ဧရာဝတီတိုင်း
ဒေသကြီးတွင်းမှာ ဆည်ရေဖောက်ချလိုက်တဲ့အတွက်
ဆည်ကနေကျဆင်းလာတဲ့ရေတွေကြောင့် ပန်းတနော်မြို့နယ်တွင်း
ကျေးရွာအုပ်စု (၉) ခုက လယ်ဧက (၂) သောင်းဝန်းကျင် ရေနစ်မြုပ်နေသလို
ရခိုင်ပြည်နယ်က မြို့နယ်တချု့မှာလည်း မိုးသည်းပြီး လယ်ကွက်တွေ
ရေနစ်မြုပ်နေတယ်လို့ ပန်းတနော်မြို့ ရပ်မိရပ်ဖတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့
မေ၊ ဇွန်လပိုင်းမှာ မိုးသည်းထန်ပြီး ကျုံပျော်မြို့နယ်ထဲမှာ လယ်ဧက
၃ ထောင်လောက် ရေနစ်မြုပ်ခဲ့တာကို လယ်သမားတွေက သက်ဆိုင်ရာ
မြို့နယ်ခရိုင် တိုင်းဒေသကြီးအဆင့်ဆင့် အုပ်ချုပ်ရေး အာဏာပိုင်ကို
တင်ပြခဲ့ကြတယ်လို့ ဆိုပါတယ်။
ကျုံ
ပျော်မြို့က လယ်တွေ ရေမြုပ်တာဟာ ပန်းတနော်နဲ့ ကျုံပျော်နယ်စပ်မှာ
ရှိတဲ့ ကော်သလဲ တာတမံခံနေတာကြောင့် ဖြစ်ရမယ်လို့ ယူဆပြီး
ဆည်မြောင်းဌာနက တာဝန်ရှိသူတွေရဲ့ တားမြစ်တဲ့ကြားက
ဆည်ရေဖောက်ချဖို့ သက်ဆိုင်ရာက ဆုံးဖြတ်ခဲ့ပါတယ်။
ဒီနောက်
ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေးနဲ့ မွေးမြူရေးဝန်ကြီး
ဦးတင်စိုးကိုယ်တိုင် ဆင်းလာပြီး အခုလ ၅ ရက်နေ့မှာ
ဆည်ဖောက်ချလိုက်ပြီးတဲ့နောက် လယ်ဧက ၂ သောင်းကျော်
ရေနစ်မြုပ်ကုန်တယ်လို့ ပန်းတနော်မြို့ ရပ်မိရပ်ဖတဦးက ပြောပါတယ်။
“ဦးတင်စိုး
သူကိုယ်တိုင် ဆင်းလာပြီး ဝန်ကြီးချုပ်အမိန့်နဲ့ ဆိုပြီးတော့
နေ့လယ် ၁ နာရီခွဲလောက်မှာ ဆည်ချိုးချလိုက်တော့ ကျုံပျော်ကရေ
အကုန်လုံးက ကျေးရွာအုပ်စု ၉ အုပ်စုကို ဒီတရက်နှစ်ရက်တည်းနဲ့ပဲ
ရေလွှမ်းသွားတာပေါ့။ အဲဒါ ဧက ၂ သောင်း ကျော်တယ်။ တာတွေ ခံထားတော့
ဘာပဲပြောပြော မြစ်ရေတော့ မတက်ဘူးပေါ့ဗျာ။ ဒါပေမယ့် ဒီနှစ်က
မိုးကများတော့ ရေက ဘယ်မှာမှ ထွက်လမ်းသိပ်မရှိဘူး ဖြစ်နေတယ်။”
လယ်သမားတွေရဲ့ အခက်အခဲတွေကိုလည်း သူက အခုလို ပြောပတယ်။
“မိုးရေကလည်း
အခုက မိုးက တော်တော်များလာတယ်။ နောက်ထပ် ကြဲဖို့စိုက်ဖို့ကလည်း
အရင်းအနှီးကလည်း သိပ်မရှိဘူး။ မျိုးစပါးတွေကလည်း ၂ လခွဲ ၃
လမျိုးတွေ။ ရှာတော့ ရှာတယ်။ ဒါပေမယ့် တောင်သူတွေကတော့ ဟန်ပဲ
ရှိတော့တယ်ဗျ။ ဒီ နွေတုန်းကလည်း ဆုံးထားတာက နောက် ပဲဈေးတွေကလည်း
အခုထက်ထိ ကမောက်ကမ အကြွေးတော့ တင်နေပြီ။”
ကျုံ
ပျော်မြို့က ဒေသခံ တဦးကလည်း ဒီလ ၆ ရက်နေ့က ဆည်ချိုးချတဲ့ ရေဟာ
အလျားပေ ၂၀ လောက်သာ ဖြန့်ချလိုက်ပေမယ့် ၁၀ ရက်လောက် အကြာမှာ ပေ ၁၀၀
အထိ ကျယ်ပြန့်သွားတာ ဖြစ်တယ်လို့ ပြောပါတယ်။
ပန်းတ
နော်ဘက်က လယ်မြေတွေ၊ အင်းတွေ ရေမြုပ်ကုန်အပြီးမှာ
တိုင်းဒေသကြီးဝန်းကြီးချုပ် ဦးသိန်းအောင်ကို
တိုင်ကြားခဲ့ပြီးနောက် ဆည်ကို ချက်ချင်း ပြန်ပိတ်ခိုင်းခဲ့တယ်လို့
ဆိုပါတယ်။
အခုအခါမှာ
သက်ဆိုင်ရာက ကျေးရွာ အုပ်စုတွေအလိုက် ငွေကြေးကောက်ခံပြီး တနေ့ကို
ကျပ် ၂ ထောင်နှုန်းနဲ့ ဆည်ပြန်လည်ဖို့ရေးကို လုပ်ဆောင်နေတယ်လို့
ပြောပါတယ်။
“ကျနော်တို့
ပြောတုန်းက ၃ ထောင်ဆိုပြီး ပြောတာလေ။ တကယ်ရတဲ့ လူတွေကို
မေးကြည့်တော့ ၂ ထောင်ပဲ ရတယ်။ သူတို့ ကောက်သွားတဲ့ ပိုက်ဆံတွေ
ရှိတယ်လေ မြို့နယ်အုပ်ချုပ်ရေးမှူးကနေပြီးတော့ ပေးတာ။”
ဧရာဝတီတိုင်း
အတွင်းမှာ လယ်ဧကသောင်းချီ ရေမြုပ်နေသလို ရခိုင်ပြည်နယ် ဘက်က
မြို့နယ်တချို့မှာလည်း ရေနစ်မြုပ်နေတယ်လို့ ရခိုင်ပြည်နယ်
စစ်တွေမြို့က ရပ်မိရပ်ဖ တဦးက အခုလို ပြောပါတယ်။
“ပုဏ္ဏား
ကျွန်း၊ ကျောက်ဒို၊ မြောက်ဦးဘက်မှာ တော်တော်လေးကို
ရေကြီးနေတယ်။ ကျောက်ဒိုနဲ့ မြောက်ဦးကြားမှာ ဆိုလို့ရှိရင်
မဟာမြတ်မုနိ ဘုရားမှာ တော်တော်လေးကို အဲဒီလမ်းတွေမှာ
ရေလွှမ်းမိုးနေတယ်။ ထမင်းတောင် သွားပို့ရတယ်လို့ ကျနော်တော့
အဲဒီလို ကြားရတယ်လေ။ မြောက်ဦးမြို့နယ် ဘက်မှာလည်း ဆိုးနေတယ်။
မင်းပြား ဆိုရင်လည်း ရေလွှမ်းမိုးနေတယ်။ စစ်တွေမြို့မှာ လည်း
မိုးကြီးတာ ၅ ရက်လောက် ရှိသွားပြီဗျ။”
အဲဒီ ရေနစ်မြုပ်တဲ့ ဒေသက လယ်ကွင်းတွေရဲ့ အခြေအနေကိုလည်း သူက အခုလို ပြောပါတယ်။
“လယ်ကတော့
တချို့ဟာတွေကလည်း စိုက်ပြီးသွားပြီ တချို့ဟာတွေကလည်း
မစိုက်ရသေးဘူးလေ။ အဲဒီအချိန်အခါမှာကျတော့ ကျနော်တို့ တောင်သူလယ်
သမားတွေက အကုန်လုံး ရပ်ထားရတာပေါ့ဗျာ။ ရေကြီးနေတော့ ဘယ်လိုမှ
ထွန်လို့ မရဘူး။ တချို့တချို့ ကန်သင်းရိုးတွေတောင် မမြင်ရဘူး
အဲဒီလို ဖြစ်နေတယ်။ ဘာမှာ အာဏာပိုင်အဖွဲ့အစည်းတွေကလည်း
လှည့်မကြည့်ဘူး။”
ဆည်ရေဖောက်ချသဖြင့် လယ်ဧကနှစ်သောင်းဝန်းကျင် ရေနစ်မြုပ်
Reviewed by သစ်ထူးလွင်
on
22:52
Rating: