ဖြတ်လမ်းက အောင်မြင်ဖို့ မရှိဘူး ဆိုတဲ့ ဖွေးဖွေး

June 6,2011
ဖြတ်လမ်းက အောင်မြင်ဖို့ မရှိဘူး ဆိုတဲ့ ဖွေးဖွေးဒီနေ့ ကာလဟာ အနုပညာ မျိုးဆက်သစ် သရုပ်ဆောင်သစ်တွေ အများအပြားပေါ်ထွက်တဲ့ ကာလ တစ်ခုလို့ ဆိုရမှာပဲဖြစ်ပါတယ်။ အချို့ မျိုးဆက်သစ် တွေက အနုပညာ ၀မ်းစာပြည့်ဝ သလို ကြိုးစားလို စိတ် အပြင်းအထန် ထက်သန်သူ တွေကိုလည်း တွေ့ရပါတယ်။ မိမိ အနုပညာရှင်သန် ရပ်တည်ဖို့ အတွက် အပြင်း အထန်ကြိုးစား သွားရင် နေရာ
တစ်နေရာမှ မှတ်တိုင် တစ်ခု၊ ပရိသတ်ရဲ့ အားပေးတဲ့လက်ခုပ်သံ၊ ချစ်ခြင်း မေတ္တာ စတဲ့ပရိသတ် ရဲ့ ပဲ့တင်သံ အားပေးသံ တွေကိုရရှိဖို့ အပြင်းအထန် ကြိုးစားနေတဲ့မျိုးဆက်သစ် သရုပ်ဆောင် တွေထဲမှာ ဖွေးဖွေး ဆိုတဲ့မျိုးဆက်သစ် သရုပ်ဆောင် တစ်ယောက် လည်း ပေါ်ထွက် လာခဲ့ပြီ ဖြစ်ပါတယ်။
အောင်မြင်တဲ့သရုပ်ဆောင် တွေကို မွေးထုတ်ခဲ့တဲ့ ဒါရိုက်တာ မောင်မျိုးမင်းရဲ့ သွန်သင်ပြသ ရိုက်ကူးမှု တွေနဲ့အတူ သူမ ပါဝင် သရုပ်ဆောင် ထားတဲ့ဇာတ်ကား တွေကိုလည်း မြင်တွေ့ ခွင့်ရပြီးဖြစ်ပါတယ်။ တစ်နေ့ သရုပ်ဆောင် မော်ဒယ် ဖွေးဖွေးနဲ့ တွေ့ပြီး လက်တလော အနုပညာလှုပ်ရှားမှု နဲ့ပတ်သက်ပြီး မေးဖြစ်တဲ့ အခါမှာတော့ . . .
“အရင် ကတော့ သူငယ်ချင်း တွေနဲ့ သီချင်းတွေကို အားစိုက်ပြီးလုပ်ဖို့ စိတ်ကူး လိုက်သေးတယ်။ အခုတော့ ဇာတ်ကား တွေနဲ့ အလုပ်များ နေလို့ ဂီတ ဘက်ကို မလှည့်ဖြစ် သလောက် ဖြစ်သွားပြီလို့ ပြော ပါတယ်။ ဖွေးဖွေးက အနုပညာ ခရီးလမ်းမှာ ရိုးရိုးသားသား ကြိုးစား လို့ရရှိတဲ့အောင်မြင်မှု ကိုပဲ မက်မော ကြောင်း၊ မြတ်နိုး ကြောင်း၊ လူစိတ်ဝင်စား အောင် တမင် ကိုယ်တိုင် ကြော်ငြာ လုပ်ပြီး ဖြတ်လမ်း က အောင်မြင်မှု မျိုး ရယူဖို့ စိတ်ကူး လုံးဝ မရှိကြောင်း ပရိသတ်ရဲ့ ချစ်ခြင်း မေတ္တာနဲ့ ပရိသတ်ရဲ့ အားပေးတဲ့လက်ခုပ်သံ တွေကို မိမိ အနုပညာ ပြေးလမ်းမှာ အားအင် တွေ အဖြစ် ပြောင်းကာ အောင်မြင် တဲ့သရုပ်ဆောင် အနုပညာ ရှင် တစ်ယောက် ဖြစ်ဖို့ကြိုးစား နေဆဲ ဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။
မြင့်မြင့်စိုး
ဖြတ်လမ်းက အောင်မြင်ဖို့ မရှိဘူး ဆိုတဲ့ ဖွေးဖွေး ဖြတ်လမ်းက အောင်မြင်ဖို့ မရှိဘူး ဆိုတဲ့ ဖွေးဖွေး Reviewed by သစ်ထူးလွင် on 18:09 Rating: 5
Powered by Blogger.