမြှင့်တင် ပြုစုပျိုးထောင်ပေးမှု မှာလည်း အထူးပင်လိုအပ်သော စီမံချက်တစ်ရပ်ပင် ဖြစ်သည်။ ထို့ကြောင့် ဆင်းရဲနွမ်းပါး မှု လျော့ကျရေးအတွက် ငွေကြေးချေး ငှားရုံနှင့် မလုံလောက်ဘဲ စနစ်တကျ ထောင့်စုံ၊ ဘက်စုံအဆင့်ဆင့်များကို မျက်ခြည်မပြတ် တာဝန်ယူခြင်း၊ စစ် ဆေးသုံးသပ် အကဲဖြတ်ခြင်း၊ ထပ်မံ အားဖြည့်ပြုပြင်ဆောင်ရွက်ခြင်း စသည့်ထိတွေ့မှုများဖြင့် လုပ်ဆောင်မှသာလျှင် ရည်မှန်းချက်ပြီးမြောက် နိုင်မည်ဖြစ်ပါကြောင်း။
ကိုလင်းမာန်အောင်

(Visited 4 times, 4 visits today)
ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် နာဂစ်အတွေ့အကြုံ အတုယူစရာ
Reviewed by သစ်ထူးလွင်
on
19:41
Rating: