အခြေခံပညာကျောင်း အများစုတွင် ကျောင်းအပ်လက်ခံနေပြီး စေတနာအလျောက် လှူဒါန်းခြင်းမှလွဲ၍ မည်သည့်အလှူငွေမှ ကောက်ခံခြင်းပြုမည် မဟုတ်ကြောင်းဆို

Wednesday, 25 May 2011 14:23 
အခြေခံပညာကျောင်း အများစုတွင် ကျောင်းသားဟောင်းများ ကျောင်းအပ်လက်ခံခြင်းကို မေလဆန်းမှ စတင်ကာပြုလုပ်ခဲ့ကြပြီး ကျောင်းသားသစ်များ လက်ခံခြင်း ကိုမူ မေလ၏ သီတင်းနောက်ဆုံးပတ် ဖြစ်သည့် ၂၅ ရက်မှ ၃၁ ရက် နေ့အတွင်း လက်ခံသွားမည်ဖြစ်သည်ဟု အခြေခံပညာကျောင်း များမှ စုံစမ်းသိရှိရပါသည်။
မေလ ၂၁ ရက်နေ့နံနက်က အထက(၁)ဒဂုံ၌ ကျောင်းသားဟောင်းများ ကျောင်းအပ်လက်ခံမှု မြင်ကွင်း
မေလ ၁၇ ရက်နေ့ကပြုလုပ်ခဲ့သည့် သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲအခမ်းအနားတွင် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင် ပညာရေး ၀န်ကြီးဖြစ်သူ ဦးဥာဏ်ထွန်းဦး၏ ၂၀၁၁-၂၀၁၂ ပညာသင်နှစ်တွင် ကျရောက်တော့မည့် ကျောင်းအပ်နှံရေး သီတင်းပတ်၌ ရန်ပုံငွေ၊ အလှူငွေ များ ကောက်ခံခြင်း မပြုလုပ်ရန် ညွှန်ကြားထားပါသည်။ ညွှန်ကြားထားခဲ့သည့်အတိုင်း မည်သည့်ငွေကြေး တစ်စုံတစ်ရာမျှ ကောက်ခံခြင်းပြုမည် မဟုတ်ကြောင်းနှင့် မည်သည့် ပစ္စည်းကိုမျှ မယူမနေရရောင်းချခြင်း ပြုလုပ်သွားမည် မဟုတ်ကြောင်း ဒဂုံမြို့နယ် အမှတ် (၁)အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဒေါက်တာအောင်ကိုကိုက ဆိုပါ သည်။
“အောင်ချက်ကောင်းပြီး နာမည်ရကျောင်းကြီးတွေမှာ ရှိတတ်တဲ့ ပြဿနာက ကျောင်းတွေဝင်ခွင့်ရဖို့ ကြားခံပုဂ္ဂိုလ်တွေကနေ တစ်ဆင့် ကျောင်းအပ်လက်ခံတာမျိုးတွေ မပြုလုပ်ကြဖို့ပါ။ ကျောင်းမှာသိချင်တာ ရှိလို့ပဲဖြစ်ဖြစ်၊ ကျောင်းဝင်ခွင့်ရဖို့ပဲ ဖြစ်ဖြစ်ဖုန်းဆက်ပါ၊ မေးမြန်းပါ။ ကျောင်းသားရွေးချယ်ရေး မူဝါဒနဲ့ ကိုက်ညီရင် မည်သူ့ကိုမဆို ၀င်ခွင့် ပြုသွားမှာပါ။ ပြီးတော့ ကျောင်း သား မိဘတွေအနေနဲ့ စေတနာရှိ လို့ တစ်ကျပ်ကနေစပြီး တစ်သိန်းထိပဲဖြစ်ဖြစ်၊ တံမြက်စည်းတစ်ချောင်းပဲဖြစ်ဖြစ် လှူဒါန်းခဲ့မယ် ဆိုရင် အလှူရှင်စာရင်းကို မှတ်တမ်း ပြုလုပ်မှာပါ”ဟု ၎င်းကဆက်လက် ပြောပြခဲ့ပါသည်။
မေလ ၂၅ ရက်မှ ၃၁ ရက် ကြား၌ သူငယ်တန်း တက်ရောက်မည့်သူများ၊ ခွဲတမ်းဖြင့် ရောက်ရှိ လာသူများ၊ ကျောင်းပြောင်းများ လက်ခံသွားမည်ဖြစ်သည်။
ထိုအချိန်၌ ကြားခံပုဂ္ဂိုလ်များအား ငွေကြေးတစ်စုံတစ်ရာ ပေးထားပြီး ကျောင်းအပ်လက်ခံရန် မပြုလုပ်ကြရေးနှင့် မူဝါဒနှင့် ကိုက်ညီမှုမရှိလျှင် ၀င်ခွင့်ပြုမည်မဟုတ်ကြောင်း မေလ ၁၆ ရက်နေ့က ပညာရေးဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးပွဲတွင် ပါဝင်ခဲ့သော အခြေခံ ပညာကျောင်းများထဲမှ ကျောင်းအုပ်ကြီးတစ်ဦးက ဆိုသည်။
အခြေခံပညာ အထက်တန်းကျောင်းများ၌လည်း မူလတန်းပညာ အဆင့်ကျောင်းသားများအား ပြဋ္ဌာန်း စာအုပ်အခမဲ့ ဖြန့်ဝေခြင်းများ ပြုလုပ်မှုများရှိခဲ့ကြသည်ဟု အလုံမြို့နယ်၌နေထိုင်သူ အထက်တန်းပြ ဆရာမတစ်ဦးက ပြောပြခဲ့ပါသည်။
Eleven

အခြေခံပညာကျောင်း အများစုတွင် ကျောင်းအပ်လက်ခံနေပြီး စေတနာအလျောက် လှူဒါန်းခြင်းမှလွဲ၍ မည်သည့်အလှူငွေမှ ကောက်ခံခြင်းပြုမည် မဟုတ်ကြောင်းဆို အခြေခံပညာကျောင်း အများစုတွင် ကျောင်းအပ်လက်ခံနေပြီး စေတနာအလျောက် လှူဒါန်းခြင်းမှလွဲ၍ မည်သည့်အလှူငွေမှ ကောက်ခံခြင်းပြုမည် မဟုတ်ကြောင်းဆို Reviewed by သစ်ထူးလွင် on 18:10 Rating: 5

No comments:

Powered by Blogger.