မိုးဟေကို ရဲ့ အလှတရား လျှို့ဝှက်ချက်

June 6,2011
မိုးဟေကို ရဲ့ အလှတရား လျှို့ဝှက်ချက်ဒီနေ့ အနုပညာ ရေစီး ကြောင်းမှာ အောင်မြင်မှုတွေနဲ့ အတူ အလှအပ တွေ တစ်နေ့ တခြား တိုးလာတဲ့ “မိုးဟေကို”ကို တွေ့ရပါတယ်။ အလှတွေ တိုးလာတဲ့ မိုးဟေကိုရဲ့ အလှတရား လျှို့ဝှက်ချက် တွေကို ထုတ်ဖော် ကြည့်မိတော့…
“မိုးအမြင် ပြောရရင် မိန်းကလေး တစ်ယောက်ရဲ့ဘ၀မှာ အလှ တရားက ရာနှုန်းပြည့် တော့ အရေးပါမယ် မထင်ပါဘူး။ ရာခိုင်နှုန်း ၅၀ တော့ အရေးပါ မယ်
ထင်တယ်။ မိုး ကတော့ အလှပြင် ရတာ ၀ါသနာ ပါတယ်။ ပြီးတော့ မင်းသမီး လုပ်မှမဟုတ်ဘူး။ ငယ်ငယ် ကတည်း က အလှ အရမ်း ကြိုက်တာ။ ကိုယ်မလှ ရင်တောင် လှတဲ့ သူတွေကို ငေးကြည့် တတ်တယ်။ မိန်းမ တစ်ယောက် အတွက် လှပခြင်း ရယ်၊ ကျက်သရေ ရှိခြင်းရယ်၊ တင့်တယ် ခြင်းရယ် ပေါင်းမှ ပြည့်စုံမယ် ထင်ပါတယ်။ မိုး ကတော့ တည်ကြည်ပြီး လှတဲ့ အလှ ကို လိုချင် ပါတယ်။ ဒါပေမဲ့ သရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ အတွက် ကာရိုက်တာ မျိုးစုံ လုပ်ရတယ်။ ဇာတ်ရုပ်နဲ့ ပတ်သက် ရင်တော့ မလှဘူး ဆိုလည်း လုံးဝ မလှအောင် ဘဲ နေတယ်။ အဲဒီ အတွက်လည်း မစိုးရိမ် ပါဘူး။ မိုးရဲ့ မိတ်ကပ်ဆရာ က မိုးမလှ မှာစိုးလို့ စိုးရိမ်ပြီး မျက်တောင် ခိုးတင်တာ၊ နှုတ်ခမ်းနီ ခိုးဆိုး ပေးတာ ရှိတယ်။ အဲဒီ အခါ မိုးနဲ့သူ အမြဲ ရန်ဖြစ် ရတယ်။ အလှ တရား မှာ အဓိကက စိတ်ကြည် မှ ရုပ်ကြည် တာလေ။ အလှအပ က စိတ်ပေါ်ပဲ မူတည်ပါတယ်။ လူတိုင်း လူတိုင်း နံပါတ်တစ် ကတော့ စိတ် ချမ်းသာ အောင်နေရမယ်။ စိတ်ချမ်း သာမှ အလှအပ အတွက်လည်း စိတ်ပါ လက်ပါ ပြင်ဆင် နိုင်မယ် ထင်ပါတယ်”လို့ ဆိုသွား ခဲ့ပါတယ်။
မြင့်မြင့်စိုး
မိုးဟေကို ရဲ့ အလှတရား လျှို့ဝှက်ချက် မိုးဟေကို ရဲ့ အလှတရား လျှို့ဝှက်ချက် Reviewed by သစ်ထူးလွင် on 18:12 Rating: 5
Powered by Blogger.