အချစ်က ရယူခြင်း မဟုတ်ဘူး ဆိုတဲ့ ဝတ်မှုန်ရွှေရည်


အချစ်က ရယူခြင်း မဟုတ်ဘူး ဆိုတဲ့ ဝတ်မှုန်ရွှေရည်တီဗွီကြော်ငြာ တွေ Bill Board တွေကနေ သရုပ်ဆောင် လောက ထဲကို ခြေချလာတဲ့ ၀တ်မှုန်ရွှေရည် ဟာ အခု ဆိုရင် နေရာစုံ၊ ကဏ္ဍစုံ၊ ဇာတ်ကောင် စရိုက် မျိုးစုံကို ကျွမ်းကျင် ပိုင်နိုင်စွာ သရုပ် ဆောင် လာနိုင်ပါပြီ။ ၀တ်မှုန်ရွှေရည် နဲ့ ခဏတာ မေးဖြစ်ခဲ့ တာတွေကတော့…
ဝတ်မှုန်ဇာတ်ကားတွေရိုက်တဲ့အခါမှာ စာချုပ်ရှိလား။
မရှိပါဘူး။

ဇာတ်ရုပ် ရွေးချယ်မှုမှာရော ဘယ် သူနဲ့တိုင်ပင်လဲ။
သမီးကို လာငှားတဲ့ ဇာတ်ကို မေ မေနဲ့တိုင်ပင်ပြီး လက်ခံပါတယ်။
အနုပညာလောကက အပြိုင်အဆိုင် များတယ်တဲ့။ ညီမရော ဘယ်လိုစိတ်နဲ့ ရပ်တည်မလဲ။
ညီမက သူများထက် ကိုယ့်ကိုယ် ကိုယ်ပိုဂရုစိုက်တယ်။ ဒီလောကက အပြိုင်အဆိုင် များတာတော့ အမှန် ပါပဲ။ တစ်ခါတလေ ကိုယ့်ဟာ ကိုယ်နေတာ တောင် လာပြီး တိုက်ခိုက် တာတွေကရှိ တယ်။ ၀တ်မှုန် စိတ်ကတော့ သမုဒ္ဒရာ ရေဆိုတာ တစ်ယောက်တည်း သောက် လို့ မကုန် နိုင်ပါဘူး။ အကုန်လုံးကို အောင်မြင် စေချင်ပါတယ်။
ဝတ်မှုန်ကို ဒီလောကထဲမှာရပ်တည် နိုင်အောင် အဓိကပံ့ပိုးပေးတာ  ဘယ် သူလဲ။
မေမေပါပဲ။ အမေပဲ အကုန်လုံး လိုက်ပြီး စီစဉ်ပံ့ပိုးပေးရတယ်။ အရင် ကတော့ မေမေတို့က ညီမကို သိပ်ပြီး လုပ်နိုင် မယ်လို့ မယုံကြည်ကြဘူး။ ဒီ အလုပ် ကတော့ ပင်ပန်းလို့လေ။ အခု တော့ မေမေ ပဲ အားလုံး ပံ့ပိုးပေးပါတယ်။
ဝတ်မှုန်ရဲ့ဘ၀မှာ အချစ်က ဘယ်အ တိုင်းအတာအထိ အရေးပါလဲ။
ဘ၀မှာ အချစ်က အတိုင်းအ တာတစ်ခု အထိ အရေးပါပါတယ်။ လူ တိုင်းက အချစ်နဲ့မကင်း နိုင်ပါဘူး။ အ ချစ်နဲ့ မကင်းနိုင်၊ အချစ်မရှိ လို့မှမဖြစ် တာ။ ၀တ်မှုန်ခံယူထားတဲ့ အချစ်က ရယူခြင်းလည်း မဟုတ်ဘူး။ ပေးဆပ် ခြင်းလည်း မဟုတ်ဘူး။ ညီတူမျှတူပဲ။ ပြီး တော့ အနုပညာ သမားတွေရဲ့ ချစ်သူ၊ ရည်းစား တွေဟာ သာမန် ကောင်မလေး ကို ကြိုက်တာ ထက် ပိုပြီးနားလည်မှု ပေးမှ အဆင်ပြေ မယ်လို့ ထင်တယ်။ ၀တ်မှုန်တို့ အနုပညာသမား တွေက ချစ် သူကို အချိန်လည်း မပေးနိုင်ဘူး။ ရုံးဝန် ထမ်းလို မဟုတ်ဘူးလေ။ ရည်းစားထား ရင်လည်း ရည်းစား ကို အချိန်ပေးချင်မှ ပေးနိုင်မှာ။ အနုပညာ သမားကိုကြိုက် ရတာဟာ အပြင် လူတွေကို ကြိုက်ရတာ ထက် နားလည်မှု ပိုပေးဖို့ လိုအပ်တယ် လို့ထင်တယ်။
အဲဒါဆိုရင် အနုပညာသမားအချင်း ချင်းကျတော့ နားလည်မှုပိုနိုင်မလား။
တစ်ယောက်နဲ့ တစ်ယောက်က တော့မတူဘူး ထင်တယ်။ ၀တ်မှုန်ဖြစ် စေချင်တဲ့ ချစ်သူပုံစံမျိုးက ၀တ်မှုန်ကို အရမ်း ချစ်မယ်။ နားလည်ပေးပြီးတော့ အလို လိုက်မယ်။
မြင့်မြင့်စိုး
အချစ်က ရယူခြင်း မဟုတ်ဘူး ဆိုတဲ့ ဝတ်မှုန်ရွှေရည် အချစ်က ရယူခြင်း မဟုတ်ဘူး ဆိုတဲ့ ဝတ်မှုန်ရွှေရည် Reviewed by သစ်ထူးလွင် on 07:47 Rating: 5
Powered by Blogger.