ဆေးလိပ် (စီးကရက်)ထုတ်လုပ်သော ကုမ္ပဏီတို့ မှ ယင်းတို့၏ကုန်ပစ္စည်းများကို လူထုထဲတွင်နည်းလမ်း မျိုးစုံဖြင့် ကြော်ငြာ လျက်ရှိသည်ကို တွေ့ရသည်။
“တစ်လကို အထုပ်နှစ်ထုပ်သုံးထုပ်လောက် လာ လာပေးသွားတယ်။ သူတို့ဆေးလိပ်တံဆိပ်ပါတဲ့အိတ် တွေပေးတာ။ ကျွန်တော်တို့လည်း အိတ်ဖိုးသက်သာ တော့ယူတာပေါ့။ ကွမ်းယာကို သူတို့အိတ်နဲ့ထည့်ပေး ဖို့လေ။ အခုတော့ ဒူးယားနဲ့ဗွီကပေးတယ်။ အိတ်ဖိုးသက် သာလည်းမနည်းဘူးလေ။ တခြား ဘာမှတော့ မပေးဘူး” ဟု ရန်ကင်းမြို့နယ်တွင်ရောင်းချနေသော ကွမ်းယာဆိုင် တစ်ဆိုင်က ပြောသည်။
ဆေးလိပ်များကို လူအများသိရှိစေရန်ကြော်ငြာ ပါက ပထမအကြိမ်ပြစ်မှုကျူးလွန်ခြင်းဖြစ်ပါက ငွေဒဏ် အနည်းဆုံး ကျပ်နှစ်သောင်းမှအများဆုံး ကျပ်ငါးသောင်း အထိလည်းကောင်း၊ ဒုတိယအကြိမ်နှင့် အထက် ပြစ်မှု ကျူးလွန်ခြင်းဖြစ်ပါက ထိုသူအား နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်အထိချမှတ်ရမည့်အပြင် ငွေဒဏ် အနည်းဆုံး ကျပ်ငါးသောင်းမှအများဆုံး ကျပ်နှစ်သိန်း အထိလည်း ကောင်း ချမှတ်ခံရမည်ဖြစ်သည်ဟု ဆေးလိပ် နှင့်ဆေး ရွက်ကြီးထွက်ပစ္စည်းသောက်သုံးမှုထိန်းချုပ်ရေးဥပဒေ အခန်း (၈) ပုဒ်မ (၁၁)တွင် ပြဋ္ဌာန်း ထား သည်။
“အခု ဆေးလိပ်ကြော်ငြာတွေက ပုံစံ ပြောင်းလာတယ်။ ကွမ်းဝယ်ရင် ကွမ်း ထည့်တဲ့ အိတ်တွေမှာ သူတို့ ဆေးလိပ် ကြော်ငြာတဲ့ အိတ်တွေရိုက်နှိပ်ထားတယ်။ လက်ဖက်ရည်ဆိုင်တွေမှာလည်း ဆေး လိပ်တစ်မျိုးက သူတို့ရဲ့ ကိုးနှစ်ပြည့်ဆိုပြီး ကြော်ငြာဗီနိုင်းအကြီးကြီးကပ်ထားတယ်။ တစ်ချို့ ဆေးလိပ်တွေ ကျတော့ဆေးလိပ် ဘူးထဲမှာ ကျပ် ၁၀၀၊ ၂၀၀၊ ဆေးလိပ် တစ်ဘူး ဆိုပြီးတော့ ကံစမ်းမဲ တွေထည့်ပြီး ဆွဲဆောင် တယ်။ ဆေးလိပ်နှစ်ဘူးဝယ်ရင် တစ်ဘူးလောက် မဲပေါက် နေတော့ အဲ့ဒီ ဆေးလိပ်ကိုပဲ သောက်ဖြစ်တယ်”ဟု ဆေး လိပ် ကြော်ငြာများနှင့် ပတ်သက်၍ ဆေးလိပ် သောက်သူ လူငယ်တစ်ဦး ကပြောပြသည်။
“ဆေးလိပ် နှင့် ဆေးရွက်ကြီး ထွက် ပစ္စည်းသောက် သုံးမှုထိန်းချုပ်ရေးဥပဒေ” အခန်း (၈)ပုဒ်မ (၁၁) (က) တွင် ကြော်ငြာ၊ ဆိုင်းဘုတ်စိုက်ကြော်ငြာ ချိတ်ဆွဲခြင်း၊ ကြော်ငြာကပ်ခြင်း၊ ကြော်ငြာ လက်ကမ်းစာရွက် ဝေငှခြင်း သို့မဟုတ် အခြားတစ်နည်းနည်းဖြင့် ကြော်ငြာခြင်း၊ (ဃ) တွင် ဆေးလိပ်နှင့် ဆေးရွက်ကြီး ထွက်ပစ္စည်း၏ အမှတ် တံဆိပ်ပါ ပစ္စည်းကို အခမဲ့ဖြန့်ဖြူးခြင်း၊ဝေငှခြင်း သို့မဟုတ် လက်ဆောင်ပေးခြင်း၊ (စ) တွင်လူအသုံးအဆောင်ပစ္စည်း တစ်ခုခုတွင် ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း၏ အမှတ် တံဆိပ် ကိုဖော်ပြခြင်း၊ (ဆ)တွင် အခြား တစ်နည်း နည်းဖြင့် ဆောင်ရွက်ခြင်းတို့ဖြင့် လူအများ သိစေရန် ကြော်ငြာမှု စသည်တို့ကိုတားဆီး သော ပုဒ်မဖြစ်သည်။ အဆိုပါပုဒ်မမှာ ၂၀၀၇ ခုနှစ် မေလ ၄ ရက်မှစတင်၍ မြန်မာနိုင်ငံ တစ်ဝန်းတွင် အတည်ပြု ထားသည်။
လူမင်းသောင်းထွန်း
နည်းမျိုးစုံဖြင့် ကြော်ငြာလျက် ရှိသော ဆေးလိပ်များ
Reviewed by သစ်ထူးလွင်
on
13:43
Rating: