ဝေဖန်တာတွေ စိတ်ထဲထည့်နေရင် အလုပ်ထိခိုက် နိုင်တယ်ဆိုတဲ့ ဝိုင်းဆုခိုင်သိန်း

အခုနောက်ပိုင်း ၀ိုင်းစုခိုင်သိန်း သီချင်းဆိုတဲ့ဘက်ကို ဦးစားပေး ထားတာလား။
အခုတလော သီချင်းဆိုတာတွေ လက်ခံပြီးသား ဖြစ်နေတဲ့ အတွက် သီချင်းဆိုတာ ကို ရက်ရွှေ့လို့ မရဘူးဖြစ်နေတယ်။ တကယ်လို့ ကားရိုက်တာ လက်ခံထား တယ်ဆိုရင် လည်း ကားရိုက်တာ ကိုဦးစားပေးပါတယ်။

အခုထွက်ပြီးတဲ့ ၀ိုင်းစုရဲ့အခွေနဲ့ ပတ်သက်ပြီး ပရိသတ်ဆီက အသံတွေ ဘာကြားရလဲ။
ဝိုင်းစု အခွေကို ပရိသတ်က ကြိုက်ကြပါတယ်။ တော်တော်များများ ကို အားပေး သံကြား ရပါတယ်။ တချို့ကလည်း ၀ိုင်းစုကို တစ်ခွေလုံးကောင်းတယ်။ တချို့ကတော့ ဘယ် အပုဒ်ကို ကြိုက်တယ် စသည်ဖြင့် ပေါ့လေ၊ တစ်ယောက်နဲ့ တစ်ယောက် မတူကြ ဘူးလေ။
နောက်ထပ်ကို ဘယ်လိုပုံစံတွေချပြဖို့ရှိလဲ။
ဝိုင်းစု စဉ်းစား ထားတာတွေရှိပါတယ်။ ၀ိုင်းစု ဆိုနေကျ မဟုတ်တဲ့ ပုံစံလေး တွေကို ပိုကြိုက်တယ်။ ပရိသတ် ကြိုက်တာလေး တွေလည်းဆိုမယ်။
ဝေဖန်၊ တိုက်ခိုက်မှုတွေကြုံတွေ့ရတဲ့အခါ ၀ိုင်းစု သဘောထားပြောပါဦး။
တိုက်ခိုက်တာတို့၊ ဝေဖန်တာတို့က ရှိနေမှာပဲလေ။ အဲဒါတွေ လိုက်ပြီး စိတ်ဆင်း ရဲ နေမယ်ဆိုရင် ကိုယ့်အလုပ် တွေထိခိုက်နိုင်တယ်။ တစ်နေ့ တစ်နေ့ အလုပ်တွေ လုပ်နေရ တယ်။ ကားတွေ ရိုက်ရတယ်။ အလုပ် ပင်ပန်းတာနဲ့ ဖိအား တွေများလာတဲ့ အပြင် ဒီဝေဖန် တိုက်ခိုက် တာတွေ စိတ်ထဲ ထားရင် အဆင် မပြေဘဲ အလုပ် ထိခိုက်နိုင် တယ်။ အဲဒါကြောင့် ၀ိုင်းစုက စိတ်ထဲ မထည့်ထား တော့ဘူး။
MMS
ဝေဖန်တာတွေ စိတ်ထဲထည့်နေရင် အလုပ်ထိခိုက် နိုင်တယ်ဆိုတဲ့ ဝိုင်းဆုခိုင်သိန်း ဝေဖန်တာတွေ စိတ်ထဲထည့်နေရင် အလုပ်ထိခိုက် နိုင်တယ်ဆိုတဲ့ ဝိုင်းဆုခိုင်သိန်း Reviewed by သစ်ထူးလွင် on 08:07 Rating: 5
Powered by Blogger.