
ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့ ၂၀၀၈ ခုနှစ် ဇန်န၀ါရီလ ၃၀ ရက်နေ့ က တွေ့ဆုံခဲ့ကြစဉ်
ဦးအောင်ကြည်သည် ယခင် အစိုးရ လက်ထက်က အလုပ်သမား ၀န်ကြီး ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် လုပ်ငန်းများ ဆက်သွယ် ဆောင်ရွက်ရန် အတွက် ဆက်ဆံရေးဝန်ကြီး အဖြစ် ၂၀၀၇ ခုနှစ် အောက်တိုဘာလ ၈
ရက်နေ့တွင် ခန့်အပ်ခံရပြီး ယင်းနှစ် အောက်တိုဘာလ ၂၅ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပထမဆုံး အကြိမ် တွေ့ဆုံခဲ့သည်။ ၎င်းသည် အစိုးသစ် လက်ထက်တွင်လည်း အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ် ခန့်အပ်ခံရပြီးနောက် ယခုအကြိမ်သည် ပထမဆုံးအကြိမ် အဖြစ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည် ဖြစ်သည်။

၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၁၅ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့ တွေ့ဆုံခဲ့ကြစဉ်
"အစိုးရသစ်လက်ထက်မှာ ပထမဦးဆုံးအကြိမ် ပြန်တွေ့တာ ကောင်းတဲ့လက္ခဏာပါ။ ဖြေရှင်းလို့ရတဲ့ ပြဿနာတွေကို အရင်ဦးဆုံး ရှင်းပြီးတော့ ဖြေရှင်းလို့မရနိုင်သေးတဲ့ ပြဿနာတွေကို နောက်မှတစ်ဆင့်ပြီး တစ်ဆင့်ရှင်းသွားရင် ပြဿနာတွေ အားလုံးပြေလည်သွားမှာပါ။ ဘာပဲဖြစ်ဖြစ် တွေ့တာတော့ ကောင်းပါတယ်"ဟု ဂျာနယ်လစ်တစ်ဦးက သုံးသပ်ခဲ့ပါသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် နေအိမ်အကျယ်ချုပ်မှ ပြန်လည် လွတ်မြောက်ခဲ့သည်။ အသက် ၆၆ နှစ်ရှိ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၁ ခုနှစ် ဇူလိုင်လဆန်းတွင် ပုဂံဒေသသို့ သူမ၏ သားဖြစ်သူနှင့် အတူ ဘုရားဖူး ခရီးစဉ် အဖြစ် သွားရောက်ခဲ့သေးသည်။ ထို့အပြင် ဇူလိုင်လ ၁၉ ရက်(အာဇာနည်နေ့)ကလည်း ရန်ကုန်မြို့ရှိ အာဇာနည်ဗိမာန်သို့ သွားရောက်ကာ ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများအား ဂါရ၀ပြုခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည် တွေ့ဆုံခဲ့မှုများ
၁။ ၂၀၀၇ ခုနှစ် အောက်တိုဘာလ ၂၅ ရက်
၂။ ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၉ ရက်
၃။ ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်
၎။ ၂၀၀၈ ခုနှစ် ဇန်န၀ါရီလ ၁၁ ရက်
၅။ ၂၀၀၈ ခုနှစ် ဇန်န၀ါရီလ ၃၀ ရက်
၆။ ၂၀၀၈ ခုနှစ် အောက်တိုဘာလ ၃ ရက်
၇။ ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၇ ရက်
၈။ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၉ ရက်
၉။ ၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၁၅ ရက်
ဒေါ်အောင်ဆန်းစုကြည် အစိုးရအဖွဲ့သစ်နှင့် ဇူလိုင်လ ၂၅ ရက်နေ့တွင် ပထမဆုံးအကြိမ် တွေ့ဆုံမည်
Reviewed by သစ်ထူးလွင်
on
18:22
Rating: