ဒေါ်
အောင်ဆန်းစုကြည်နဲ့ အစိုးရဝန်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံတဲ့
သတင်းဓာတ်ပုံကို ဒီနေ့ထုတ် ဂျာနယ်အတော်များများရဲ့ မျက်နှာဖုံးမှာ
ဖော်ပြခွင့်ပေးခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ပုံကို မျက်နှာဖုံးမှာ ဖော်ပြခွင့်ပေးတာ ပထမဆုံးဖြစ်တယ်လို့ ရန်ကုန်က စာနယ်ဇင်း အယ်ဒီတာတဦးက ပြောပါတယ်။
အင်္ဂါနေ့ထုတ် ပြည်သူ့ခေတ်၊ ပြည်မြန်မာ၊ ရန်ကုန်တိုင်းမ် စတဲ့ဂျာနယ်တွေရဲ့ မျက်နှာဖုံးမှာ ဖော်ပြခွင့်ရခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့
ဗုဒ္ဓဟူးနေ့ထုတ် ပေါ်ပြူလာနယူးစ်ဂျာနယ်ရဲ့ မျက်နှာဖုံးမှာ
ဒေါ်အောင်ဆန်းစုကြည် အာဇာနည်နေ့အခမ်းအနားတက်ရောက်တဲ့ပုံကို
ဦးအောင်ဆန်းဦး တက်ရောက်တဲ့သတင်း ဓာတ်ပုံနဲ့ အတူ
စတင်ဖော်ပြခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။
အခုလို
ဖော်ပြခွင့်ပေးတာနဲ့ပတ်သက်ပြီး စာရေးဆရာ၊ အယ်ဒီတာ
ဆရာကျော်ရင်မြင့်က “အင်မတန်မှ ဝမ်းမြောက်စရာကောင်းတဲ့ ကြိုဆိုစရာ
တခုလို့ မြင်ပါတယ်။ အဲဒီလို ခွင့်ပြုချက်ပေးတာ
အမြဲတမ်းဖြစ်နေဖို့တော့ လိုတယ်။ လိုတဲ့အခါပေးလိုက်၊ မလိုတဲ့အခါ
ပြန်ထုတ်သွားလိုက်ဆိုရင် နည်းနည်း အထင်မြင်လွဲစရာ ဖြစ်ပါတယ်။
ဒါကြောင့်မို့ ဒီလိုခွင့်ပြုမယ်ဆိုရင် တလျှောက်လုံးပဲ ဒီလို
လွတ်လွတ်လပ်လပ်ကြီး ခွင့်ပြုတာ ကျနော်တို့ ကြိုဆိုပါတယ်” လို့
ပြောပါတယ်။
ဒေါ်အောင်ဆန်း
စုကြည် နေအိမ်အကျယ်ချုပ်က လွတ်လာတုန်းက ဓာတ်ပုံတွေကို အချပ်ပိုအဖြစ်
ထည့်သွင်းခွင့်ပြုခဲ့ပြီး၊ ဂျာနယ်တွေက အဖုံးတင်ထုတ်ဝေခဲ့လို့
ဂျာနယ် ၉ စောင် ခေတ္တအပိတ်ခံခဲ့ရဖူးပါတယ်။
အဲ့ဒီ
နောက်ပိုင်းမှာလည်း ဒေါ်အောင်ဆန်းစုကြည်သတင်းနဲ့
သတင်းဓာတ်ပုံတွေကို ဂျာနယ်တွေရဲ့ အတွင်းစာမျက်နှာတွေမှာ
ဖော်ပြခွင့်ပေးလိုက်၊ မပေးလိုက် လုပ်ခဲ့တာပါ။
ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံ ဂျာနယ်မျက်နှာဖုံးပေါ် ပထမဆုံးဖော်ပြခွင့်ရ
Reviewed by သစ်ထူးလွင်
on
21:37
Rating: