တမြန်နေ့က တိုင်းပြည်ရဲ့ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ်အဖြစ်
ခွန်ယင်လပ်ကို ဘုရင်ကြီးက အတည်ပြုလက်မှတ်ရေး ထိုးခဲ့ပါတယ်။
ဝန်ကြီးချုပ်ဖြစ်ကြောင်း နန်းတော်ကနေ တရားဝင်အသိအမှတ်ပြုတာကို
လက်ခံရရှိအပြီး တိုင်းပြည်ကို ပြောကြားတဲ့ ပထမဆုံးမိန့်ခွန်းမှာ
ခွန်ယင်လပ်က ဘုရင်စနစ်အပေါ် သစ္စာရှိကြောင်း သံဓိဋ္ဌာန်ပြုကြောင်းနဲ့ အမျိုးသား
ပြန်လည်သင့်မြတ်ရေးကို အကောင်အထည်ဖော်ဖို့ ကတိပေးလိုက်ပါတယ်။ ဒီကနေ့မှာပဲ
အစိုးရအဖွဲ့ဝင်စာရင်းကို နန်း တော်ရဲ့အတည်ပြုချက်ရယူဖို့ တင်သွင်းမှာ
ဖြစ်တယ်လို့ ခန့်မှန်းရပါတယ်။
မနေ့က ညနေ ၆နာရီ၄၀မီးနစ်မှာ အောက်လွှတ်တောအတွင်းရေးမှူးချုပ် ဖိထွန်းဖူးမ်ဟီးရန်က နန်းတော်က အတည်ပြု ချက်ကို ဘန်ကောက်မှာရှိတဲ့ ဖွေ့ထိုင်းပါတီ ဌာနချုပ်ကို ယူလာပါတယ်။ ခွန်ယင်လပ်ကို တိုင်းပြည်ရဲ့ပထမဦးဆုံး အမျိုး သမီးဝန်ကြီးချုပ်အဖြစ် ခန့်အပ်တဲ့ နန်းတော်ရဲ့အတည်ပြုချက်ကို မစ္စတာ ဖိထွန်းက ဖတ်ပြပါတယ်။
နန်းတော်ရဲ့အတည်ပြုချက်ကို အောက်လွှတ်တော် ဥက္ကဋ္ဌ ဆုမ်ဆတ်ခီယာ့တ်ဆူရာနွန့်က ထပ်ဆင့်လက်မှတ် ရေးထိုး ပါတယ်။ ရားထူးကအဖယ်ခံရတဲ့ ၀န်ကြီးချုပ်ဟောင်း ထပ်စင်ရဲ့ညီမအငယ်အဆုံးဖြစ်တဲ့ ခွန်ယင်လပ်ဟာ ဘုရင့်ပုံ တော် ရှေ့မှာ ဒူးတုပ်ပြီး နန်းတော်ရဲ့ အတည်ပြုလွှာကို လက်ခံရယူပါတယ်။ ဒီအခမ်းအနားမှာ ဖွေ့ထိုင်းပါတီက အဓိက အဖွဲ့ဝင် တွေ၊ ဆုမ်ချိုင်းဝေါင်ဆ၀ပ်နဲ့မစ္စယင်လပ်ရဲ့အမကြီးယောက်ဝါပါဝေါင်ဆ၀ပ်၊ ဖယာ့ပ်ရှီနာဝပ်ထ်တို့လို ရှီနာဝပ်ထ် မိသားစု ၀င်တွေနဲ့ညွန့်ပေါင်းပါတီကအဓိကလူတွေ တက်ရောက်ကြပါတယ်။
ခွန်ယင်လပ်ရဲ့ခင်ပွန်းအနုဆောန် အမောန်ချတ်နဲ့ သူ့သား ဆပ်ပါဆက်တို့လည်း အခမ်းအနားကို တက်ရောက်ကြပါ တယ်။ တနိုင်ငံလုံးရုပ်မြင်သံကြားကနေ လွှင့်ထုတ်ခဲ့တဲ့ သူ့မိန်းခွန်းမှာ နန်းတော်က သူ့ကို ၀န်ကြီးချုပ်အဖြစ် ခန့်အပ် လိုက်တာဟာ သူနဲ့သူ့မိသားစုအပေါ် အပ်နှင်းချီးမြှင့်လိုက်တဲ့ အမြင့်ဆုံး ဂုဏ်ပြုမှုဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ ဘုရင်စနစ်ကို သစ္စာရှိဖို့ ကတိပေးလိုက်ပြီး တိုင်းပြည်နဲ့ပြည်သူလူထုအကျိုးအတွက် လုပ်ကိုင်သွားမယ့်အကြောင်း အ ပြည့်အ၀ ကတိပေးလိုက်ပါတယ်။ “ကျမ ၀န်ကြီးချုပ်ဖြစ်ဖို့ ဒီမိုကရေစီစိတ်ကူးတွေနဲ့ထောက်ခံခဲ့ကြတဲ့ ပြည်သူတွေ၊ ပါတီ ၀င်တွေ၊ ပါတီအမတ်တွေအားလုံးနဲ့ညီအကိုမောင်နှမတွေအကုန်လုံးကို ကျေးဇူးတင်ပါတယ်။ တိုင်းပြည်ရင်ဆိုင် နေရတဲ့ ပြဿနာတွေကို ကျော်နင်းနိုင်ဖို့နဲ့ နိုင်ငံခြားတိုင်းပြည်တွေရဲ့ အသိအမှတ်ပြုမှုကို ရဖို့အတွက် လူ့အဖွဲ့အစည်းရဲ့ ကဏ္ဍ အားလုံးမှာပါဝင်နေတဲ့ ပြည်သူတွေရဲ့ခွန်အားနဲ့ထောက်ခံမှုတွေကိုရယူဖို့ဆိုတာဟာ ဒီကြီးမားတဲ့တာဝန်တွေရဲ့ အစိတ် တပိုင်းတခုအနေနဲ့ ကျမ ယူဆပါတယ်” လို့ ခွန်ယင်လပ်က ပြောဆိုပါတယ်။
သူ့မိန့်ခွန်းထဲကအချက်တချက်မှာ ၁၉၈၉ ခုနှစ် ဇန်န၀ါရီလ ၂၄ ရက်နေ့က ဘုရင်ကြီးမိန့်မှာခဲ့တဲ့ မိန့်ခွန်းရဲ့တစိတ် တ ပိုင်းကို ကိုးကားပြောဆိုခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ဘုရင်ကြီးဟာ ချင်းမိုင်တက္ကသိုလ်မှာကျင်းပတဲ့ ဘွဲ့ဒီဂရီအပ်နှင်း ရေးအခမ်းအနားမှာ သဘာပတိလုပ်ခဲ့တဲ့အချိန်ဖြစ်ပါတယ်။ အဲဒီတုန်းက ခွန်ယင်လပ်ဟာ ဘွဲ့ယူကျောင်းသား တ ယောက်အနေနဲ့ အခမ်းအနားမှာ တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။
မိမိကိုယ်ကို ပြောင်းလဲစေဖို့နဲ့ လူတိုင်း လူတိုင်း ရဲ့အလုပ်စွမ်းရည်တိုးတက်စေဖို့မှာ ဥာဏ်ပညာ အသုံးပြုမှုရဲ့အရေး ကြီးပုံကို ဘုရင့်မိန့်ခွန်းမှာ ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောဆိုထားပါတယ်။ လိုချင်တဲ့ရလဒ်တွေရဖို့ တခြားသူတွေ နဲ့ညှိနှိုင်းလုပ်လိုစိတ်ရှိကြဖို့ကိုလည်း ဘုရင်ကြီးက ဘွဲ့ရကျောင်းသားတွေကို တောင်းဆိုထားပါတယ်။ အစိုးရအဖွဲ့လုပ် ငန်းတွေ လုပ်ဆောင်ရာမှာ ဘုရင့်မိန့်ခွန်းကို လမ်းညွှန်ချက်တခုအနေနဲ့ အသုံးပြုမှာ ဖြစ်ကြောင်း ခွန်ယင်လပ်က ပြော ဆိုပါတယ်။ ပြည်သူတွေပျော်ရွှင်ဖို့နဲ့အမျိုးသားတွေ ညီညွတ်သဟဇာတ ဖြစ်ရေးကို ပြန်လည်တည်ဆောက်ဖို့ သူ့ အနေ နဲ့ အကောင်းဆုံး လုပ်ဆောင်ပါမယ်လို့ သူမက ကတိပြုပါတယ်။
အစိုးရအဖွဲ့ဝင်သစ်တွေဟာ ပြည်သူတွေရဲ့နှလုံးသားကို ဆွဲကြုံးယူနိုင်ဖို့ အကောင်းဆုံးအလုပ်ရမှာဖြစ်တယ်။ လို့ သူက ပြောပါတယ်။
အစိုးရအဖွဲ့ဝင် မှန်းခြေစာရင်း
ဝန်ကြီးချုပ်….. ယင်လပ် ရှီနာဝပ်ထ်
ဒုဝန်ကြီးချုပ်….. ချလမ်ယုဘမ်ရုန်း၊ ယောင်ယုသ်ဝီချိုင်ဒစ်၊ အိုလားန် ချိုင်ဖရာဗတ်
ဝန်ကြီးချုပ်ရုံး ၀န်ကြီး….. နီဝပ်ထမ်ရုန်း ဘွန်ဆွန်ဖိုင်ဆားလ်
စိုက်ပျိုးရေးနှင့်သမ၀ါယမ၀န်ကြီး….. သီးရာဝေါင်ဆမွတ်
ကူးသန်းရောင်းဝယ်ရေးဝန်ကြီး….. ဆန်တိ ဖရွမ်ဖတ် (သို့မဟုတ်)၀ီရွန်တက်ခါဖိုင်ဘွန်း
ယဉ်ကျေးမှုဝန်ကြီး….. ဆူခူမိုလ် ခွန်ဖလူးမ်
ကာကွယ်ရေးဝန်ကြီး….. ရေတပ်ဗိုလ်ချုပ်ကြီး ဆသီရာဖန်း ကီးယန်နွန့််
ပညာရေးဝန်ကြီး ….. ၀ိုရာဝပ် ဥအာအဖီညာခူးလ်
စွမ်းအင်ဝန်ကြီး….. ဖိချိုင်း နာရစ်သာဖန်း
ဘဏ္ဍာရေးဝန်ကြီး….. သီရာချိုင်း ဖူဝမ်နတ်နာရာနူဘာလ
နိုင်ငံခြားရေးဝန်ကြီး….. ကစ်တီရတ် န ရန်နုန် (သို့မဟုတ်) ၀ီခရွမ်ခွမ်းဖီရိုချာနာ
စက်မှုဝန်ကြီး….. ၀မ်နာရတ်ချန်းနူခူးလ်
ပြန်ကြားရေးနှင့်ဆက်သွယ်ရေးနည်းပညာဝန်ကြီး….. ဘွန်းဆုန် တယ်ရီယာဖီရွမ်
ပြည်ထဲရေးဝန်ကြီး….. ယောင်ယုသ် ၀ီချိုင်ဒစ်
တရားရေးဝန်ကြီး….. ချိုင်ခါဆင် နီတီဆီရီ
အလုပ်သမားဝန်ကြီး….. ဖဒမ်းချိုင် ဆဆွမ်ဆာ့ပ် (သို့မဟုတ်) ကျာရုဖုန် ရွမ်ဆုဝမ် သဘာဝရင်းမြစ်နှင့်ပတ်ဝန်းကျင် ၀န်ကြီး ….. ဖရီးချာ ရင်ဆွမ်ဘွန်းဆုတ်
ပြည်သူ့ကျန်းမာရေးဝန်ကြီး….. ၀ိသာယာ ဘူရန်နာဆီရိ
သိပ္ပံနှင့်နည်းပညာဝန်ကြီး ….. ကစ်တီဆတ် ဟတ်သာဆုန်ခရိုး
လူမှုဖွံ့ဖြိုးရေးနှင့်လူမှုဝန်ထမ်းဝန်ကြီး….. ဗိုလ်ကြီး အနုဒစ်သ် နခေါန်ထာ့ပ်
ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနှင့်အားကစားဝန်ကြီး …..ချူးမ်ဖိုးလ်ဆီလ်ပါအာချာ
သယ်ယူပို့ဆောင်ရေးဝန်ကြီး….. အေစီအမ် ဆူခမ်ဖိုးလ် ဆုဝမ်နာထပ်
သြဂုတ် ၉၊ ၂၀၁၁ (ဘန်ကောက်ပို့စ်)

ခွန်ယင်လပ်ကို ၀န်ကြီးချုပ်အဖြစ် ဘုရင်ကြီး အတည်ပြုလက်မှတ်ရေးထိုးလိုက်ပြီ
Reviewed by သစ်ထူးလွင်
on
11:42
Rating: