ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ကို ၁၇ ဦးဖြင့် ပြန်လည် ဖွဲ့စည်းထား
Monday, 23 May 2011 14:15 ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ကို ၁၇ ဦးဖြင့် ပြန်လည် ဖွဲ့စည်းထားကြောင်း သိရှိရပါသည်။
အသစ်ဖွဲ့စည်းလိုက်သော ဗဟိုအလုပ်အမှုဆောင် အဖွဲ့တွင် ပါဝင်သူ များမှာ သူရဦးရွှေမန်း (ဒုတိယ ဥက္ကဋ္ဌ)၊ ဦးဌေးဦး (အထွေထွေ အတွင်းရေးမှူး)၊ ဦးသောင်း(အတွင်း ရေးမှူး)၊ ဦးတင်ထွတ် (အတွင်းရေး မှူး)၊ ဦးအောင်သောင်း (အတွင်း ရေးမှူး)၊ ဦးသိန်းဇော် (အတွင်းရေး မှူး)၊ ဦးစိုးသာ (ဗဟိုအလုပ်အမှု ဆောင်)၊
ဦးမောင်မောင်သိမ်း (ဗဟို အလုပ်အမှုဆောင်)၊ သူရဦးအေးမြင့် (ဗဟိုအလုပ်အမှုဆောင်)၊ ဦးသိန်း ဆွေ (ဗဟိုအလုပ်အမှုဆောင်)၊ ဒေါက်တာချမ်းငြိမ်း (ဗဟိုအလုပ်အ မှုဆောင်)၊ ဦးအောင်သိန်းလင်း (ဗဟို အလုပ်အမှုဆောင်)၊ သူရဦးအောင်ကို (ဗဟိုအလုပ်အမှုဆောင်)၊ ဦးမောင်ပါ (ဗဟိုအလုပ်အမှုဆောင်)၊ ဦးစိုးနိုင် (ဗဟိုအလုပ်အမှုဆောင်)၊ ဦးမောင်ဦး (ဗဟိုအလုပ်အမှုဆောင်)၊ ဦးမောင်ရှိန် (ဗဟိုအလုပ်အမှုဆောင်) တို့ ဖြစ်ကြကြောင်း သိရသည်။
ယင်းအနက် ဦးစိုးနိုင်၊ ဦးမောင်ဦးနှင့် ဦးမောင်ရှိန်တို့မှာ ဗဟိုအလုပ် အမှုဆောင်အသစ်များ ဖြစ်ကြသည်။
ယခင် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ကို ၂၇ ဦးဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ယင်းအနက် အချို့မှာ အသစ်ဖွဲ့စည်းလိုက်သော ပြည်ထောင်စု အစိုးရအဖွဲ့တွင် ပါဝင်သွား၍ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်း ချက်အရ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း မပြုနိုင်တော့ပေ။
“ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံရေးပါတီ တစ်ခုခု၏ အဖွဲ့ဝင်ဖြစ်လျှင် ပြည်ထောင်စုဝန်ကြီး အဖြစ် ခန့်အပ်တာဝန်ပေးခြင်း ခံရသည့်နေ့မှ စ၍ မိမိရာထူး သက်တမ်းအတွင်း ယင်းပါတီအဖွဲ့အစည်း၏ ပါတီလုပ် ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း မပြုရ”ဟု ၂၀၀၈ ခုနှစ် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၃၂၅ နယ်အနက် ၂၅၉ နယ်၌ လည်းကောင်း၊ အမျိုး သားလွှတ်တော်မဲဆန္ဒနယ် ၁၆၈ နယ် အနက် ၁၂၉ နယ်၌ လည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ် မဲဆန္ဒနယ် ၆၆၁ နယ်အနက် ၄၉၄ နယ်၌ လည်းကောင်း အနိုင်ရရှိခဲ့ပြီး စုစုပေါင်းလွှတ်တော် ကိုယ်စားလှယ် ၁၁၅၄ နေရာ အနက်၈၈၂နေရာ၌ အနိုင်ရရှိခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ဖူးသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၀၀၀ ကျော် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ယင်းပမာဏသည် ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ် ပြိုင်သည့် နိုင်ငံရေးပါတီများမှ လွှတ်တော် ကိုယ်စားလှယ်လောင်းများ အနက် အများဆုံးဖြစ်သည်။
Eleven

Reviewed by သစ်ထူးလွင်
on
18:03
Rating:
No comments:
Post a Comment