ကျပ်ငွေကျုံ့ လာခြင်း


June 8,2011 by သစ်ထူးလွင်
          အခုနှစ်ပိုင်းအတွင်းမှာ မြန်မာ ကျပ်ငွေတန်းဖိုးဟာ နိုင်ငံခြားငွေတွေနဲ့ လဲလှယ်ရာမှာ သိသိသာသာမြင့် တက်လာတာ တွေ့ရပါတယ်။ မြန်မာ့စီးပွါးရေးနဲ့ အဓိက ဆက်စပ်နေတဲ့  ဒေါ်လာငွေနဲ့လဲလှယ်နှုန်း ကျပ် ၈၀၀ အောက် ရောက်သွားသလို့ ၊ တရုတ် ယွမ် ငွေ ၊ ထိုင်း ဘတ် ငွေ ၊ စင်္ကာပူ ဒေါ်လာ တွေနဲ့ လဲလှယ်ရာမှာ လည်း ကျပ်ငွေ တန်းဖိုးမြင့်တက်လာပါတယ်။ အဲဒီလို ကျပ်ငွေတန်းဖိုးမြင့်တက်လာတာဟာ ပြည်တွင်းမှာ ကျပ်ငွေ လည်ပတ်မှု့ လျော့ချပစ် လိုက်တာကြောင့်လို့ယူဆပါတယ်။
          ငွေကြေးလည်ပတ်မှု့လျော့ချပစ်လိုက်တာဟာ ငွေကြေးဖောင်းပွမှု့နဲ့ဆန့်ကျင်ဘက်ပါ။ ငွေကျုံ့ ခြင်းဖြစ် ပေါ်လာရင် ကုန်ဈေးနှုန်းများကျဆင်းလာမယ် ဘဏ်တွေက ငွေထုတ်ချေးရငွေ များလည်း လျော့နည်းလာတက် ပါတယ်။ ဘဏ်တိုးနှုန်းတွေ မြှင့်တင်လိုက်ရင်လည်း ဒီလိုဖြစ်တက်ပါတယ်။ သာမန် ငွေလုံးငွေရင်းလည်ပတ်မှုမှာ အသစ်တိုးမလာ၊ တိုးရင်လည်း နှေးကွေးတယ်။ လူထုရဲ့ဝင်ငွေနဲ့ ၀ယ်အားလည်းလျော့သွားတယ်။ ပြည်ပလုပ် ကုန်ပစ္စည်းတွေကို ၀ယ်အားလည်းကျဆင်းသွားတယ်။ ငွေကျုံ့မှုကြောင့် ပြည်ပ ငွေပေးငွေယူရှင်တမ်းပြဿနာ ကိုတော့ ပြေလည်စေတယ်။ တကယ်တန်း တိုင်းပြည်ရဲ့ စီးပွါးရေးတိုးတက်လာတာမဟုတ်ပဲ ငွေကျုံ့မှု သက်သက်သာ ဆိုရင်တော့ ကုန်ထုတ်ကျဆင်းပြီး အလုပ်လက်မဲ့ ပြဿနာပေါ်လာနိုင်ပါတယ်။
          ငွေကြေးပုံမှန်လည်ပတ်နေရင် အလုပ်လက်မဲ့ ပြဿနာမပေါ်နိုင်ပါဘူး။ စီးပွါးရေးကပ် လည်မပေါ်နိုင်ပါ ဘူး။ ဒီပြဿနာတွေ ကို ရှောင်ရှားနိုင်အောင် မြန်မာအစိုးရအနေနဲ့ စီးပွါးရေးလုပ်ငန်းတွေ လွတ်လွတ်လပ်လပ် ပေါ်ထွန်းလာအောင် ဆောင်ရွက်ဖို့လိုပါတယ်။ ဖွံ့ ဖြိုးစ နိုင်ငံတခုအနေနဲ့ လွတ်လပ်တဲ့ ကုန်သွယ်ရေး မူဝါဒ တရပ်ချမှတ်ပြီး ပြည်ပသွင်း ကုန်၊ ပြည်တွင်းဖြစ်ကုန် လို့ မခွဲခြားပဲ ပြည်ပကုန်ပစ္စည်းတွေကို လွတ်လွတ် လပ်လပ် တင်သွင်းခွင့်ပြုသင့်  ပါ တယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ပြည်တွင်းမှာ ကုန်ထုတ်လုပ်သူတွေလည်း စူးစူး စိုက်စိုက် ကုန်ထုတ်လုပ်ခြင်းကို အားပေးပြီး၊ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှု့ကိုလည်း အားပေးရာရောက် ပါတယ်။
          အဲဒီလို လုပ်နိုင်ဖို့အတွက် ငွေကြေးစနစ် ၊ ငွေကြေးမူဝါဒ တွေပြောင်းလဲဖို့လိုပါတယ်။ ဘဏ်လုပ်ငန်းဖွံ့ ဖြိုးလာပြီး အတိုးနှုန်းတွေ သက်သာမှသာ စီးပွါးရေးလုပ်ငန်းတွေ ဖွံ့ ဖြိုးလာမှာပါ။ ရောင်းတဲ့သူတွေရောင်းအား ကောင်းပြီး ၀ယ်တဲ့သူတွေဝယ်အားကောင်း တဲ့ ငွေကြေးလည်ပတ်မှုမျိုးကသာ ပြည်သူတွေကို အကျိုးဖြစ်စေ ပါတယ်။ အရောင်းအ၀ယ်မဖြစ်ပဲ ကျပ်ငွေတန်းဖို့ ကျုံ့လာခြင်းဟာ တိုင်းပြည်အတွက်ကောင်းတဲ့ လဏ္ခာမဟုတ် ကြောင်း သုံးသပ်တင်ပြလိုက်ပါတယ်။
သစ်ထူးလွင်

ကျပ်ငွေကျုံ့ လာခြင်း ကျပ်ငွေကျုံ့ လာခြင်း Reviewed by သစ်ထူးလွင် on 09:45 Rating: 5
Powered by Blogger.