ခနောက်စိမ်း သတ္တုသိုက်များ ကရင်ပြည်နယ်တွင် ရှာဖွေတွေ့ရှိ

Monday, 13 June 2011 13:17
AddThis Social Bookmark Button
6377
ပင်ရင်းခနောက်စိမ်း သတ္တုသိုက်နှစ်မျိုးကိုကွဲပြားစွာတွေ့မြင်ရပုံ
ပြည်ပပို့ကုန် တစ်ခုဖြစ်ပြီး တစ်တန်လျှင် ကျပ် ၃၈ သိန်းဝန်း ကျင်ဖြင့် တရုတ်နိုင်ငံသို့ အဓိကထား တင်ပို့နေရသည့် ခနောက်စိမ်းသတ္တု အားတန်ချိန်များစွာ ထုတ်ယူနိုင်သည့် ခနောက်စိမ်းသတ္တုသိုက်များကို ကရင်ပြည်နယ်တွင် ရှာဖွေတွေ့ရှိထားကြောင်း
အဆင့်မြင့် ဘူမိဗေဒနည်းပညာ သင်တန်းကျောင်း (Global 9 Education Centre ) မှ သိရှိရပါသည်။
ခနောက်စိမ်းသတ္တုသိုက်များ ရှာဖွေမှုကို Global 9 Education Centre ဘူမိဗေဒသင်တန်းကျောင်း မှ ဘူမိဗေဒပညာရှင် ပါမောက္ခအငြိမ်းစားဆရာကြီး  ဦးစိုးသိန်းဦးစီးသော ဘူမိဗေဒပညာရှင်များက ခနောက် စိမ်းသတ္တုကြောများနှင့် ပတ်သက်၍ အတွေ့အကြုံရှိသူ ဒေသခံများနှင့် ပူးပေါင်းကာ ၂၀၁၀ ပြည့်နှစ်က စတင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၁ ခုနှစ်ဧပြီလတွင် High Tech  Geology  နည်းပညာဖြင့် ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ခနောက်စိမ်း သတ္တုသိုက်များကို သမားရိုးကျနည်းဖြင့် ရှာဖွေခဲ့သည့် မှတ်တမ်းများအရ ဒုတိယကမ္ဘာစစ်အတွင်းက သတ္တုတန်ချိန် ၁၀၀၀ ကျော်ခန့်သာ မိုင်းရှုးနယ်မြေမှ ထုတ်ယူနိုင်ခဲ့ကြောင်း၊ လွတ်လပ် ရေးရရှိပြီးနောက်ပိုင်း မြန်မာ့ဓာတ်သတ္တု  ရှာဖွေရေးအဖွဲ့မှရှာဖွေခဲ့ရာတွင်လည်း ကယားပြည်နယ်တွင် ခနောက်စိမ်းသတ္တု အမြောက်အမြားတွေ့ရှိခဲ့ကြောင်း မှတ်တမ်းများအရ သိရှိရပါသည်။
“ကျွန်တော် ခနောက်စိမ်းသတ္တု သိုက်တွေNASA u Landset-7(ETM+) Digital Image Data တွေ ကိုအသုံးပြုပြီး အီဂျစ်၊ အီရန်နဲ့ အမေရိကန် နိုင်ငံတွေက High Tech  Geology နည်းပညာနဲ့ လေ့လာရှာဖွေခဲ့ တာပါ။ ရှာဖွေတဲ့အခါမှာ  ခနောက်စိမ်းသတ္တုသိုက်တွေကို အလွယ်တကူနဲ့ တိကျမှန်ကန်စွာ ရှာဖွေနိုင်ခဲ့ပါတယ်။ High Tech  Geology  နည်းပညာနဲ့ ခနောက်စိမ်းသတ္တုကြောသစ်ကို ကွင်းဆင်းစစ်ဆေးတဲ့အခါမှာ ကဒိုက်ရွာ က ခနောက်စိမ်းတူးဖော်မှု လုပ်သက် ၂၈ နှစ်ရှိထားသူ ဦးခင်မောင်ရဲ့အတွေ့အကြုံနဲ့ ဖလှယ်ပြီး ရှာဖွေတဲ့အခါမှာ ခနောက်စိမ်း သတ္တုပမာဏ များများ ရှိတဲ့နေရာတွေမှာ ခနောက်စိမ်း သတ္တုသိုက်နှစ်မျိုးရှိတယ် ဆိုတာနဲ့ သတ္တုသိုက်ရဲ့ ပမာဏအနည်းအများကိုပါ ဖော်ထုတ်နိုင်ခဲ့ပါတယ်” ဟု ဘူမိဗေဒပညာရှင် ပါမောက္ခအငြိမ်း စားဆရာကြီးဦးစိုးသိန်းက ပြောကြားခဲ့ပါသည်။
ပင်ရင်း ခနောက်စိမ်းသတ္တုသိုက်နှစ်မျိုးမှာ မီးသင့်ကျောက်များ အနီးရှိ High Tech နည်းဖြင့် အ၀ါရောင်မြင်ရသော (ဒေသခံများ အခေါ် Star ပုံစံ) ခနောက်စိမ်းကြောနှင့် High Tech  နည်းဖြင့် အပြာရောင်အဆင်းရှိသော သတ္တုသိုက်တို့ဖြစ်သည်။ ယင်းနှစ်မျိုးအနက်  အပြာရောင် သတ္တုသိုက်တွင် ခနောက်စိမ်း တန်ချိန်များစွာ စုစည်းနေသည် ဟု သိရသည်။
“သုတေသန ပြုရှာဖွေတဲ့အခါမှာ တွေ့ရှိရတဲ့ ခနောက်စိမ်းသတ္တု သိုက်နှစ်မျိုးမှာ မီးသင့်ကျောက်အနီး မှာရှိတဲ့မွန်ဒေသခံတွေအခေါ် ကြယ်ပုံစံ High Tech နည်းနဲ့(အပါရောင်) ရှိတဲ့နေရာမှာ ခနောက်စိမ်းတူးဖော် သူအနေနဲ့ အရှုံးနဲ့ရင်ဆိုင်ရနိုင်ပါတယ်။ တူးဖော်လိုသူတွေအနေနဲ့  အပြာရောင်သတ္တုသိုက်မှာ တူးဖော်ရမှာပါ။ အဲဒီနေရာမှာခနောက်စိမ်း တန်ချိန်များစွာရှိနေပါတယ်”ဟု ခနောက်စိမ်း သတ္တုရှာဖွေသူများ သတိပြုရမည့် အချက်များအပေါ် ဦးစိုးသိန်းက ရှင်းပြခဲ့ပါသည်။
ခနောက်စိမ်းသတ္တုကို ယခင်က လက်နက်များပြုလုပ်ရာတွင် အသုံးပြုခဲ့သော်လည်း ယခုနောက်ပိုင်း တွင် လေယာဉ်အင်ဂျင် အစိတ်အပိုင်းများပြုလုပ်ရာ၌ တွင်ကျယ်စွာ အသုံးပြုကြောင်းသိရသည်။ ထို့ကြောင့် ခနောက်စိမ်းသတ္တုသည် မြန်မာနိုင်ငံမှ ပို့ကုန်အဖြစ် ပြည်ပနိုင်ငံများသို့ တင်ပို့မှုရှိနေပြီး မြန်မာနိုင်ငံ မှတင်ပို့ရောင်းချသည့် ခနောက်စိမ်း သတ္တုများအနက် ရာခိုင်နှုန်းအများစု ကို တရုတ်နိုင်ငံမှ အဓိက၀င်ယူနေကြောင်း အဆိုပါ အသိုင်းအ၀န်းမှ သတင်းရရှိပါသည်။
ခနောက်စိမ်း သတ္တုသိုက်များ ကရင်ပြည်နယ်တွင် ရှာဖွေတွေ့ရှိ ခနောက်စိမ်း သတ္တုသိုက်များ ကရင်ပြည်နယ်တွင် ရှာဖွေတွေ့ရှိ Reviewed by သစ်ထူးလွင် on 18:19 Rating: 5
Powered by Blogger.