ဘန်ကင်ဟန်နန်းတော်အနီး
ပန်းချီပြပွဲမှာ
ပြသထားတဲ့
စပ်အုန်းညွန့် ပန်းချီ
|
Sir
Gerald Kellyရဲ့လက်ရာ မင်းသမီး
စ၀်အုန်းညွန့်ပုံတူပန်းချီကား။
|
မသိင်္ဂီ
သီရိမင်းထွန်း ဘာသာပြန်သည်။
အတွဲ ၂၇ ၊ အမှတ် ၅၂၂ ( ၁၇-၂၃ ၊ ၆ ၊ ၂၀၁၁)
ခရီးဝေးလှတဲ့ မြန်မာ ပြည်ကို ပြန်လာခဲ့ပါတယ်။
အဲဒီပြည်တော်ပြန် မင်းသမီးလေးက ၁၉၄၅ ခုနှစ်မှာ ဆာဘွဲ့ ချီးမြှင့်ခြင်း ခံခဲ့ရတဲ့ ဗြိတိန်တော်ဝင် မိသားစုရဲ့ အသည်းစွဲပန်းချီဆရာ Sir Gerald Kelly ခြယ်မှုန်းခဲ့တဲ့ ထာဝရ နုပျိုလှပနေတဲ့ ရှမ်းမင်းသမီးလေး စ၀်အုန်း ညွန့်ရဲ့ ပုံတူပန်းချီကားချပ်လေး ပါပဲ။ ပန်းချီကားလေး မြန်မာပြည်ကို ပြန်ရောက်လာဖို့အတွက် အနုပညာကို ချစ်မြတ်နိုးပြီး တန်ဖိုးထားတဲ့ လုပ်ငန်းရှင် ဦးသက်ပိုင်စိုးဟာ လန်ဒန်မြို့၊ မေဖဲ ရပ်ကွက်မှာ ဖွင့်လှစ် ထားတဲ့ Maas ပန်းချီပြခန်းနဲ့ လပေါင်းများစွာ ဆွေးနွေး ခဲ့ရပါတယ်။ Maas ပြခန်းကို Rupert Maas ဆိုသူက ပိုင်ဆိုင်ပြီး သူဟာ ၀ိတိုရိယ ခေတ်ရေးဟန်၊ အီတလီပန်းချီကျော် ရေဖရယ်မတိုင်ခင်ခေတ်ရေးဟန်၊ ရိုမန်တစ်သဘာဝရေးဟန်နဲ့ မော်ဒန်ဗြိတိသျှရေးဟန်တွေကို အများဆုံး ရောင်းဝယ်ဖောက်ကားပြီး နိုင်ငံတကာ ပန်းချီအသိုင်းအ၀ိုင်းကြီးမှာ လူသိများပြီး လေးစားခံရတဲ့ ပုဂ္ဂိုလ်တစ်ဦးပါ။
အကျယ် ၃၈ လက်မနဲ့ အနံ ၃၁ ဒသမ ၇၅ လက်မရှိတဲ့ ပန်းချီကားရဲ့ အမည်က 'စ၀်အုန်းညွန့်(၅)'ဖြစ်ပြီး ၁၉၃၂ ခုနှစ်က ရေးဆွဲခဲ့တာလို့ နေ့စွဲနဲ့ ပန်းချီဆရာ လက်မှတ်ထိုးထားပါတယ်။
၂၀၀၃ ခုနှစ်မှာ Maas Gallery က ရရှိခဲ့ပြီး အဲဒီမတိုင်ခင်ကတော့ အမေရိကန်နိုင်ငံက ပုဂ္ဂလိကပန်းချီကားစု ဆောင်းသူတစ်ဦး ပိုင် ဆိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပိုင်ရှင်က ဒီပန်းချီကားကို ပြတိုက်ကိုငှားထားတဲ့အတွက် လူပေါင်း များစွာ ခံစားကြည့်ရှုခွင့်ရခဲ့ပါတယ်။
"နောက်ဆုံး သဘောတူညီမှုကို ဧပြီ လ ၂၉ ရက်နေ့ကျမှ ရခဲ့ပါတယ်။ ဒီလို ၀ယ်တယ်ဆိုတာကလည်း ကျွန်တော့မှာ ပိုက်ဆံတွေ အများကြီးရှိလို့တော့ မဟုတ်ပါဘူး။ ကျွန်တော်ကလေးဘ၀ကတည်းက ဒီပန်းချီကားပုံတူကို စာအုပ်တစ်အုပ်မှာ တွေ့ခဲ့ဖူးပြီး သူ့ရဲ့ မျက်နှာက ကျွန်တော့စိတ်ထဲမှာ စွဲနေပါတယ်။ ဒီပန်းချီကား ကျွန်တော့ဆီ ရောက်လာ တဲ့နေ့ကဆို တစ်ညလုံးထိုင်ပြီး ကြည့်ပြီး ရင်း ကြည့်နေမိတယ်။ ကျွန်တော့ရဲ့ အိပ်မက်တွေ အကောင်အထည်ဖော်ခွင့်ရပြီဆိုပြီးတော့အတိုင်းမသိကြည်နူးနေမိတယ်"လို့ ဦးသက် ပိုင်စိုးက ပြောပါတယ်။
မြင်သူတိုင်းရဲ့ရင်ကို ဘ၀င်ခိုက်စေ တဲ့ပန်းချီကားထဲက မင်းသမီးလေးဟာ အစိမ်းရောင်ကတ္တီပါခုံမှာ ဘေးတစ် စောင်းလေးထိုင်ကာ မျက်လုံးလေး ၀င့် ကြည့်နေတဲ့ဟန်လေးက သိပ်ကိုဣနြေ္ဒ ရှိလွန်းလှတယ်။ ပိုးပါးအဖြူရောင် အင်္ကျီနဲ့ ပန်းနုရောင်၊ အစိမ်းနုနဲ့ အ၀ါ ဖျော့ သုံးရောင်စပ်ထားတဲ့ အချိတ်ဆင်ပိုး ထဘီက သူ့ခေတ်သူ့အခါက လူကြိုက်များ ၀တ်ဆင်ကြတဲ့ နန်းတွင်းဝတ်စုံအဆင်အရောင် အသွေး ဖြစ်ပါတယ်။ ဘီးဆံထုံးကို သပ်သပ်ရပ်ရပ်နဲ့ ခပ် မြင့်မြင့်ထုံးထားကာ အောက်ခြေမှာ မြန်မာပြည်နေရာ တော်တော်များများ မှာ တွေ့မြင်နိုင်တဲ့ ဇီဇ၀ါပန်းတစ်ပွင့်ကို ပန်ဆင်ထားတယ်။ အဲဒီလို ဇီဇ၀ါပန်း လေးပန်ထားပုံကိုက ပန်းချီကားကို ဆွတ်ပျံ့ကြည်နူး စေပြီး ထိထိမိမိနဲ့ ကျက်သရေရှိပါတယ်။ ပန်းချီကားထဲ က မင်းသမီးရဲ့ တည်ငြိမ်အေးချမ်းတဲ့ အလှ၊ ဣနြေ္ဒကြီးတဲ့အမူအရာ၊ ရှက် ရွံ့ရွံ့ ဟန်ပန်လေးတွေကြောင့် မြင်သူတကာ က ဒဏ္ဍာရီလာ စိတ်ဝင်စားဖွယ်မင်းသမီး လေးအဖြစ်မြင်ကြပြီး အာရှရဲ့ မိုနာလီဆာလို့ တောင် ညွှန်းဆိုကြပါတယ်။
တကယ်လည်း မင်းသမီးစ၀်အုန်း ညွန့်ဟာ ပုံပြင်ထဲက မင်းသမီးလေးတွေ လို ထည်ဝါတဲ့ ရှမ်းစော်ဘွားမိသားစု က မွေးဖွားလာသူပါ။ အဘိုးဖြစ်သူ စ၀်ခွန်ဆိုင်မှာ ၁၈၆၆ ခုနှစ်ကနေ ၁၉၀၂ အထိ ဘုန်းတန်ခိုးထွားခဲ့တဲ့ သီပေါ စော်ဘွားတစ်ဦးဖြစ်ပြီး သူ့ရဲ့မဟာဒေ၀ီ က လည်း ကုန်းဘောင်မင်းဆက် တော်ဝင်မင်းသမီးတစ်ပါး ဖြစ်ပါတယ်။ အစ်မတော်နဲ့ လက်ဆက်ထားတဲ့ အစ်ကို ၀မ်းကွဲ စ၀်အုန်းကြာ ကလည်း ၁၉၂၈ ခုနှစ်ကနေ ၁၉၃၈ ခုနှစ်အထိ စော်ဘွား အရာဆက်ခံခဲ့ပြီး ၁၉၃၁ ခုနှစ် နိုဝင်ဘာ လ ၂၇ ရက်ကနေ ၁၉၃၂ ခုနှစ် ဇန်န၀ါရီ လ ၁၂ ရက်နေ့အထိ ကျင်းပတဲ့ လန်ဒန် မျက်နှာစုံညီ ညီလာခံကို စ၀်အုန်းကြာ နဲ့ အစ်မတော်တို့ တက်ရောက်ခဲ့တဲ့ အခါ မင်းသမီးလေးလည်း လိုက်ပါသွား ခဲ့ပါတယ်။
လန်ဒန်က ရာသီဥတုက သူ့ဇာတိ ရှမ်းကုန်းပြင်မြင့်ထက် ပိုအေးတာ ကြောင့်တစ်ကြောင်း သူတို့ဆုံခဲ့တဲ့ တရားဝင်ဧည့်ခံပွဲတစ်ခုမှာ မင်းသမီးလေးဟာ အရမ်းကို ငြီးငွေ့နေတယ်လို့ ပန်းချီဆရာကြီး ကယ်လီက ဆိုပါတယ်။ မင်းသမီးလေးတို့နဲ့မဆုံခင် ၁၀ နှစ်လောက် ကတည်းက မြန်မာနိုင်ငံကို ရောက်ဖူးခဲ့ပြီး မြန်မာနိုင်ငံနဲ့ ပြည်သူ ပြည်သားတွေရဲ့ အလှအပကို နှစ်သက် နေခဲ့သူ ကယ်လီဟာ ၁၉၃၁ ခုနှစ်မှာ အသက် ၅၂ နှစ် ရှိပြီဖြစ်ပါတယ်။ မြန်မာ့အလှကို လန်ဒန်မှာ မထင်မှတ် ဘဲ ပြန်တွေ့လိုက်ရတဲ့ ကယ်လီဟာ အဲဒီတစ်ကြိမ်မှာ တော့ ချစ်စရာကောင်းပြီး သိမ်မွေ့တဲ့ မင်းသမီးလေးရဲ့အလှကို တင်စားပြသချင်တာကြောင့် မင်းသမီး လေးကို ပုံတူပန်းချီဆွဲခံဖို့ ချက်ချင်းပဲ တောင်းဆိုလိုက်ပါတယ်။
အစ်ကိုဖြစ်သူ စ၀်အုန်းကြာရဲ့ ခွင့်ပြု ချက်ရတဲ့အခါ ကယ်လီဟာ မင်းသမီးရဲ့ ပုံတူ ငါးပုံရေးဆွဲခဲ့တဲ့အပြင် မင်းသမီးလေး မြန်မာပြည် ပြန်တဲ့အခါ ပုံတွေ ဆက်ဆွဲလို့ရနိုင်အောင် ဓာတ်ပုံတွေ လည်း ရိုက်ယူကာ ပုံကြမ်းတွေလည်း ဆွဲထားလိုက်ပါတယ်။ Sir Gerald ဟာ နှစ်ပေါင်း ၃၀ အတွင်းမှာ မင်းသမီး လေးရဲ့ပန်းချီကားပေါင်း ၂၀ လောက်ကို ရေးဆွဲခဲ့ပါတယ်။ အဲဒီကားတွေထဲမှ 'စ၀်အုန်းညွန့်(၆)'၊ 'မြန်မာ့ပုလဲနဲ့ 'မြန်မာ့ ပိုး' သုံးကားကို ပိုစတာထုတ်ရောင်းခဲ့ ရာမှာ အရေအတွက် ငါးသောင်းကျော် ရောင်းချခဲ့ရပါတယ်။
အဲဒီပိုစတာတွေကို ဆိုင်တွေမှာလက်ရှိလည်း ရောင်းချနေပြီး အင်တာနက်ကတစ်ဆင့်လည်း ၀ယ်ယူလို့ရပါတယ်။ မြန်မာပြည်ကို ပြန် လာပြီးတဲ့နောက် စ၀်အုန်းညွန့်ဟာ ၁၈၉၅ ကနေ ၁၉၃၅ ခုနှစ်အထိ အုပ်ချုပ်ခဲ့တဲ့ ကျိုင်းတုံ စော်ဘွား စ၀်ကွမ်ကိုဝ်အင်လန်းရဲ့သား စဝ်ခွန်မုန်းနဲ့ ၁၉၃၄ခုနှစ်မှာ လက်ဆက်ခဲ့ပါတယ်။ ၁၉၆၂ ခုနှစ်မှာ မင်းသမီးဆီ ကယ်လီရေးပို့ခဲ့တဲ့စာတစ်စောင်မှာ "မင်းကငါ့အတွက် ကံကောင်းခြင်းတွေ ယူလာပေးတဲ့သူပါပဲ။ ငါရေးထားသမျှ ပန်းချီကားတွေထဲက အကောင်းဆုံးနဲ့ ဂုဏ်အယူရဆုံးကားတွေထဲမှာ မင်း ပုံတူပန်းချီကားတွေပါတယ်" လို့ ဖော်ပြထားပါတယ်။
ဦးသက်ပိုင်စိုးကတော့ ကမ္ဘာအနှံ့မှာ ပြန့်ကျဲနေတဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ပန်းချီကားတွေနဲ့ မြန်မာပန်းချီဆရာ တွေရဲ့လက်ရာ တွေကို စုဆောင်းနိုင်ဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။ "ဒီအနုပညာပစ္စည်းတွေက မြန်မာ နိုင်ငံမှာပဲ ရှိသင့်တယ်။ နောက်နှစ်ခါကျ ရင် ကျွန်တော် အလုပ်ကအနားယူပြီး မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ အနုပညာ ပစ္စည်းတွေပဲပြမယ့် ပြတိုက်လေးတစ်ခု ကို ထူထောင်ချင်ပါ တယ်။ လက်ရှိစု ဆောင်းထားတဲ့ မြန်မာနိုင်ငံနဲ့သက်ဆိုင် တဲ့ အနုပညာပစ္စည်းတွေထဲမှာ Lt. Joseph Moore ၁၈၂၅ ခုနှစ်နဲ့ ၁၈၂၆ ခုနှစ်မှာ ရေးဆွဲခဲ့တဲ့ပန်းချီကား နှစ်တွဲကို ပုံထွင်းဆရာ T.Fielding က ပုံဖော်ထွင်းထုထားတဲ့ "Eighteen Views" ပထမတွဲလည်း ရှိပါတယ်။ Moore က ပထမအင်္ဂလိပ်-မြန်မာစစ်ပွဲ (၁၈၂၄) မတိုင်ခင် ဒါမှမဟုတ် စစ်တွင်း ကာလမှာ ရေးဆွဲထားတာပါ။ ဒီပန်းချီ ကားနှစ်တွဲကတစ်တွဲကို ဗြိတိန်တော်ဝင်မိသားစုကိုလက်ဆောင်ပေးထားတယ်လို့စာအုပ်တစ်အုပ်မှာဖတ်ဖူးတယ်။
"နောက်ကျွန်တော် အမြတ်တနိုး တန်ဖိုးထားရတဲ့ မြန်မာပန်းချီကား တစ်ချပ်ကတော့ ဆရာခြုံရဲ့ 'ပါတော်မူ' ပန်းချီကားပါ။ သီပေါမင်း ပါတော်မူသွားတဲ့ ကြေကွဲဖွယ်မြင်ကွင်းကို ခြယ်မှုန်းတင်ပြထားတဲ့ ပန်းချီကားတစ်ချပ် ပေါ့။ 'စ၀်အုန်းညွန့်' ပန်းချီကားလိုပဲ မြန်မာပြည် ကို ပြန်လည် ယူဆောင်လာ သင့်တဲ့ အနုပညာပစ္စည်းတွေ၊ ရှေး ဟောင်းပစ္စည်းတွေ အများကြီးပဲရှိပါ သေးတယ်"လို့ ဆိုပါတယ်။
ပြည်တော်ပြန်လာတဲ့ မင်းသမီးလေး စ၀်အုန်းညွန့်
Reviewed by သစ်ထူးလွင်
on
05:07
Rating: