အင်းတော်-ကျောင်းကုန်း လမ်းပိုင်းအား အကန့်အသတ်မရှိ ယာယီပိတ်မည်ဟု Indaw Revolution အရေးပေါ် ထုတ်ပြန်


စစ်ကိုင်း၊ သြဂုတ် ၂၀ 

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်အတွင်း တိုက်ပွဲများ ပြင်းထန်နေသည့်အတွက် ယနေ့ (သြဂုတ်လ ၂၀ ရက်) ညပိုင်းမှစတင်ကာ အင်းတော်-ကျောင်းကုန်း လမ်းပိုင်းအား ရက်အကန့်အသတ်မရှိ ယာယီပိတ်မည်ဖြစ်ကြောင်း Indaw Revolution-IR အဖွဲ့က သတင်းထုတ်ပြန်သည်။

ထို့ကြောင့် ကုန်တင်ကားများ၊ ခရီးသည်ကားများ၊ သုံးဘီးနှင့် မည်သည့်ကားများမဆို လုံးဝဖြတ်သန်းသွားလာခြင်း မပြုလုပ်ကြပါရန် ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဆိုသည်။

“ဗန်းမောက်လမ်းလည်း ကျွန်တော်တို့မဖွင့်သေးပါဘူးဗျ လမ်းဖွင့်တဲ့အချိန် ပြန်လည်ကြေညာပေးပါ့မယ်။ အင်တာ နက်လိုင်းရတဲ့သူများ ဖုန်းနဲ့သော်လည်း ကောင်း သင့်ရာနည်းနဲ့လည်းကောင်း အချင်းချင်းသတိပေးပေးကြပါခင်ဗျ” ဟု Indaw Revolution-IR အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက လူငယ့်ခေတ်သို့ပြော သည်။ 

အင်းတော်-ဗန်းမောက်ကားလမ်းအား သြဂုတ်လ ၁၆ရက်နေ့ နေ့လယ် ၁၁ နာရီမှစ၍ ကား၊ဆိုင်ကယ်၊သုံးဘီးစသည့် မည်သည့်ယာဥ်မှ ဖြတ်သန်းသွားလာချင်းမပြုလုပ်ကြပါရန် ဒေသကာကွယ်ရေးတပ်ဖွဲ့များက မေတ္တာရပ်ခံထားပြီး ဖြစ် သည်။ 

ယင်းကဲ့သို့ သတိပေးချက်များ ထုတ်ပြန်ထားသော်လည်း မလိုက်နာဘဲ တိုက်ပွဲဖြစ်ပွားနေသည့်နေရာများသို့ ရောက်ရှိလာသဖြင့် အသက်ဆုံးရှုံးရသည့် ခရီး သွားပြည်သူများလည်းရှိခဲ့ကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည် ။

“ဒီကနေ့ စစ်တပ်က ကားကိုတားပြီး ချောဆွဲမလို့လုပ်တာ အဲ့တာကားကမရပ်လို့ ပစ်တာ ကားဆရားတစ်ဦး လက် မောင်းထိမှန်တာပါ၊ အသက်ဘေးကလွတ် မြောက်သွားပါတယ်”ဟု Indaw Revolution-IR အဖွဲ့မှ အထက်ပါ တာဝန်ရှိသူက ထပ်မံပြောသည်။

ထို့ကြောင့် ခရီးသွားပြည်သူများ အန္တရယ်ကင်းစေရန်နှင့် တော်လှန်ရေးရဲဘော်များအတွက် အတားအဆီးမဖြစ် စေရန် ပြည်သူများ စည်းကမ်းချက်များကို လိုက်နာပေးကြရန်နှင့် လက်ရှိအချိန်တွင် တိုက်ပွဲများဖြစ်ပွားနေပြီး နှစ်ဖက် အကျအဆုံးရှိသည့်အတွက် တိုက်ပွဲသတင်းများကို လုံခြုံသည့်အချိန်မှသာ ထုတ်ပြန်မည်ဖြစ်ကြောင်းလည်း အဆိုပါအဖွဲ့က ထုတ်ပြန်ထားသည်။

သြဂုတ်လ ၁၉ ရက် နေ့လယ် ၁၁ နာရီခွဲအချိန်တွင်လည်း ထီးချိုင့်ဘက်မှ အင်းတော်ဘက်သို့ တက်လာသော စစ်တပ်အင်အား ၆၀ ကျော်ကို KIAနှင့်ဒေသကာကွယ်ရေးပူးပေါင်းတပ်များမှ နှစ်ကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

အဆိုပါ တိုက်ပွဲနှစ်ကြိမ်တွင် စစ်ကောင်စီဘက်မှ စစ်သား ၇ ဦးခန့်သေဆုံးခဲ့သည်ဟု အင်းတော် Revolution အဖွဲ့ ကထုတ်ပြန်ထားသည်။


Lu Nge Khit

အင်းတော်-ကျောင်းကုန်း လမ်းပိုင်းအား အကန့်အသတ်မရှိ ယာယီပိတ်မည်ဟု Indaw Revolution အရေးပေါ် ထုတ်ပြန် အင်းတော်-ကျောင်းကုန်း လမ်းပိုင်းအား အကန့်အသတ်မရှိ ယာယီပိတ်မည်ဟု Indaw Revolution အရေးပေါ် ထုတ်ပြန် Reviewed by THITHTOOLWIN on 22:53 Rating: 5

No comments:

Powered by Blogger.