ကနီ ၊ ဩဂုတ် ၂၃ ၊ ၂၀၂၂ ။
စစ်ကိုင်းတိုင်း ကနီမြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သား ၇၀ ကျော်နဲ့ ကျောက်လုံးကြီး KLG တပ်မဟာတို့ သြဂုတ်လ ၂၃ရက် ဒီနေ့မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး သေဆုံးသွားတဲ့ စစ်ကောင်စီတပ်သားတွေကို သဲအိတ်တွေနဲ့ ချောင်းထဲမှာ မြှုပ်ထားခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့ မနက် ၈နာရီလောက်မှာ ဘုမ္မဇင်းရွာကနေ ချမ်းသာစုရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကျောက်လုံးကြီး KLG တပ်မဟာတို့ တိုက်ပွဲ ၂နာရီနီးပါး ထိတွေ့တိုက်ပွဲဖြစ်ခဲ့ကြတယ်လို့ KLG တပ်မဟာ တာဝန်ခံက ပြောပါတယ်။
" ၁၅ ကောင်နဲ့အထက်သေတယ်၊သေပြီးသားခွေးတွေကို ရေဆိပ်ကိုဆွဲပြီးသဲအိတ်တွေနဲ့ရေထဲကိုမြှုပ်ထားပစ်ခဲ့တယ်၊ချမ်းသာစုရေဆိပ်မှာမြှုပ်ထားခဲ့တာ" လို့ ပြောပါတယ်။
အဲ့ဒီစစ်ကြောင်းဟာ ကင်းရွာကို လေယာဥ်၄စီးနဲ့ လာချသွားတဲ့ စစ်သားတွေ ဖြစ်ပြီး ဒီကနေ့တိုက်ပွဲအပြီး စစ်ကိုင်းတိုင်း ယင်းရွာမှာ တပ်စွဲထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၇ရက် ကလည်း ကနီမြို့နယ်အတွင်းမှာ ကျောက်လုံးကြီး KLG တပ်မဟာ နဲ့ စစ်ကောင်စီတပ်သားတွေ ၃ ကြိမ်တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁၆ ဦးသေဆုံးခဲ့ပါသေးတယ်။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment