ဦးသိန်းညွန့်အား တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်အဖြစ် ပြောင်းလဲသတ်မှတ်

Saturday, 04 June 2011 Written by The Voice Weekly
ပြည်သူ့လွှတ်တော်ကိုယ်စလှယ်ဦးသိန်းညွန့်
 ရန်ကုန် ဇွန် ၃
အမျိုးသားဒီမိုကရေစီ အင်အားစု ပါတီအား ကိုယ်စားပြု၍ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွတ်တော် မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့သူ ဦးသန်းညွန့်အား ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်အဖြစ် ပြောင်းလဲသတ်မှတ်ပေးလိုက်သည်ဟု မေလ ၃၁ ရက်
ရက်စွဲဖြင့် အကြောင်းကြားစာ ပေးပို့ထားကြောင်း အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီမှ ဦးခင်မောင်ဆွေက ပြောကြားသည်။"ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ လက်မှတ်ရေးထိုးပြီး ပြည်သူ့လွှတ်တော် ဥက္ကဌဆီ တိုက်ရိုက်လိပ်မူပြီး ပို့ထားတာပါ။ ကျွန်တော်တို့ဆီကိုတော့ မိတ္တူပေးပါတယ်" ဟု ဦးခင်မောင်ဆွေက ဆိုသည်။မြန်မာနိုင်ငံတွင် ကျင်းပပြီးစီးခဲ့သော ၂၀၁၀ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်ဦးရေ တတိယ အများဆုံး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီအား ဦးဆောင်တည်ထောင်ခဲ့သူများတွင် ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်း၊ ဦးသိန်းညွန့်၊ ဦးသာဆိုင် စသည်တို့ ပါဝင်ပြီး ပါတီတွင်း ပြဿနာရပ်များအပေါ် ဦးခင်မောင်ဆွေ၊ ဒေါက်တာ သန်းငြိမ်းစသည်တို့နှင့် သဘောထား ကွဲလွဲခဲ့ရာမှ စတင်ပြီး ပါတီဗဟို အလုပ်အမှုဆောင်အဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် ဦးသိန်းညွန့်အား ပါတီမှ ထုတ်ပယ်ခဲ့သည်။
ဦးသိန်းညွန့်အား တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်အဖြစ် ပြောင်းလဲသတ်မှတ် ဦးသိန်းညွန့်အား တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်အဖြစ် ပြောင်းလဲသတ်မှတ် Reviewed by သစ်ထူးလွင် on 02:57 Rating: 5
Powered by Blogger.