ကြိုးဖုန်းများကျပ်ခြောက်သိန်းခွဲဖြင့်ရရှိနိုင်

ဥာဏ်ဥာဏ်(မြစ်မခ)
ရန်ကုန်တိုင်းဒေသကြီးတွင် တပ်ဆင်ခ ကျပ် ၁၀သိန့် အိမ်သုံးကြိုးဖုန်းများအား မေလ ၂၃ ရက်နေ့မှ စတင်ကာ ကျပ် ငွေ ၆သိန်းဖြင့် ချထားပေးနေကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ စုံစမ်း သိရှိရသည်။
“အရင်က တပ်ဆင်ခ ကျပ် ၁၀သိန်းလောက်နဲ့  ချပေးထားတဲ့ ကြိုးဖုန်းတွေကို ပြီးခဲ့တဲ့  မေလ ၂၃ ရက်နေ့လောက်ကနေ့စပြီး
ကျပ်၆သိန်းလောက်နဲ့ ချထားပေးနေသည်” ဟု  လမ်း ၄၀ ရှိ မြန်မာ့ဆက်သွယ်ရေး မှတာဝန်ရှိသူတစ်ဦးကပြောသည်။
လက်ရှိချထားပေးမည် တပ်ဆင်ခ ကျပ် ၆ သိန်း ကြိုးဖုန်းများ၏နံပါတ်များမှာ အနည်းဆုံး ဂဏန်း ၆လုံးဖြစ်သွားမည်ဖြစ်ပြီးအိတ်ချိန်းအသစ်ရှိသော မြို့နယ်များတွင်း  ဂဏန်း ၇ လုံးဖြစ်ကာ မြို့နယ်အလိုက် ဂဏန်းအလုံးရေး ကွာသွားမှာဖြစ်ကြောင်း၎င်းက ပြောကြားသည်။
“မန္တလေးမှာဆို အရင်ကကြိုးဖုန်း ၀၂-၃xxxx ကို ကျပ် သိန်း၅၀ လောက်ပေးရတယ်၊ အခု ၆သိန်း ၅သောင်းတန်ပေါ်လာတော့ ဆက်သွယ်ရေးတွေအတွက် ကောင်းလာတယ် အဆင်လည်းပြေလာတာပေါ့ နယ်တိုင်းမှာသာချထားပေးမယ်ဆိုရင် ပိုအဆင်ပြေနိုင်တယ်” ဟု မန္တလေးမှ ဖုန်းငှားရမ်းအသုံးပြုသူ မီးမီး ကပြောသည်။
`ကြိုးဖုန်းတွေကို ကျပ် ၆ သိန်းလောက်နဲ့ရမယ်ဆိုတာကို သဘောကျတယ်၊ ကြိုဆိုတယ်ဗျာ`ဟု ရန်ကုန်မြို့ ကမာရွက်မြို့နယ်တွင် နေထိုင်သူ ကိုကျော်ကျော်သိန်းက ပြောသည်။
ဖုန်းငှားရမ်းဈေးကွက်ပျောက်သွားနိုင်ပြီး လူတိုင်းကိုယ်စီလက်ထဲတွင် ငှားရမ်းအသုံးပြုနေသောဖုန်းထက် ဈေးနူန်းသက်သာသောဖုန်းများကိုင်ဆောင်လာနိုင်မည့်ဖြစ်ကြောင်း ၊ ကြိုးဖုန်း အား လူကြိုက်များလှသောကြောင့် ဟန်းဖုန်းဈေးကွက်လည်း တန့်သွားနိုင်ကြောင်း ဖုန်းငှားရမ်းလုပ်ကိုင်နေသူတစ်ဦးက သုံးသပ်ပြောသည်။
ကြိုးဖုန်းများကျပ်ခြောက်သိန်းခွဲဖြင့်ရရှိနိုင် ကြိုးဖုန်းများကျပ်ခြောက်သိန်းခွဲဖြင့်ရရှိနိုင် Reviewed by သစ်ထူးလွင် on 18:27 Rating: 5
Powered by Blogger.