ဒေါ်စုလှုပ်ရှားမှု စောင့်ကြည့်ရမည်ဟု သျှမ်းမြောက် ရောက် ကြံ့ဖွံ့ထိပ်သီး ဦးအောင်သောင်းပြော

ကြံ့ ဖွံ့ အတွင်းရေးမှူးဦးအောင်သောင်း

Thursday, 05 May 2011 18:57 သျှမ်းသံတော်ဆင့်


ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်မှ လွတ်ပေးပြီးနောက်ပိုင်း ဒေါ်စုလှုပ်ရှားမှုမှာ ကြံ့ဖွံ့ အစိုးရသစ် အဖို့ ထိခိုက် နစ်နာစေမှုမရှိသေးသော် လည်း သူမအား ဆက်လက်စောင့်ကြည့်ရဦးမည် ဖြစ်ကြောင်း လားရှိုး ရောက် ကြံ့ဖွံ့ပါတီအတွင်းရေး မှူး ဦးအောင်သောင်း က ပြောခဲ့သည်ဟုသိရသည်။

“မနေ့က လားရှိုးမှာ မြို့နယ်ကြံ့ဖွံ့အီးစီအစည်းအဝေးလုပ်တယ်။ ဒီနေ့ နမ့်ခမ်း ဖက်တက်သွားတယ်။ မနက်ဖြန် မူစယ် မှာ ကြံ့ဖွံ့မြို့နယ်အီးစီအစည်းအဝေးလုပ်မယ်လို့ သိရတယ်။ အနိုင်မရတဲ့ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ် တွေကို အားပေး စကားပြောတယ်။ ဒေါ် အောင်ဆန်းစုကြည် လှုပ်ရှားမှုက သူတို့အတွက် နစ်နာစရာမရှိဘူး။ရှေ့လျှောက် တော့ စောင့် ကြည့် သွားဖို့လိုတယ်တဲ့၊နောက်ပြီးလာမယ့်ရွေးကောက် ပွဲမှာ အပြတ်အနိုင်ရဖို့ အစွမ်းကုန်ပြင်ဆင် ထားရမယ်လို့ ပြောသွားတယ်” ဟု သျှမ်းပြည် မြောက်ပိုင်း ကြံ့ဖွံ့ပါတီဝင် တဦး ကပြောသည်။
ကြံ့ဖွံ့ပါတီအတွင်းရေးမှူး ဦးအောင်သောင်း၊  (ယခင်မြောက်ပိုင်းတိုင်း တိုင်းမှူး) ဗိုလ်ချုပ် မောင်မောင်ဆွေ တို့ ဦးဆောင် သည့်အဖွဲ့ မေ ၄ ရက်မှ စ၍ သျှမ်းပြည်မြောက်ပိုင်းမြို့နယ်နယ်အသီးသီး ရှိ ကြံ့ဖွံ့ပါတီ ဝင်များနှင့် တွေ့ဆုံမည်  ဖြစ် ကြောင်း၊ လာမည့်ရွေးကောက်ပွဲတွင် ကြံ့ဖွံ့ပါတီ အပြတ် အသတ်အနိုင်ရရေးသေချာစေရန် ဒေါင့်စေ့စီစဉ်ထားရ မည်ဖြစ်ကြောင်း၊ လားရှိုးအစည်းအဝေး၌လမ်းညွှန် ခဲ့သည်ဟု ကြံ့ဖွံ့ပါတီဝင်တဦးကပြောသည်။
လားရှိုးမြို့နယ် ကြံ့ဖွံ့အီးစီအစည်းအဝေးတွင် ဦးအောင်သောင်းက- လမ်းပြမြေပုံ ၇ ချက် အတိုင်းတပ်မတော် အစိုးရ က အစိုးရသစ်အားတရားဝင်အာဏာလွဲပြောင်းပေးပြီးဖြစ်သဖြင့် အာဏာ ၃ ရပ်မှာမိမိတို့ပြည်ခိုင်ဖြိုး ပါတီ လက်ထဲ တွင်ရှိနေပြီဖြစ်ကြောင်း၊   နောက် ၅ နှစ်တွင်ထပ်မံကျင်းပမည့် ရွေးကောက် ပွဲ  အနိုင်ရရေး အတွက် ယခု က တည်းက အသေအချာပြင်ဆင်ထားပြီးဖြစ်သဖြင့် ရွေးကောက် ပွဲမှ အနိုင်မရခဲ့သည့် ကြံ့ဖွံ့ ပါတီဝင်များ စိတ်ဓါတ်ကျဖို့ မလို ကြောင်း၊အားပေးပြောဆိုခဲ့ သည်ဟု အစည်းအဝေးပွဲတက်ရောက်ခဲ့သူတဦးက သျှမ်းသံတော် ဆင့် သို့ပြောပြသည်။
“ ရွေးကောက်ပွဲမကျင်းပဘဲ တပ်မတော်ကနေ ပြည်ခိုင်ဖြိုးပါတီကို ဘလိုင်းကြီး အာဏာလွဲပေးရင်အမြင်မကောင်း ဘူးလေ။ ဒါကြောင့်  ရွေးကောက်ပွဲလေး ကျင်းပပေးလိုက်ရတာ  လို့တောင် ဦးအောင်သောင်းက ပြောတယ်။ ဆိုတော့ စစ်အုပ်စုနဲ့ ကြံ့ဖွံ့နဲ့က နှစ်ကိုယ်ခွဲဆိုတာ ပိုသေချာသွားတာပေါ့” ဟုゞင်းနှင့်အမျိုးတော်စပ်သူတဦးက လည်း ပြော သည်။
ထို့အပြင် လာမည့် ရွေးကောက်ပွဲအတွက်လည်း စည်းရုံးရေးလုပ်နေပြီဖြစ်ကြောင်း၊ ゞင်းတို့အား ယှဉ်ပြိုင် နိုင်မည့် ပါတီအပေါ်း အနိုင်ရရေးအတွက်လည်း ပြင်ဆင်ထားပြီးဖြစ်ကြောင်း၊ ထို့ကြောင့် ပါတီဝင်များအား ယခုကဲ့သို့လာ ရောက် အားပေးရ ခြင်းဖြစ်ကြောင်း ပြောသွားသေးသည်ဟုလည်း သိရ၏။
 ဦးအောင်သောင်း အတွင်းရေးမှူးအဖွဲ့က မူဆယ် နမ့်ခမ်းကြံ့ဖွံ့အစည်းအဝေးအပြီး အပြန်ခရီး၌သီပေါ၊ ကျောက်မဲ၊ နောင်ချို မြို့နယ်များတွင်လည်း မြို့နယ်အီးစီအစည်းအဝေးလုပ်သွားရန်ရှိကြောင်းသိရသည်ဟု ゞင်းကပြော ပြပါ သည်။
ဒေါ်စုလှုပ်ရှားမှု စောင့်ကြည့်ရမည်ဟု သျှမ်းမြောက် ရောက် ကြံ့ဖွံ့ထိပ်သီး ဦးအောင်သောင်းပြော ဒေါ်စုလှုပ်ရှားမှု စောင့်ကြည့်ရမည်ဟု သျှမ်းမြောက် ရောက် ကြံ့ဖွံ့ထိပ်သီး ဦးအောင်သောင်းပြော Reviewed by သစ်ထူးလွင် on 06:01 Rating: 5

No comments:

Powered by Blogger.