သုံးနှစ်လောက် တွဲလာပြီးမှ နောက်တစ်ယောက် နဲ့ ဆိုတဲ့ သတင်နဲ့ ထားခဲ့တဲ့ ပုံစံ ဖြစ်သွားတဲ့ ချမ်းချမ်းသြစတြေးလျ နိုင်ငံမှာ သွား ရောက် ဖျော်ဖြေခဲ့တဲ့ ချမ်းချမ်းတစ် ယောက် ချစ်သူ မော်ဒယ်လ် သရုပ် ဆောင်ဘုဏ်းသိုက် နဲ့လမ်းခွဲ လိုက်ပြီ ဆိုတဲ့ သတင်းက ပရိသတ်များကြား မှာ ရေပန်းစား နေပါတယ်။ ချမ်း ချမ်းနဲ့ တွေ့ဆုံခိုက်မှာ ချစ်သူနဲ့ဘာ ကြောင့် လမ်းခွဲ ရတယ်ဆိုတာကို မေး မြန်းတဲ့ အခါသူမကလည်း ခံစားချက် အပြည့်နဲ့
အမှန်အတိုင်း ပွင့်ပွင့်လင်း လင်းပြောပြ ပါတယ်။ ချမ်းချမ်းရဲ့ ရင် တွင်း ခံစားချက် များကိုလည်း ပရိ သတ်များ ခံစား သိရှိရအောင် ချမ်း ချမ်းရဲ့ အဖြေ စကားများကို တင် ဆက် ပေးလိုက်ပါတယ်။
ချမ်းချမ်း သြဇီမှာ ဖျော်ဖြေရေး သွားနေတုန်း ချမ်းချမ်းတို့ ချစ်သူနှစ်ယောက် လမ်းခွဲ လိုက်တယ် ဆိုတဲ့ အကြောင်းကို ဂျာနယ် စာမျက်နှာတွေမှာ ပါလာတဲ့အခါ ချမ်းချမ်းရော ဟိုမှာ ဘယ်လိုခံစား နေရလဲ။
ချမ်းချမ်း ကတော့ဟိုမှာ အလုပ် တွေပဲ ဖိလုပ် နေရတယ်။ သူနဲ့အ ဆက်အသွယ် မပြတ်အောင် ဖုန်းတွေ ဘာတွေတော့ ဆက်ဖြစ်တယ်။ အဲဒီ အချိန်မှာ သူပြောပြ တာကတော့သူ မီဒီယာ တွေကို လမ်းခွဲ လိုက်ပြီဆိုတဲ့ အကြောင်းကို ဖွင့်ပြော လိုက်ပြီပေါ့။ ချမ်းချမ်း သြစတြေးလျမှာ ပြင်ဆင်တယ်။ စိတ်ရော လူရောပေါ့။ ဟိုမှာ ချမ်းချမ်း သီချင်းဆို နေရတော့ ဒီဘက်ကိုမ လှည့် နိုင်ဘူးပေါ့။ ငိုချင် ပေမယ့်လည်း စင်ပေါ်မှာ ပြုံးနေရတယ်။နှစ်ယောက် စလုံးကလည်း အရမ်းခံစား ရတယ်။ အခု လိုဖြစ်သွားတာ နှစ်ယောက် စလုံး အတွက် အကောင်းဆုံးလို့ထင် ပါတယ်။
ချမ်းချမ်း သူဖြေခဲ့တဲ့ အင်တာဗျူးကိုရောဖတ်ပြီး ပြီလား။ အဲဒီအပေါ်မှာရော ဘယ်လိုခံစားရလဲ။
စစ ရောက်ချင်းမှာပဲ သူဘယ် လိုဖြေထား တယ်ဆိုတာကို ချမ်းချမ်း အမေက ပြောပြတယ်။ သူကိုယ်တိုင် လည်း ပြောပါတယ်။ ဘယ်မှာ ဘယ် လိုဖြေထားတယ် ဆိုတာကို ဖတ် ကြည့် ပါတယ်။ မှန်ပါတယ်။ သူ့ ဘက် ကနေ ကြည့်မယ် ဆိုလို့ရှိရင် ချမ်းချမ်းက သုံးနှစ် လောက်တွဲလာ ပြီးမှ နောက်တစ်ယောက် ဆိုတဲ့ သတင်းနဲ့ ထားခဲ့တဲ့ ပုံစံဖြစ်သွား ခဲ့ တယ်။ ဒါ ချမ်းချမ်း ရှင်းပြလို့လည်း မရဘူး။ သူ နားလည် ပေးနိုင်မှာလည်း မဟုတ်ဘူး။ ဒါပေမယ့် ချမ်းချမ်းလုပ် ပေးခဲ့ တာက နှစ်ယောက် စလုံးအ တွက် အကောင်းဆုံးပါပဲ။ ချမ်းချမ်း စေတနာ သန့်သန့်နဲ့ လုပ်ပေး ခဲ့တာ ဖြစ်တဲ့ အတွက်ကြောင့် သူနားမ လည်လည်း ပြဿနာ မရှိဘူး။ တစ် ချိန်ချိန် နားလည်လာမှာပါ။
ချမ်းချမ်း သြဇီမသွားခင် လမ်းခွဲခဲ့တာလား။
ဟုတ်ပါတယ်။ သြဇီမသွားခင် ကတည်းကလို့ ပြောရင်လည်းရပါ တယ်။
ဘာကြောင့်လမ်းခွဲခဲ့တာလဲဆိုတာ ပြောလို့ရမ လား။
လမ်းခွဲ သွားပြီဆိုကတည်းက အကျိုးနဲ့ အကြောင်းနဲ့ရှိလို့ လမ်းခွဲခဲ့ကြ တာ။ ဒါပေမယ့် တစ်ယောက်နဲ့တစ် ယောက် စိတ်မနာဘူး။ မနာကျင် စေခဲ့ ဘူးဆိုရင် ပိုကောင်းပါတယ်။
ချမ်းချမ်း အခုအချိန်မှာ အသည်းကွဲနေလား။
အသည်းကွဲ တယ်ဆိုတာထက် ချမ်းချမ်း ဘယ်သူ့ကိုမှ ထပ်မချစ်ချင် တော့တာ။ အရမ်း ချစ်ရင် အရမ်းခံ စားရတယ်။ ဘ၀မှာ မဖြစ်နိုင်တာကို ဆက်ပြီး တိုးရင် အရမ်း ပင်ပန်းမယ်။ အဲဒါ ချမ်းချမ်းကို အရမ်းနောင်တရ စေတယ်။ ဘယ်လို နောင်တ ရစေလဲ ဆိုတော့ ကြောက်သွား စေတယ်။ တကယ် ချစ်ရင် ရင်ဆိုင် ရဲရမယ်ဆို တာထက် အသိုင်းအ၀ိုင်း၊ မိသားစု၊ ဘာသာရေး၊ ဒီအခက်အခဲ ကိုမ ကျော်လွှား နိုင်ဘဲ ရှေ့ဆက် တိုးဖို့ဆို တာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ချစ်ရုံ နဲ့ မပြီးဘူးဆိုတာ ချမ်းချမ်း သိလာ တယ်။ အရင်တုန်း ကတော့ နှစ် ယောက် စလုံးချစ်ဖို့ လိုတယ်။ နှစ် ယောက်လုံး နဲ့ပဲ ဆိုင်တယ်။ နှစ် ယောက်လုံး ပေါင်းရင် ရတယ်လို့ပဲ ထင်ထား တာ ဒါပေမယ့် လိုအပ်တဲ့ ခွန်အားတွေ၊ သတ္တိတွေ၊ မာနတွေ ခ၀ါ ချရမယ်။ လူတွေကို ရင်ဆိုင်နိုင် ရမယ်။ ဒါတွေကို မလုပ်နိုင် ဘဲနဲ့ ရှေ့ ဆက်တိုး လို့မရဘူး။ ချမ်းချမ်း အခု အကောင်းဆုံး လုပ်ပေးခဲ့ တယ်လို့ ထင်ပါတယ်။ ချမ်းချမ်းရဲ့ အပြစ်လို့ ပဲ ပြောလို့ ရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်မကစပြီးလမ်းခွဲဖို့ အစ လုပ်ခဲ့တဲ့အတွက်ကြောင့် ကျွန်မတို့ နှစ်ယောက်ကွဲသွားတာ။ ဒါဟာ အ ကောင်းဆုံး ပါပဲ။
ချမ်းချမ်း ရှေ့ဆက်ပြီးချစ်ဖို့ အချစ်တွေရှိသေး လား။
အဝေးကြီး လိုပါ သေးတယ်။ ချမ်းချမ်း အိမ်ထောင်ပြု မယ်ဆိုရင် တောင်မှ ရှစ်နှစ် လောက် စောင့်ရဦး မယ်။ ကျွန်မအခု အချိန်မှာ ဘာခံစား ချက်မှ မရှိတော့ဘူး။ အနုပညာအ လုပ်တွေပဲ လုပ်ချင်တယ်။ ကိုယ့်ကို ချစ်နေတဲ့ အားပေးတဲ့ ပရိသတ်တွေ အများကြီးပဲ။ သူတို့က ဖုန်းဆက်ပြီး ကျွန်မတို့ နှစ်ယောက်လုံးကို အား ပေးကြ တယ်။ ကျွန်မတို့ နှစ်ယောက် လုံး ဘယ်သူပဲ မှားခဲ့မှားခဲ့ ပရိသတ် က ကျွန်မတို့ကို ချစ်နေတုန်းပဲ ဆိုတဲ့ စကားကြားရတာ နှစ်ယောက်လုံး အားတက် ခဲ့တယ်။ နှစ်ယောက်စလုံး က ဘာရယ်ကြောင့်မှ လမ်းခွဲခဲ့ကြ တာ မဟုတ်ပါဘူး။ ဖြစ်သင့်ဖြစ်ထိုက် တဲ့မှတ်တိုင် တစ်ခု အချိန်တန်လို့ လို့ ပြောလို့ရပါတယ်။
ချမ်းချမ်းအိမ်ထောင်ပြုလိုက်ပြီ။ အိမ်ထောင်ပြု တော့မယ်ဆိုတဲ့သတင်းတွေက မဟုတ်ဘူးပေါ့။
မဟုတ်ပါဘူး။ ချမ်းချမ်းဘယ် သူနဲ့မှ မယူထားသလို ဘယ်သူ့ကိုမှ လည်း စိတ်မ၀င် စားပါဘူး။ ချမ်းချမ်း ချစ်တဲ့သူနဲ့ လမ်းခွဲပြီးသားဖြစ်တဲ့အ တွက် ကုစားဖို့လည်း အချိန်လိုတယ်။ အဲဒါက ၁၀ နှစ်ဖြစ်ချင်လည်းဖြစ် မယ်။ ဒီခံစားချက် တွေပျောက်သွား မှသာ ချမ်းချမ်း စဉ်းစားချင်လည်း စဉ်း စားမယ်။ အပျိုကြီး လုပ်ချင်လည်း လုပ်မယ်။ ဒါကတော့ မသေချာဘူး။
သူက အချစ်သစ်တွေ့သွားပြီဆိုရင်ရော ချမ်း ချမ်းအနေနဲ့ ဘယ်လိုခံစားရမလဲ။
ဝမ်းသာ ပေးရမှာပေါ့။ ဒါဆိုရင် သူမေ့နိုင်လို့ လူစားထိုးနိုင်လို့လို့ပြော လို့ရတယ်။ ကျွန်မ ကျေနပ်ပါတယ်။ လူတစ်ယောက်ဆိုတာအစားထိုးလို့ မလွယ်ကူဘူးလေ။ ဒါပေမယ့်အချိန် တန်ရင်အစားထိုးကို ထိုးရမှာပဲ။ အဲ ဒီအချိန်ကို သူ ရောက်လာခဲ့ရင် ကျွန်မ သူ့အတွက် ၀မ်းသာ ပေးရမှာ ပေါ့။
သူကလည်း အနုပညာရှင်၊ ချမ်းချမ်းကလည်း အနုပညာရှင် ဆိုတော့ ဒီလောကထဲမှာ တစ်ချိန် မဟုတ် တစ်ချိန် ပြန်တွေ့ ဆုံခဲ့ရင် ချမ်းချမ်းတို့ ဆက်ဆံရေး က ဘယ်လိုဖြစ်မလဲ။
ကျွန်မ သူငယ်ချင်းလည်း မဖြစ် ချင်ဘူး။ ရည်စားလည်း မဖြစ်တော့ ဘူး ဆိုတော့ ဘာမှ ရှေ့ဆက်သွားလို့ မရဘူး။ မသိချင်ဟန် ဆောင်ရုံပေါ့။ မမြင်လိုက်ဖူး လို့ပဲ မှတ်ရမယ်။ သူ စိမ်းတွေပေါ့။
နောက်ဆုံးအနေနဲ့ ချမ်းချမ်းအိမ်ထောင်ဖက်အ နေနဲ့ ရွေးချယ်မယ့်ယောက်ျားက ဘယ်လိုလူ မျိုးလဲ။
အဲလိုဟာမျိုး ကျွန်မ သတ်မှတ် ထားတာ မရှိဘူးရှင့်။ ဘာသာတူမှ တို့ သားသမီးတွေ မွေးလာရင် ဘယ်လို ဖြစ်ရမယ် ဆိုတာတို့ အဲဒါမျိုး ကျွန်မ မှာ မရှိဘူး။ ဘယ်လို အသိုင်းအ၀ိုင်း ကြောင့်၊ ဘယ်လိုမျိုး ကြောင့် အဲဒါ လည်းမရှိပါဘူး။ အဓိကက ကျွန်မ ကိုချစ်ဖို့။ ကျွန်မကို မြတ်နိုးဖို့။ တန်ဖိုး ထားဖို့။ ဘ၀ကို သတ္တိရှိရှိ ရင်ဆိုင် နိုင်မယ့် ယောက်ျားမျိုးကို တွေ့မယ် ဆိုရင် ကျွန်မလက်ခံနိုင်မှာပါ။ အခု ကျွန်မ အဲလိုယောက်ျားမျိုး ကို ဆုံးရှုံး ပြီးသွားပြီ။ ဒီလိုမျိုး ပြန်ရဖို့ဆိုတာ လည်း အချိန် အရမ်းယူရမယ်။ ဘာ ဖြစ်လို့လဲ ဆိုတော့ သူကယောက်ျား ကောင်း အစစ်ဖြစ်ခဲ့တဲ့ အတွက် ကျွန်မ နှမြောတယ်။ ဒါပေမယ့်လည်း ကျွန်မ မတတ် နိုင်ဘူးလေ။
G-Star