မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် မွေးနေ့ ပွဲ စည်းကားစွာကျင်းပမည်

June 8,2011
မြန်မာနိုင်ငံအမျိုးသမီးများနေ့ 
         ၆၆ နှစ်မြောက် 
ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ 
         ၁၉-၆-၂၀၁၁

၂၀၁၁-ခုနှစ် ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ မွေးနေ့ ပွဲ (မြန်မာနိုင်ငံ အမျိုးသမီးများနေ့ )ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဌာနချုပ်ရုံးတွင် အထူးစည်းကားစွာ ကျင်းပသွားရန်စီစဉ်ထားသည်။

၂၀၁၁-ခုနှစ် ဇွန်လ ၁၀ ရက်မှစတင်၍ ဂီတပွဲ၊ ဈေးရောင်းပွဲတော်၊ ပညာသင်ထောက်ပံ့ ကြေးပေးအပ်ပွဲ စသည်ဖြင့် နေ့စဉ်ရက်ဆက် ကျင်းပသွားမည်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် ၏ မွေးနေ့ ပွဲကို တိုင်းရင်းသား ပြည်သူအားလုံး ပါဝင်ဆင်နွဲနိုင်ကြပါသည်။

အထက်ပါ ဒေါ်အောင်ဆန်းစုကြည် ဓါတ်ပုံအား (၆၆) နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ (မြန်မာနိုင်ငံအမျိုးသမီးများနေ့ ) အခမ်းအနားများ ကျင်းပရာတွင် ကမ္ဘာတ၀ှမ်းလုံးရှိ မြန်မာ့ဒီမိုကရေစီအင်းအားစုများ တညီတညွတ်တည်းသုံးစွဲနိုင်ရန် ဖြန့်ဝေပေးခြင်း ဖြစ်ပါသည်။ တညီတညွတ်တည်း သုံးစွဲကြရန် မေတ္တာရပ်ခံပါသည်။

ပြန်ကြားရေး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် မွေးနေ့ ပွဲ စည်းကားစွာကျင်းပမည် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် မွေးနေ့ ပွဲ  စည်းကားစွာကျင်းပမည် Reviewed by သစ်ထူးလွင် on 08:55 Rating: 5
Powered by Blogger.