ရည်းစားထားတော့မယ် ဆိုရင် ပရိသတ် ကို အရင် ဖွင့်ပြော မယ့် ရတနာမိုင်

Posted on June 13th, 2011
ရည်းစားထားတော့မယ် ဆိုရင် ပရိသတ် ကို အရင် ဖွင့်ပြော မယ့် ရတနာမိုင်မိုင်လေးရဲ့ ဂီတ အပေါ်ခံစားမှု လေးပြောပါဦး။
သီချင်းတွေ ဆိုတာ မိုင်လေးနဲ့ ငယ်စဉ် ကတည်း ကရင်းနှီး ပြီးသားပါ။ မိုင်လေး ကသီချင်း တွေ ဂီတတွေ ကြား ထဲမှာ ကြီးပြင်း လာတာဆိုတာ ဂီတ ကိုပိုပြီးကြိုက်တယ်။ ပိုပြီး ရူးသွပ် ၀ါသနာ ပါတယ်။ အခုတော့ သရုပ်ဆောင် တာထက် ဂီတ ဘက်ကို ပိုပြီး
အားသန်တယ်။
အဲ့ဒါဆိုသရုပ်ဆောင်တစ်ယောက်ရဲ့ ခံစားချက်ကရော။
သရုပ်ဆောင် ကောင်း တစ်ယောက်ဖြစ်ဖို့ မလွယ်တာ မှန်ပေမယ့် ကိုယ်လုပ် ရတဲ့ဇာတ်ရုပ် ကိုတော့  အတတ်နိုင် ဆုံး ပီပြင် အောင်ကြိုးစား သရုပ်ဆောင် ပါတယ်။ ကိုယ် ပါဝင် သရုပ် ဆောင်တဲ့ဇာတ်ကား လေးက ပေါက်သွား တယ်ဆိုရင် အတိုင်း မသိ ပီတိဖြစ်ပါတယ်။ အဲဒါက သရုပ်ဆောင် တစ်ယောက်ရဲ့ ခံစားချက်ပေါ့။
ရတနာမိုင် ဆိုပြီးအဓိက ကူညီပံ့ပိုးပေးတဲ့သူကမိုင်လေးကိုအဓိက ကူညီပံ့ပိုးပေးတဲ့ သူက မေမေမိုင်ပါ။ မေမေက မိုင်လေးရဲ့ အင်္ကျီ အ၀တ်အစား ကအစ ဖိနပ်အထိ အားလုံး ဂရုတစိုက်နဲ့ ပံ့ပိုးပေးတာပါ။ နောက် မိုင်လေးကို ကူညီ ပံ့ပိုး ပေးတာ မိုင်လေးနဲ့ အတူလုပ်ဖော်ကိုင်ဖက် တွေပါပဲ။ နောက် မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေ၊ စာနယ် ဇင်းသမား တွေကလည်းတစ်ဖက် တစ်လမ်းကနေ ကူညီ ပံ့ပိုးတဲ့သူတွေ ပေါ့။
မိုင်လေးရဲ့အချစ်ရေးအကြောင်းပြောပြပါဦး။
အချစ်ရေး ကအေးဆေးပါပဲ။ မိုင်လေးမှာ ချစ်သူရှိခဲ့ရင် ပရိသတ်ကို ဖွင့်ပြောမှပါ။ မိုင်လေးမှာ ချစ်သူရဖို့ အဝေးကြီး လိုပါသေးတယ်။ မိုင်လေးရဲ့ အနားမှာ မေမေ ကလည်း အမြဲစောင့်ရှောက် တယ်။ ရည်းစား ထားမယ်ဆိုရင် တကယ် ရင်ခုန်တဲ့သူ၊ တကယ် ချစ်တဲ့သူနဲ့ လက်ထပ် တဲ့သူ တစ်ယောက် တည်းပဲ ဖြစ်မှာပါ။
မိုင်လေးပရိသတ်ကိုပြောချင်တဲ့စကားရှိသေးလား။
ဒီနေ့ အထိအားပေးတဲ့ပရိသတ် ကိုကျေးဇူးတင် ပါတယ်။
MMS
ရည်းစားထားတော့မယ် ဆိုရင် ပရိသတ် ကို အရင် ဖွင့်ပြော မယ့် ရတနာမိုင် ရည်းစားထားတော့မယ် ဆိုရင် ပရိသတ် ကို အရင် ဖွင့်ပြော မယ့် ရတနာမိုင် Reviewed by သစ်ထူးလွင် on 07:41 Rating: 5
Powered by Blogger.