တစ်နှစ်လျှင် ကား ၃၀၀၀ မှ ၅၀၀၀ ကြား ထုတ်လုပ်နိုင်သည့် စက်ရုံ မြန်မာနိုင်ငံတွင် တည်ထောင်ရန် တရုတ်ချယ်ရီကား ထုတ်လုပ်ရေး ကုမ္ပဏီ စီစဉ်နေ

June 5, 2011
b4907တရုတ် ချယ်ရီကား ထုတ်လုပ်ရေး ကုမ္ပဏီမှ မြန်မာနိုင်ငံတွင် ကားတပ်ဆင်ထုတ်လုပ်သည့် စက်ရုံ တည်ထောင်ရန် စီစဉ်နေကြောင်း ကုမ္ပဏီ၏ ပြောကြားချက်ကို ကိုးကားပြီး
ဆင်ဟွာသတင်းတွင် ဖော်ပြထားချက်အရ သိရသည်။
တည်ထောင်ရန် စီစဉ်နေသည့် ကားတပ်ဆင် ထုတ်လုပ်ရေး စက်ရုံသည် ချယ်ရီ QQ3 အမျိုးအစားကားများကို တစ်နှစ်လျှင် ၃၀၀၀ မှ ၅၀၀၀ ကြား တပ်ဆင် ထုတ်လုပ်နိုင်မည် ဖြစ်သည်ဟု ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
ထို့ပြင် ချယ်ရီ QQ3 အမျိုးအစားကား ၁၀၀၀၀ နီးပါး အမှာစာကိုလည်း မြန်မာနိုင်ငံမှ ယခုနှစ်တွင် လက်ခံ ရရှိထားကြောင်း အဆိုပါ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
တရုတ်ချယ်ရီကား ထုတ်လုပ်ရေး ကုမ္ပဏီသည် တရုတ်နိုင်ငံ အရှေ့ဘက်ခြမ်းရှိ Anhui ပြည်နယ်မှ ဖြစ်ပြီး ပြည်ပသို့ ကားတင်ပို့လာခဲ့သည်မှာ ဆယ်စုနှစ်တစ်ခု ကျော်ပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကုမ္ပဏီသည် နိုင်ငံပေါင်း ၁၅ နိုင်ငံတွင် ကားတပ်ဆင် ထုတ်လုပ်ရေး စက်ရုံ ၁၆ ရုံ တည်ထောင်ထားကြောင်း သိရသည်။
ချယ်ရီ  QQ3 ကားဈေးနှုန်းမှာ အမျိုးအစားပေါ် မူတည်၍ တရုတ်ယွမ် ၃၀၈၀၀ မှ ၄၃၈၀၀ အထိ ဈေးနှုန်း အမျိုးမျိုး ရှိကြောင်း သိရသည်။
တစ်နှစ်လျှင် ကား ၃၀၀၀ မှ ၅၀၀၀ ကြား ထုတ်လုပ်နိုင်သည့် စက်ရုံ မြန်မာနိုင်ငံတွင် တည်ထောင်ရန် တရုတ်ချယ်ရီကား ထုတ်လုပ်ရေး ကုမ္ပဏီ စီစဉ်နေ တစ်နှစ်လျှင် ကား ၃၀၀၀ မှ ၅၀၀၀ ကြား ထုတ်လုပ်နိုင်သည့် စက်ရုံ မြန်မာနိုင်ငံတွင် တည်ထောင်ရန် တရုတ်ချယ်ရီကား ထုတ်လုပ်ရေး ကုမ္ပဏီ စီစဉ်နေ Reviewed by သစ်ထူးလွင် on 20:18 Rating: 5
Powered by Blogger.